(အမေရိကန်တို့၏ နည်းပညာပြောင်းလဲတိုးတက်လာမှုနှင့် စစ်ဆင်ရေးမူဝါဒများစာအုပ်အားအခန်းဆက်ဖြင့်ဖော်ပြနေခြင်းဖြစ်ပါသည်။
မူကြမ်းဖြစ်ပြီး ပြန်လည်တည်းဖြတ်ရခြင်းမရှိသေးသဖြင့် စာလုံးပေါင်းနှင့်အခေါ်အဝေါ်များမှားယွင်းမှုရှိ
မည်ဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါသည်)
၁၉၅၀ ပြည့်လွန်နှစ်များကာလတွင် နျူကလီးယားနည်းဗျူဟာနှင့်ပတ်သက်၍ သီးခြားဘာသာရပ်ပေါ် ပေါက်လာခဲ့သည်။ တာဝန်ထမ်းဆောင်ဆဲ သို့မဟုတ် စစ်ဘက်အရာရှိဟောင်းများနှင့် ၄င်းတို့၏ ခေတ်ပြိုင် အရပ်ဘက်သုတေသီများသည် စစ်ပွဲများနှင့် ပတ်သက်၍ အပြိုင်အဆိုင်တွေးခေါ်ခဲ့ကြရာတွင် နျူကလီးယား လက်နက်များကို အသုံးချရေးဆိုင်ရာတို့တွင်လည်း ပြိုင်ဆိုင်မှုမြင့်မားလာခဲ့သည်။ ရလာဒ်အနေဖြင့် ၁၉၅၀ ပြည့်လွန်နှစ် များကာလတွင် Rand Corporation မှ သုတေသနပညာရှင်များသည် ပထမနှင့်ဒုတိယတိုက်ခိုက် ရေးအဖွဲ့များနှင့် တန်ပြန်တိုက်ခိုက်ရေးအဖွဲ့ဖွဲ့စည်းရေးတို့အတွက် အယူအဆပိုင်းဆိုင်ရာတို့ကို တွေးခေါ်ပေး ခဲ့ကြသည်။
၁၉၅၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် သမ္မတအိုက်ဆင်ဟောင်ဝါသည်NSC 162/2 ဟု အမည်ပေးထားသည့် အခြေခံအဆင့် အမျိုးသားလုံခြုံရေးမူဝါဒအား လက်မှတ်ရေးထိုးခဲ့သည်။ ၄င်းတွင် အမေရိကန်နိုင်ငံ၏လုံခြုံရေးအခြေအနေနှင့် စီးပွားရေးအခြေအနေတို့အပေါ်မူတည်၍ သင့်တော်သော လုံခြုံရေးမူဝါဒများကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖော်ပြခဲ့သလို တိုင်းပြည်၏အသုံးစရိတ် အား ချွေတာနိုင်ရန်အတွက် အမေရိကန်တပ်မတော်အနေဖြင့် အဖျက်စွမ်းအားကြီးမားသော နျူကလီးယား လက်နက်များကို တိုင်းပြည်ကာကွယ်ရေးအတွက် ပိုမိုအားထားသွားမည်ဖြစ်ကြောင်းလည်း
ဖော်ပြထားခဲ့သည်။ နိုင်ငံခြား ရေးဝန်ကြီJohn Faster Dulle က အမေရိကန်တို့အနေဖြင့် ရန်ဘက်နိုင်ငံများအား အဖျက်စွမ်းအား ကြီးမားစွာလက်တုံ့ပြန်တိုက်ခိုက်ရေးမူဝါဒဖြင့် တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အပြင် ကာကွယ် ရေးဝန်ကြီးဌာနကလည်း တပ်ဖွဲ့အသီးသီးတွင်
နျူကလီးယားလက်နက်များတပ်ဆင်ထားရန် တိုက်ရိုက်ညွှန်ကြား ခဲ့သည်။ ထို့အပြင် အစိုးရပိုင်းကလည်း နည်းဗျူဟာမြောက်နျူကလီးယားလက်နက်များကို တီထွင်အသုံးပြုရန် တွန်းအားပေးခဲ့သည်။
အိုက်စင်ဟောင်ဝါအစိုးရအဖွဲ့၏ New Look Defence ကာကွယ်ရေးမူဝါဒသစ်ကလည်း အဖျက်စွမ်း အားကြီးမားစွာဖြင့်တုံ့ပြန်တိုက်ခိုက်ရေးမဟာဗျူဟာကို ထပ်မံအားဖြည့်ထားခြင်းပင်ဖြစ်သည်။ ၄င်းNew Look Defence ကာကွယ်ရေးမူဝါဒသစ်ကြောင့် နျူကလီးယားလက်နက်များသည် စစ်ဆင်ရေးသဘောတရား များကို တော်လှန်ဆန်းသစ်စေခဲ့သည်။ အမေရိကန်တပ်မတော်၏ တပ်ဖွဲ့အသီးသီးသည်လည်း နျူကလီးယား လက်နက်များ အပြိုင်အဆိုင်တပ်ဆင်၍ တန်းညှိခဲ့ကြသလို တပ်ဖွဲ့များ၏အရွယ်အစားနှင့် ဖွဲ့စည်းပုံတို့ကိုလည်း အပြောင်း အလဲဖြစ်စေခဲ့သည်။
အိုက်စင်ဟောင်ဝါ၏ကာကွယ်ရေးအသုံးစရိတ်များ လျော့ချရေးအစီအစဉ်နှစ်ခု အရ အသုံးစရိတ်အား ၆၄ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်းအထိလျော့ချခဲ့သလို စစ်သည်အင်အားကိုလည်း ၃.၅ သန်းမှ ၂.၄၇ သန်းသို့ လျော့ချခဲ့သည်။ ထိုကဲ့သို့ရန်ပုံငွေဖြတ်တောက်မှုများကြောင့် အမေရိ ကန်တပ် မတော်၏ တပ်ဖွဲ့အသီးသီးအနေဖြင့် ကိုရီးယားစစ်ပွဲနောက်ပိုင်းကာလတွင် ရေးဆွဲခဲ့သည့်အစီအစဉ်များစွာကို ဖျက်သိမ်း ခဲ့ရပြီး ကြည်းတပ်၏ တပ်မ ၆ ခု၊ လေယာဉ်အုပ် ၁၅ ခု၊ ရေတပ်ဖွဲ့သုံး စစ်သင်္ဘောစီးရေ ၃၀၀ ကျော်တို့အား ၁၉၆၀ ပြည့်နှစ်တွင် ဖျက်သိမ်းခဲ့ရသည်။
အင်အားကြီးမားစွာဖြင့်တုံ့ပြန်တိုက်ခိုက်ရေးကာကွယ်ရေးမူဝါဒသစ်ကြောင့် SAC အဖွဲ့မှာလွန်စွာ ဦးစားပေးခံခဲ့ရသည်။ SAC အနေဖြင့်လည်း တိုက်လေယာဉ်သစ်များနှင့် လက်နက်စနစ်သစ်များတီထွင်ခဲ့ သလိုဆက်သွယ်ရေးကွန်ယက်စနစ်များကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့သည်။ အိုက်စင်ဟောင်ဝါ အစိုးရအဖွဲ့၏ ရန်ပုံငွေဖြတ်တောက်မှုများကြောင့် သမားရိုးကျမြေပြင်တပ်ဖွဲ့များ၏ အနေအထားအပေါ်အ ပြောင်းအလဲဖြစ်ပေါ်စေခဲ့ပြီး အမေရိကန်တို့အနေဖြင့် အနာဂတ်ကာလဒေသတွင်းစစ်ဆင်ရေးများတွင် လေတပ်နှင့်ရေတပ်တို့အပေါ်သာ ပိုမိုအားထားရမည့် အနေအထားသို့ရောက်ရှိစေခဲ့သည်။ အိုက်စင်ဟောင် ၀ါအနေဖြင့် လေကြောင်းစွမ်းအားကို အဓိကဟန့်တားတိုက်ခိုက်ရေးအင်အားစုတစ်ခုအဖြစ် ရှုမြင်ထားခဲ့သည်။ SAC၏ ဗုံးကြဲလေယာဉ်များနှင့် တိုက်ချင်းပစ်ဒုံးပျံများသည် အဖျက်စွမ်းအားကြီးမားစွာ တုံ့ပြန်တိုက်ခိုက်ရေး အတွက် အဓိကအင်အားစုများဖြစ်လာခဲ့သည်။
၁၉၅၃ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း သမ္မတထရူးမင်းအနားယူချိန်က လေတပ်ဖွဲ့၏အသုံးစရိတ်မှာ ကြည်းတပ်အသုံးစရိတ်ထက် အနည်းငယ်လျော့နည်းခဲ့သည်။ သို့သော် နောင်၂ နှစ်အတွင်း ကြည်းတပ်၏ အသုံးစရိတ်ထက် နှစ်ဆဖြစ်သော ကြည်းတပ်နှင့်ရေတပ်နှစ်ခုပေါင်း
အသုံးစရိတ်နီးပါး အထိရှိလာခဲ့သည်။ ၁၉၅၈ ခုနှစ်ဘဏ္ဍာရေးနှစ်တွင်
လေတပ်ဖွဲ့၏အသုံးစရိတ်သည် စုစုပေါင်းကာကွယ်ရေးအသုံးစရိတ်၏ ၄၈ ရာခိုင်နှုန်းကျော်၊ ရေတပ်နှင့်မရိမ်းတပ်ဖွဲ့တို့က ၂၉ ရာခိုင်နှုန်းနှင့် ကြည်းတပ်က ၂၁ ရာခိုင်နှုန်းအထိရှိခဲ့ကြ သည်။ ၁၉၅၀ ပြည့်နှစ်လွန်နှစ်များမှ စတင်၍နျူကလီးယားလက်နက်များသည် သမားရိုးကျလက်နက်များ အဖြစ် ရပ်တည်လာနိုင်ခဲ့ကြသည်။ နျူကလီးယားလက်နက်များသည် အမေရိကန်တပ်မတော်အတွက် စိန်ခေါ်မှုများနှင့် အခွင့်အရေးများကိုပါတစ်ပြိုင်တည်းရရှိခဲ့သည်။ တစ်ဖက်တွင် သမားရိုးကျတပ်ဖွဲ့များ၏ အစဉ်အလာများကို ခြိမ်းခြောက်ခဲ့သလို အခြားတစ်ဖက်တွင်နျူကလီးယားလက်နက်များ ဆန်းသစ်တိုးတက် လာခြင်းကြောင့် တိုက်ချင်းပစ်ဒုံးပျံများ၊ ခရုစ်ဒုံးပျံများ၊ အာကာသနှင့်လေကြောင်းရန်ကာကွယ်ရေးစသည့် နယ်ပယ်သစ်အသီးသီးတို့တွင် ပြိုင်ဆိုင်မှုအသစ်များကိုလည်း ပေါ်ပေါက်လာစေခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်-ရန်နိုင်)





No comments:
Post a Comment