စစ်ဘက်ဆိုင်ရာစာပေများမှ ကောင်းနိုးရာရာ ဆောင်းပါးများကို ဗဟုသုတအနေဖြင့် လေ့လာနိုင်ရန်ရည်ရွယ်ပါတယ်။
July 21, 2014
တင့်များ၏အနာဂတ် အဆုံးသတ်တော့မည်လော (အပိုင်း-၁)
စစ်ဘက်နှင့်အရပ်ဘက်မှ ကာကွယ်ရေးသုတေသီများသည် တင့်များစတင်အသုံးပြုခဲ့သည့် ပထမကမ္ဘာစစ် ကတည်းကပင် တင့်ကားများအသုံးပြုမှုသည် နိဂုံးချုပ်တော့မည် သို့မဟုတ် အခြေအနေအမျိုးမျိုးကြောင့် တင့်များအား အသုံးပြုရန် မသင့်လျော်တော့ဟု ချဲ့ကားပြောဆို၍ အမြဲလိုလိုငြင်းခုံခဲ့ကြပါသည်။ ယနေ့ထိတိုင်လည်း ဆက်လက် ငြင်းခုံလျက်ရှိကြသည်။
တင့်ကားများအသုံးပြုမှုနှင့်ပက်သက်၍ အချက်သုံးချက်ကိုအဓိကထား၍ အငြင်းပွားလျက်ရှိကြသည်။ ပထမ အချက်မှာ ထိရောက်မှုရှိသောတင့်ဖျက်လက်နက်များ ထွက်ပေါ်လာပြီ်ဖစ်၍တင့်များမှာ ခေတ်ဟောင်းသွားပြီဟု ဆိုခြင်း၊ ရုပ်ပိုင်းဆိုင်ရာအရ အထိခိုက်မခံနိုင်သော ပတ်ဝန်းကျင်ဒေသများတွင် တင့်များကို အသုံးမပြုနိုင်ဟုဆိုခြင်းနှင့် အနာဂတ်စစ်ဆင်ရေးပုံစံအချို့တွင် တင့်များသည် အသုံးမ၀င်နိုင်တော့ဟု ယူဆခြင်းတို့စ်ြသည်။ သို့သော် ယနေ့ တိုင်အောင် တပ်မတော်အများစုတွင် တင့်များကို အဓိကအားထားနေကြဆဲဖြစ်သည်။
မည့်သည့်အတွက်ကြောင့်ထိုကဲ့သို့ မေခွန်းများပေါ်လာရသနည်းဟု မေးစရာရှိလာပါသည်။ တကယ်တမ်းတွင် လက်ရှိတင့်များသည် သာမန်လက်နက်စနစ်တစ်ခုနှင့်မတူဘဲ အရွယ်ပမာဏကြီးမားခြင်း၊ ချိန်းတပ်ဆင်ထားခြင်း၊ ဆုံလည်တပ်ဆင်ထားခြင်း၊ အကြီးစားသံချပ်ကာတပ်ဆင်ထားခြင်းနှင့် အကြီးစားလက်နက်စနစ် တပ်ဆင်ထားခြင်း စသည့် ဂုဏ်သတ္တိများကို ပိုင်ဆိုင်ပြီး စစ်ဆင်ရေးသဘောတရားများကိုပင် လွှမ်းမိုးပြောင်းလဲနိုင်စွမ်းရှိနေသည်။ Colin Gray ဆိုသူကနိုင်ငံရေးပြဿနာတစ်ရပ်ကို အင်အားသုံးဖြေရှင်းပါက စစ်ပွဲသာဖြစ်လာဖွယ်ရှိနေကြောင်း မှတ်ချက်ပြုခဲ့ဖူးပါသည်။ တင့်များသည် မရှိမဖြစ်မဟုတ်ဟု မဆိုသာသည့်တိုင်အောင် ပေါင်းစပ်လက်ရုံးစစ်ဆင်ရေးသဘော တရားတွင် လှုပ်ရှားစစ်ကစားမှုနှင့် အကာအကွယ်ရှိသော ပစ်အားတို့ကို အခြေခံထားသည်ကို သတိချပ်ရမည်ဖြစ်သည်။
မျက်မှောက်ခေတ်တွင် အခြားသော စီးပွားရေး၊ နိုင်ငံရေး၊ သတင်းအချက်အလက်ဆိုင်ရာ ပဋိပက္ခနှင့်တိုက်ပွဲများ သည်လည်း သူ့ပုံစံနှင့်သူ ဘက်စုံစစ်ပွဲတစ်ခုအသွင် ဖြစ်ပေါ်နေကြသည်။ တိုက်ပွဲတစ်ခု၏ အစောပိုင်းရက်များကာလ အတွင်း လေ့လာမှုမှတ်တမ်းများအရ မြေပြင်တိုက်ပွဲများအတွက် အဓိကစွမ်းအား ၃ မျိုးရှိကြောင်းတွေ့ရသည်။ စစ်မြေပြင်အတွင်းအချက်အခြာမြေကို အမြန်ဆုံးရောက်ရှိသိမ်းပိုက်နိုင်ရန်အတွက် လှုပ်ရှားစစ်ကစားနိုင်စွမ်းရှိခြင်း၊ ရန်သူအား စိတ်ဓါတ်ကျဆင်းစေရန်နှင့် သတ်ဖြတ်ချေမှုန်းနိုင်ရန်အတွက် တုန်လှုပ်ခြောက်ခြားစေနိုင်စွမ်းရှိခြင်း သို့မ ဟုတ် ပစ်အားဖြင့်ဖိအားပေးအားပေးပစ်ခတ်နိုင်စွမ်း ရှိခြင်းနှင့် ရန်သူ၏ပစ်ခတ်မှုကိုတုံ့ပြန်ရန်အတွက် အကာအကွယ်ရှိခြင်းတို့ ဖြစ်သည်။
စစ်ဆင်ရေးသဘောတရားဆိုင်ရာ ပြောင်းလဲတိုးတက်မှုဖြစ်စဉ်များတွင်လည်း အဆိုပါစွမ်းအားများ အနက်မှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုမိုအသာရရှိအောင် ကြိုးပမ်းနေကြကြောင်း ထင်ရှားစွာမြင်ရမည်ဖြစ်သည်။ အချိန်ကြာ လာသည်နှင့်အမျှ၎င်းင်းစွမ်းအား ၃ မျိုးသည်သီးခြားစီဖြင့်ပိုမိုအရေးပါလာခဲ့ပြီး စစ်ဆင်ရေးသဘောတရား၊ နည်းပညာ၊ လေ့ကျင့်ရေးနှင့်ခေါင်းဆောင်မှုတို့ဖြင့် ပြန်လည် ဟန်ချက်ညီအောင် ထိန်းညှိခြင်း သို့မဟုတ် အချက်တစ်ခုကိုရယူ၍ အခြားအချက်များကို လွှမ်းမိုးအောင် ကြိုးပမ်းခြင်းတို့ကို ဆောင်ရွက်လာကြပါသည်။
တင့်များသည် ပထမကမ္ဘာစစ်ကာလဥရောပရှေ့တန်းစစ်မျက်နှာတွင်အသုံးပြုရန်အတွက် လှုပ်ရှားစစ်ကစား နိုင်စွမ်း(အတွင်းလောင်အင်ဂျင်နှင့်ချိန်းများ)၊ ပစ်အား(စက်သေနတ်နှင့်စက်အမြောက်များ)နှင့် အကာအကွယ် (သံချပ်ကာ)တို့ကို ပေါင်းစပ်၍ တီထွင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကတင့်များမှာ ထင်သလောက် အရေးမပါခဲ့သည့်တိုင် အဆိုပါအချက်သုံးချက်အားပေါင်းစပ်ထားသည့် တစ်ခုတည်းသော လက်နက်ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ကာလတွင်မူ စွမ်းဆောင်ရည်ပြည့်ဝအောင် ပြန်လည်မွမ်းမံခဲ့ပြီး စစ်ဆင်ရေးအတွင်း အဓိကလက်နက်အဖြစ်လည်း အရေးပါလာခဲ့သည်။
သမိုင်းစဉ်တစ်လျှောက်ပြန်လည်လေ့လာကြည့်ပါကလည်း အထက်တွင်ဖော်ပြထားသည့်အတိုင်း တင့်များ သည် ခေတ်လွန်နေပြီဟူ၍ဝေန်ေမှုဒဏ်ကို မကြာခဏခံခဲ့ရသည်။ တင့်များသုံးစွဲရန် အကန့်အသတ်ရှိသော မြေမျက် နှာပြင်များတွင် သစ်တော၊ တောအုပ်နှင့် မြို့ပြအခြေအနေတို့ ပါဝင်ကြသည်။ ထိုအခြေအနေများတွင် တင့်များ သည်ပြန့်ကျဲသွားနိုင်ပြီး ၄င်းထက်လှုပ်ရှားမှုပိုမိုကောင်းမွန်သည့် အပေါ့စားခြေလျင်တင်တိုက်ယာဉ်များကသာ သောင်း ကျန်းသူနှင့် အကြမ်းက်သမားများအကြားတွင် စစ်ကစားမှုပြုလုပ်နိုင်မည်ဖြစ်သည်။ တင့်များကိုချေမှုန်းနိုင်သည့် လက်နက်များမှာ နျူကလီးယားလက်နက်၊ လေကြောင်းသုံးခဲယမ်းများနှင့် တာဝေးမှထိရောက်စွာပစ်ခတ်နိုင်သော တင့်ျက်ဒုံးမျာြး်ဖစ်ကြသည်။
ကမ္ဘာပေါ်ရှိတပ်မတော်များအကြားတွင် တင့်များမှာဆက်လက်ရှင်သန်ဆဲဖြစ်ပြီး လတ်တလောကာလ တွင်လည်း ၄င်းအားစိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာကာ ၄င်း၏ဘက်စုံအသုံးပြုနိုင်စွမ်းမှာလည်း ကျယ်ပြန့်လာ ခဲ့သည်။ သမားရိုးကျဆုံလည်တပ် အကြီးစားသံချပ်ကာသုံး ချိန်းတပ်ယာဉ်များ ပုံစံမဟုတ်လျှင်ပင် လှုပ်ရှားစစ် ကစားနိုင်မှု၊ ပစ်အားနှင့်အကာအကွယ်ကို မည့်သည့်နည်းဖြင့် ပေါင်းစပ်အသုံးပြုမည်ဆိုသည်မှာ အငြင်းပွားဖွယ်ြးစ်နေပါသည်။ ၎င်းင်းမှာ တင့်များလုံးဝအဆုံးမသတ်သေးသည့် အချက်စ်ြသည်။
ထို့အပြင် ပေါင်းစပ်လက်ရုံးတပ်ဖွဲ့များ အတွက် တင့်များကို လှုပ်ရှားစစ်ကစားနိုင်မှုနှင့် အကာအကွယ်ရှိသော ပစ်အားဟူသော အချက်ကိုထည်းသွင်းစဉ်းစား တည်ဆောက်မည်လား၊ သမားရိုးကျတင့်တစ်စီးကိုပင် အဆင့်မြှင့်တင်မှုပြုလုပ်မည်လားဆိုသည်ကိုလည်း အငြင်း ပွားလျက်ရှိကြသည်။ တင့်များကျဆုံးမည်ဆိုပါက အကြောင်းနှစ်ချက်ကြောင့်ဖြစ်နိုင်ပါသည်။ ပထမအချက်မှာ တင့်များ အပေါ် ယုံကြည်မှုလျော့နည်းလာခြင်းဖြစ်ပြီး ဒုတိယအချက်မှာ အကာအကွယ်ရှိသော ပစ်အားနှင့် စစ်ကစားနိုင်စွမ်းကို အဓိကအားထားသည့်ပေါင်းစပ်လက်ရုံးတပ်ွဖွဲ့၏ အစိတ်အပိုင်းတစ်ရပ်အ်ြဖစ်မှဖယ်ထုတ်ခံရခြင်းတို့ြ ဖစ်သည်။
တင့်တပ်ဖွဲ့တစ်ခု၏ အရေးပါမှုကျဆင်းခဲ့ရသည်မှာ ၁၉၇၃ ခုနှစ် အာရပ်-အစ္စရေးစစ်ပွဲမှ စတင်ခဲ့ဖွယ်ရာ ရှိပါသည်။ ၁၉၆၇ ခုနှစ်အတွင်း အောင်မြင်မှုများရရှိခဲ့သော အစ္စရေးတပ်မတော်သည် လေကြောင်း နှင့်သံချပ်ကာ တပ်ဖွဲ့ကိုသာ အဓိကအားထားခဲ့ကြပါသည်။ ၁၉၇၃ ခုနှစ်တွင်မူ အနုတ်လက္ခဏာဆောင်သည့် အကျိုးရလဒ်နှစ်ခု ရရှိခဲ့သည်။ ပထမအချက်မှာ ပေါင်းစပ်လက်ရုံးတပ်ဖွဲ့ဖြင့်စစ်ဆင်ရမည့်အစား အဓိကစွမ်းအားစုနှစ်ခုဖြစ်သည့် လေကြောင်းနှင့်တင့်များကိုအသုံးပြုရန်သာ အလေးထားခဲ့သဖြင့်ရန်သူများက အလွယ်တကူ တန်ပြန်တိုက်စစ်ဆင်နိုင် ခဲ့သည်။ အာရပ်တို့သည် ၄င်းစွမ်းအားနှစ်ရပ်စလုံးကိုနှိမ်နင်းနိုင်ရန်အတွက် နည်းပညာနှင့် စစ်ဆင်ရေးသဘော တရား များကို ဖော်ထုတ်နိုင်ခဲ့ကြပါသည်။
ဒုတိယအချက်မှာ အစ္စရေးတို့က အဆိုပါစွမ်းအားနှစ်ရပ်ကိုသာ အာရုံစိုက်ခဲ့သဖြင့် ၎င်းင်းစွမ်းအားများ ပျက်ပြယ်သွားချိန်တွင် ကြုံတွေ့ရသော နောက်ဆက်တွဲပြဿနာများကို မဖြေရှင်းနိုင်ခဲ့ပေ။ ရလဒ်မှာ အစ္စရေးတို့အတွက် ကပ်ဆိုက်လုနီးပါးစ်ြခဲ့ပြီး ၄င်းမှာ ပေါင်းစပ်လက်ရုံးတပ်ဖွဲ့ကို အသုံးပြုရန် လျစ်လျူရှုခဲ့သော ကြောင့်ဖြစ်ပါသည်။
၁၉၇၃ ခုနှစ် စစ်ပွဲအပြီးတွင် တင့်ဖျက်ပဲ့ထိန်းဒုံးများက တင့်ကားများအသုံးပြုမှုကို နိဂုံးချုပ်ခဲ့ပြီဟု လွဲမှားစွာ ကောက်ချက်စွဲခဲ့ကြပါတော့သည်။ ၁၉၇၄ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့ထုတ် ““ The New York Time”” သတင်းစာပါ ဆောင်းပါးတစ်ပုဒ်တွင် ခေတ်သစ်တင့်ျက်ပဲ့ထိန်းဒုံးများတပ်ဆင်ထားသည့် ခြေလျင်တပ်ဖွဲ့များက သံချပ်ကာ တိုက်ယာဉ်များကို ရင်ဆိုင်ချေမှုန်းနိုင်ပြီဖြစ်ကြာင်း၊ တင့်များအား အဆိုပါ ခြေလျင်တပ်ဖွဲ့များဖြင့် တိုက်ခိုက်နိုင် သကဲ့သို့ပင် မြေပြင်မှဝေဟင်ပစ်ဒုံးများသည်လည်း စစ်ပွဲအတွင်း ဒုတိယနေရာမှအရေးပါလာကြောင်း၊ ၁၉၄၀ ပြည့်နှစ် ကတည်းက စစ်မြေပြင်တွင် မင်းမူခဲ့သော တင့်နှင့်ဗုံးကြဲတိုက်လေယာဉ်များမှာ အဆိုပါ နည်းဗျူဟာတိုက်ခိုက်ရေး စနစ်များကြောင့် မှေးမှိန်သွားခဲ့ရကြောင်း ဖော်ပြခဲ့ပါသည်။ လက်တွေ့တွင်လည်း ၁၉၇၃ တွင်Sagger တင့်ဖျက်ပဲ့ထိန်း ဒုံးကြောင့် တင့်တချို့ပျက်စီးခဲ့ရသည်။ ထိုအချက်က စိတ်ဓါတ်ရေးရာတုန်လှုပ်ခြောက်ခြားမှု ဖြစ်စေခဲ့ပြီး ပေါင်းစပ် လက်ရုံးတပ်ဖွဲ့များဖွဲ့စည်းရန် အားနည်းခဲ့သော အစ္စရေးတပ်မတော်အား အကြီးအကျယ်သက်ရောက်မှု ဖြစ်ခဲ့သည်။ ထိုသို့ တင့်များဆုံးရှုံးခဲ့ခြင်းက အစ္စရေးတပ်မတော်အား စစ်ဆင်ရေးများအတွင်း ပေါင်းစပ်လက်ရုံးတပ်ဖွဲ့များကို ပြန်လည်အသုံးပြုရန် သဘောပေါက်စေခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်-ရန်နိုင်)
(CAVALRY & ARMOR 2012 Nov/Dec)
Subscribe to:
Post Comments (Atom)




No comments:
Post a Comment