July 10, 2014

အီရတ်နှင့် အာဖဂန်နစ္စတန်တို့၏ တပ်မတော်တည်ဆောက်ရေး အခြေအနေများ

စွမ်းဆောင်ရည်ထက်မြက်သော တပ်မတော်တစ်ရပ်အား တည်ဆောက်ရသည်မှာ လွယ်ကူသော အလုပ် တစ်ခုတော့မဟုတ်ပေ။ အထူးသဖြင့် အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူတို့၏ တပ်ဖွဲ့များနှင့် စဉ်ဆက်မပြတ် တိုက်ခိုက်နေရသော ၀ရုန်းသုန်းကားနိုင်သောအခြေအနေအတွင်း အကွဲကွဲအပြားပြားဖြစ်နေသည့် တပ်ဖွဲ့များအား တပ်မတော်တစ်ခုတည်းအဖြစ်သို့ ပြန်လည်စုစည်းတည်ဆောက်ရသည်မှာ ပို၍ခက်ခဲလှပါသည်။ အမေရိကန်နှင့်NATO တပ်ဖွဲ့တို့သည်လည်း အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံနှစ်ခုစလုံးတွင် ၎င်းင်းပြဿနာများနှင့် ရင်ဆိုင်နေရပြီး နှစ်အတော် ကြာကြိုးပမ်းခဲ့ပြီးဖြစ်သော်လည်း သတ်မှတ်ထားခဲ့သော အချိန်ကာလအတွင်း အဆိုပါနိုင်ငံများမှ အောင်မြင်စွာပြန်လည် ထွက်ခွာနိုင်ရန်မှာ စိန်ခေါ်မှုတစ်ခုဖြစ်နေပါသည်။

အာဖဂန်နစ္စတန်နှင့် အီရတ်နှစ်နိုင်ငံစလုံးတွင် ကိုယ်ပိုင်တပ်မတော်များ ဖွဲ့စည်းထားခဲ့သော်လည်း ၎င်းတို့အား ကျူးးကျော်ခံခဲ့ရပြီးနောက် တပ်မတော်အား ပြန်လည်ဖွဲ့စည်းတည်ဆောက်နေရကာ နှစ်နိုင်ငံတပ်မတော်များအကြား တိုးတက်မှုအခြေအနေ၊ လက်နက်များတပ်ဆင်မှုနှင့် စစ်ဆင်ရေးမူဝါဒများမှာလည်း ကွဲပြားလျက်ရှိပါသည်။ အဆိုပါ တပ်မတော်နှစ်ရပ်စလုံးသည် ယခုမှ အခြေပြန်တည်စနိုင်ငံတော်အား ကိုယ်တိုင်ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ဒေသတွင်းပတ်ဝန်းကျင်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှုအား ကာကွယ်နိုင်သောအဆင့်အထိ ပြန်လည်ဖွဲ့စည်း၍ လက်နက်တပ်ဆင်ပေးရန်မှာ အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်နေဆဲဖြစ်ပါသည်။

အဆိုပါနိုင်ငံများ၏ တပ်တည်ဆောက်ရေးတွင် နိုင်ငံရေးအရ လွှမ်းမိုးမှုများရှိလာသည်ကိုလည်း တွေ့ရှိရပါ သည်။ အီရတ်နိုင်ငံသည် ၎င်းင်းတို့၏တပ်မတော်အား ယခင်ကနိုင်ငံရေးအရ ပိုမိုနီးစပ်ခဲ့သည့် ၀ါသောအုပ်စုမှ ရောင်းချ ပေးခဲ့သော လက်နက်များကို တပ်ဆင်ခဲ့သော်လည်း လက်ရှိအချိန်တွင် အနောက်အုပ်စုလုပ်လက်နက်စနစ်များနှင့် အစားထိုး၍ စစ်ဆင်ရေးမူဝါဒများကိုလည်း ပြောင်းလဲလျှက်ရှိပါသည်။




၂၀၀၁ ခုနှစ်တွင် တာလီဘန်အစိုးရနှင့် ၂၀၀၃ ခုနှစ်တွင် ဆက်ဒမ်ဟူစိန်အစိုးရတို့ ပြုတ်ကျခဲ့သလို မဟာမိတ် တပ်ဖွဲ့များသည်လည်း ယင်းနိုင်ငံများတွင် သောင်းကျန်းသူများနှင့် တစ်အုံနွေးနွေးရင်ဆိုင်ခဲ့ရပါသည်။ လက်ရှိအချိန်၌ ၎င်းင်းစစ်မြေပြင်နှစ်ခုစလုံးတွင် ပြည်သူ့ဗဟိုပြုတန်ပြန်သောင်းကျန်းသူချေမှုန်းရေးနည်းဗျူဟာအား အသုံးပြုလျက်ရှိပြီး နိုင်ငံတကာတပ်ဖွဲ့များအနေဖြင့် ဒေသခံပြည်သူလူထုအား အကာအကွယ်ပေးနေရသလို ပြည်တွင်းအစိုးရအတွက် အခြေခံအဆောက်အဦများနှင့် လုံခြုံရေးတပ်ဖွဲ့များကိုလည်း တည်ဆောက်ဖွဲ့စည်းပေးနေရပါသည်။

ဘဂ္ဂဒက်နှင့် အနာဂတ်အလားအလာ

လက်ရှိအချိန်တွင် အီရတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ၂၀၀၈ ခုနှစ်က သဘောတူညီခဲ့ကြ သည့်အတိုင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း အီရတ်လုံခြုံရေးတပ်ဖွဲ့များ (ှSecurity Forces)အား ၎င်းင်းတို့နိုင်ငံ၏ လုံခြုံရေးတာဝန်အား လွှဲပြောင်းပေးနိုင်ခဲ့ပြီဖြစ်သည်။ အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့များအနေဖြင့် ၂၀၀၃ ခုနှစ်မှ စတင်၍အီရတ်တပ်မတော်သစ်အား တည်ဆောက်ပေးခဲ့ပြီး အီရတ်နိုင်ငံလုံခြုံရေးအတွက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အထိ တာဝန်ယူပေးခဲ့သည်။

စာရင်းများအရ အီရတ်လုံခြုံရေးတပ်ဖွဲ့များတွင် အီရတ်တပ်မတော်နှင့် ရဲတပ်ဖွဲ့နှစ်ခုအပါအ၀င် စုစုပေါင်း အင်အား ၆၅၀၀၀၀ ကျော်ရှိကြောင်း သိရသည်။ အမေရိကန်တပ်ဖွဲ့များ အီရတ်မှဆုတ်ခွာခဲ့ပြီဖြစ်သော်လည်း အီရတ် လုံခြုံရေးတပ်ဖွဲ့များအား အမေရိကန်မှဦးဆောင်၍ လေ့ကျင့်မှုများကို ဆက်လက်ပြုလုပ်သွားပေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားအစိုးရအဖွဲ့၏ ပြောကြားချက်အရသိရသည်။



အီရတ်မှ အမေရိကန်တို့ စတင်ဆုတ်ခွာခဲ့သည်နှင့် အမေရိကန်နှင့် အီရတ်တို့မှ စစ်ဘက်အရာရှိကြီးများက အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းင်းတို့နိုင်ငံ၏ ဝေဟင်နှင့် နယ်နမိတ်အား ကာကွယ်နိုင်စွမ်းအပေါ် စိုးရိမ်မိကြောင်း မှတ်ချက်ပြုပြောကြားခဲ့ကြသည်။ အီရတ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးBabaker Zebari က သူ၏ တပ်ဖွဲ့များအနေဖြင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလအထိတိုင်အောင် ပြည်ပရန်များအား မိမိတို့တစ်ဦးတည်း ကာကွယ်နိုင်စွမ်းရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟောင်း ရောဘတ်ဂိတ်ကလည်း အီရတ်တပ်မတော်အနေဖြင့် လေကြောင်းစွမ်းအားအပြင် အုပ်ချုပ်ထောက်ပံ့မှုနှင့် သတင်း ထောက်လှမ်းရေးစနစ်တွင် အားနည်းနေသဖြင့် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ အမေရိကန်တပ်ဖွဲ့ဝင်များသည် လေ့ကျင့်ရေးနည်းပြများနှင့် လုံခြုံရေးကန်ထရိုက်တာများ (ကြေးစားစစ်သည်များ) များအဖြစ် နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSC)တွင် အရေအတွက် အကန့်အသတ်ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသည်။ စုစုပေါင်း လုံခြုံရေးကန်ထရိုက်တာ ၁၀၀၀ ကျော်နှင့် အမေရိ ကန်တပ်မတော်မှ လေ့ကျင့်ရေးနည်းပြ ၁၄၇ ဦးကျော်ရှိပါသည်။

နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSC)သည် ဘဂ္ဂဒက်အခြေစိုက် အမေရိကန်သံရုံး၏ အုပ်ချုပ်မှုအောက်တွင်ထားရှိပြီး လေ့ကျင့်ရေးသင်တန်းကျောင်း ၁၀ ခုတွင် နည်းပြများအဖြစ် ဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့အပြင် ဆိုင်းငံ့ထားသော အမေရိကန်ဒေါ်လာ ၉ဘီလီယံကျော်တန်ဖိုးရှိ အမေရိကန်နိုင်ငံမှ ပြည်ပနိုင်ငံသို့ လက်နက်ရောင်းချပေးရေးအစီအစဉ်အရ ၀ယ်ယူခွင့်ရရှိခဲ့သည့် လက်နက်ဝယ်ယူရေးစာချုပ် ၃၇၀ ခုကိုလည်း စိစစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သော အမေရိကန်ကွန်ဂရက်လွှတ်တော် အစီရင်ခံစာအရ သိရပါသည်။

လုံခြုံရေးကန်ထရိုက်တာများနှင့် သံတမန်များအပါအ၀င် အမေရိကန်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၆၀၀၀နီးပါး ဆုတ်ခွာခဲ့သည့်တိုင် အီရတ်နိုင်ငံအတွင်းကျန်ရှိနေသေးသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ အာဏာပိုင်များက အီရတ်နိုင်ငံအား အမေရိကန်တို့မှ ဆက်လက်လွှမ်းမိုးနိုင်ရန် ကူညီနေကြဦးမည် ဖြစ်ပါသည်။ သို့မဟုတ်သည့်တိုင် အီရတ်သို့စစ်လက်နက်ပစ္စည်းများရောင်းချပေးခြင်းနှင့် စစ်ဘက်ဆိုင်ရာလေကျင့်ရေးအစီအစဉ် များသည်လည်း အီရတ်တို့အပေါ် ဆက်လက်လွှမ်းမိုးရေး အစီအစဉ်အချို့ပင်ဖြစ်ပါသည်။

လက်ရှိအချိန်ထိ အမေရိကန်မှ အီရတ်သို့ အကြီးမားဆုံး စစ်လက်နက်ပစ္စည်းရောင်းချပေးမှုအနေဖြင့်Lockheed Martin ကုမ္ပဏီလုပ်F16 တိုက်လေယာဉ် ၁၈ စီးအား လေ့ကျင်ရေးစနစ်များနှင့်အတူ ရောင်းချပေး ခဲ့ပါသည်။ အဆိုပါ တိုက်လေယာဉ်များဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ ၃ဘီလီယံတန်ဖိုးရှိ ကန်ထရိုက် စာချုပ်အား ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ချုပ်ဆိုခဲ့ပါသည်။ အီရတ်တို့အနေဖြင့် နောက်ထပ်F16 တိုက်လေယာဉ် ၁၈ စီးကိုလည်း အရစ်ကျစနစ်ဖြင့် ၀ယ်ယူခွင့်ရရှိရန် တောင်းဆိုလျက်ရှိကြောင်း သိရသည်။

အင်အား ၃၅၀၀ ရှိသော အီရတ်လေတပ်ဖွဲ့တွင် အဓိအားဖြင့် သယ်ယူပို့ဆောင်ရေးလေယာဉ်၊ ကင်းထောက် လေယာဉ်နှင့် အပေါ့စားတိုက်လေယာဉ်များးတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ထို့အပြင် ယခုပြည်ပသို့ တင်ပို့ရောင်းချပေး သည့် အမျိုးအစားဖြစ်သောBlock 52 F16 တိုက်လေယာဉ်များက အီရတ်ဝေဟင်ပိုင်နက်အား အကာအကွယ် ပေးနိုင်ပြီး ဒေသတွင်းခြိမ်းခြောက်မှုများကိုလည်း ကြားဖြတ်ဟန့်တာခြင်းနှင့် တန်ပြန်တိုက်ခိုက်မှုများကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ပင်တာဂွန်စစ်ဌာနချုပ်မှ ပြောကြားခဲ့ပါသည်။ ၎င်းင်းတိုက်လေယာဉ်များအား စီမော်ဒယ်နှင့် ဒီမော်ဒယ်များ အဖြစ် ထုတ်ပေးသွားမည်ဖြစ်ပြီး အီရတ်တို့အနေဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါF 16 တိုက်လေယာဉ်ဝယ်ယူရေးနှင့် ပတ်သက်၍လည်း အချိန်ကြန့်ကြာမှုများဖြစ်ခဲ့ရကြောင်း သိရသည်။ အီရတ်တို့အနေဖြင့်F 16 တိုက်လေယာဉ် ၃၆ စီးအား ရောင်းချပေးရန် ၂၀၀၈ ခုနှစ်က တောင်းဆိုခဲ့ခြင်းဖြစ်သော်လည်း ၁၈ စီးသာ ရောင်းချပေးရန် ၂၀၁၀ ပြည့်နှစ်တွင် သဘောတူခဲ့ခြင်းဖြစ်ပါသည်။
အီရတ်တို့သည် IA-407 ကင်းထောက်ရဟတ်များနှင့်I-6A Texan II လေ့ကျင့်ရေးတိုက်လေယာဉ်များကို ၀ယ်ယူခဲ့ပြီး ချက်ပြည်သူ့သမ္မတနိုင်ငံမှလည်း Aero Vodochody L 159 လေ့ကျင့်ရေးနှင့် အပေါ့စားတိုက်လေယာဉ် များ ၀ယ်ယူရန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အီရတ်ကြည်းတပ်သည် မဟာမိတ်တို့၏ လေကြောင်းတပ်ဖွဲ့နှင့် မြေပြင်တပ်ဖွဲ့များကြောင့် အစိတ်စိတ်အမွှာ မွှာပြိုကွဲခဲ့ရပါသည်။ ၎င်းတို့၏ သံချပ်ကာတပ်ဖွဲ့များမှာလည်း နှစ်ပေါင်းများစွာစီးပွားရေးပိတ်ဆို့မှုဒဏ်များကြောင့် အဆင့်အတန်းမမီပဲ ယိုင်နဲ့နဲ့အနေအထားတွင်သာ ရှိခဲ့ပါသည်။ အီရတ်အစိုးရပြုတ်ကျပြီးနောက် အလှူရှင်နိုင်ငံများက သံချပ်ကာတိုက်ယာဉ်ဟောင်းများကို စုစည်းပေးပို့ခဲ့ပြီး ၎င်းင်းတို့တွင် BMP-3 ၊ T -72 နှင့်M 113 တိုက်ယာဉ်အမျိုး အစားများ ပါဝင်ခဲ့ပါသည်။ သို့သော် ၎င်းင်းတိုက်ယာဉ်များမှာ ကြားကာလတစ်ခုအထိသာ သုံးစွဲနိုင်တော့မည်ဖြစ်ပြီး လှုပ်ရှားမှုနှင့် ပစ်အားပိုင်းမှာလည်း သင့်တင့်ရုံသာ ရှိပါတော့သည်။ အီရတ်ကြည်းတပ်သည် မိုင်းဒဏ်ခံသံချပ်ကာ တိုက်ယာဉ်များကိုလည်း စုစည်းအသုံးပြုခဲ့ပြီး လက်ရှိအချိန်တွင် ၎င်းင်းတို့၏ သံချပ်ကာတိုက်ယာဉ်များအား အစားထိုး နိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၀ ပြည့်နှစ်တွင် အီရတ်ကြည်းတပ်သည် အမေရိကန်တို့ထံမှM1A1SA တင့်အဖြစ်သို့ အဆင့်မြှင့်တင် ထားသော Abram ပင်မတိုက်ပွဲဝင်တင့် ၁၄၀စီးအား လက်ခံရရှိခဲ့ပါသည်။ ၎င်းင်းတင့်များသည် အီရတ်ကြည်းတပ်သုံးT-72 M1 ပင်မတိုက်ပွဲဝင်တင့်များထက် လှုပ်ရှားမှု၊ ပစ်အားနှင့် အကာအကွယ်ပိုင်းတွင် သိသိသာသာ အဆင့်မြင့် မားပါသည်။ အီရတ်တို့၏ M1A1 SA Abrams တင့်အား သဲကန္တာရအတွင်း စစ်ဆင်ရေးများအတွက် ရည်ရွယ်အဆင့် မြှင့်တင်ပေးထားခြင်းဖြစ်ပြီး ၎င်းင်းဒေသတွင်း စစ်ဆင်ရေးအတွေ့အကြုံများအရ လက်နက်စနစ်အသစ်နှင့် လေစစ်စနစ် သစ်တို့ကိုလည်း တပ်ဆင်ပေးထားပါသည်။ အီရတ်ကြည်းတပ်၏ အမှတ်(၉)သံချပ်ကာတပ်မက အဆိုပါတင့်များ အား လက်ခံခဲ့ပြီး စစ်သည်များကိုလည်း M1A1 တင့်ကိုင်တွယ်ထိန်းသိမ်းမှုသင်တန်းဖွင့်လှစ်၍ တာဝန်ယူလေ့ကျင့် ပေးခဲ့သည်။

အမြောက်တပ်ဖွဲ့အားBAE Systems ကုမ္ပဏီလုပ် ၁၅၅ မမM109 ယာဉ်တင်ဟောင်ဝစ်ဇာနှင့် ၁၅၅မမM198 ယာဉ်တွဲ အမြောက်များနှင့်အတူ ဆက်ဒမ်ဟူစိန်ခေတ်ကျန် အမြောက်စနစ်အနည်းငယ်နှင့် ဆိုဗီယက်ခေတ် လုပ်စိန်ပြောင်းစနစ်တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းပေးခဲ့သည်။

အီရတ်တို့သည်M113 A2 သံချပ်ကာလူသယ်ယာဉ် ၁၀၂၆စီးကိုလည်း အမေရိကန်တို့၏ ပြည်ပသို့ လက်နက် ရောင်းချရေးအစီအစဉ်မှတစ်ဆင့် မှာယူထားကြောင်း သိရသည်။ ၎င်းင်းတို့အား တိုက်ယာဉ်ဟောင်းများ၏နေရာတွင် အစားထိုးသွားမည်ဖြစ်ပါသည်။ အီရတ်တို့သည် M113 တိုက်ယာဉ်ကိုပင် အခြေခံ၍ ပါကစ္စတန်နိုင်ငံHeavy Industry Taxila ကုမ္ပဏီမှ ထုတ်လုပ်ထားသောTalha ကုန်း/ရေနှစ်သွယ်သွား သံချပ်ကာလူသယ်ယာဉ်များကိုလည်း ၀ယ်ယူခဲ့ပါသည်။ ထို့အပြင် ယူကရိန်းနိုင်ငံMalyshev ကုမ္ပဏီလုပ်BTR-4 သံချပ်ကာလူသယ်ယာဉ် ၄၂၀ စီးအား မှာယူခဲ့ပြီး ပထမဆုံးအသုတ်တိုက်ယာဉ် ၂၆စီးအား ၂၀၁၁ ခုနှစ် အေပြီလတွင် လက်ခံရရှိခဲ့ပြီးဖြစ်သည်။

အပေါ့စားခြေလျင်တပ်ဖွဲ့များအား လုံခြုံစွာလှုပ်ရှားနိုင်ရန်အတွက်Force Protection ကုမ္ပဏီသည် Conguarတိုက်ယာဉ်အား အခြေခံ၍ ၄x၄ အမျိုးအစား အီရတ်အပေါ့စားသံချပ်ကာတိုက်ယာဉ်( ILAV)စီးရေ ၄၀၀ကျော်ကိုလည်း တည်ဆောက်ပေးလျှက်ရှိပါသည်။ ပထမဆုံးအသုတ်ILAVတိုက်ယာဉ် ၃၇၈ စီးအား ၂၀၀၉ ခုနှစ်တွင် မှာယူခဲ့ခြင်း ဖြစ်ပြီး စီးရေ ၁၀၀၀အထိ ထုတ်လုပ်နိုင်ရန်လည်း မျှော်မှန်းထားကြောင်း သိရသည်။

ILAV တိုက်ယာဉ်သည် မထင်မရှားဖြစ်သော်လည်း အီရတ်နိုင်ငံအတွင်း လူကြိုက်များသော တိုက်ယာဉ် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းင်းတိုက်ယာဉ်အား တန်ပြန်သောင်းကျန်းသူချေမှုန်းရေးအတွက် လက်လုပ်ဗုံး( IED) ဒဏ်ခံ အထူးတိုက်ယာဉ်အဖြစ် တီထွင်ထားခြင်းဖြစ်ပြီး အီရတ်ကဲ့သို့ နိုင်ငံများတွင် Abrams တင့်များထက်ပင် ပိုမိုလိုအပ်ပါသည်။ (မှတ်ချက်။ သောင်းကျန်းသူချေမှုန်းရေးစစ်ဆင်ရေးများတွင် ပင်မတိုက်ပွဲဝင်တင့်များထက် ဘီးတပ် သံချပ်ကာတိုက်ယာဉ်များကသာ ပိုမိုအသုံးဝင်ပါသည်။) အီရတ်တို့သည် ပိုလန်နိုင်ငံလုပ် AMZ Dzik 3 တိုက်ယာဉ်စီး ရေ ၆၀၀၊ တူရကီ Otokar ကုမ္ပဏီလုပ်Cobra တိုက်ယာဉ်စီးရေ အနည်းငယ်Textron ကုမ္ပဏီလုပ် သံချပ်ကာ လုံခြုံရေးယာဉ်နှင့် ဟန်းဗွီးတိုက်ယာဉ်စီးရေ ၁၂၀၀၀ ကျော်အပါအ၀င် ၄x၄ အမျိုးအစား သံချပ်ကာတိုက်ယာဉ်များစွာ ကိုလည်း ၀ယ်ယူခဲ့ပါသည်။

ထို့အပြင် အီရတ်တို့သည်General Dynamics ကုမ္ပဏီလုပ်LAV သံချပ်ကာတိုက်ယာဉ် စီးရေ ၄၀၀နီးပါး ၀ယ်ယူရန်လည်း စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ ၎င်းင်းတို့တွင် ၂၅မမM242 စက်အမြောက်တပ် တိုက်ယာဉ် အမျိုးအစား၊ ကွပ်ကဲမှုယာဉ်အမျိုးအစား၊ လူနာတင်ယာဉ်အမျိုးအစားနှင့် ဆယ်တင်ရေးယာဉ်အမျိုးအစားများလည်း ပါဝင်ကြောင်း သိရသည်။

အီရတ်တို့၏ ခက်ခဲကြမ်းတမ်းလှသော တပ်မတော်တည်ဆောက်ရေးနှင့် ရှီဟိုက်၊ ဆွန်နီနှင့် ကာ့ဒ်လူမျိုးစု တို့အကြားအား တာဝန်ခွဲဝေပေးနိုင်ရေး ဆောင်ရွက်ပေးနေစဉ်မှာပင် အမေရိကန်အရာရှိကြီးများက အထက်ပါ စက်လက်နက်ပစ္စည်းများ ရောင်းချပေးခြင်းနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများဆောင်ရွက်ပေးခြင်းဖြင့် အီရတ်နိုင်ငံ အပေါ်တစ်နည်းနည်းဖြင့် လွှမ်းမိုးထားနိုင်ရန်လည်း မျှော်လင့်လျှက်ရှိပါသည်။

အီရတ်နိုင်ငံအနေဖြင့် တိုင်းပြည်၏အမြဲတမ်းလုံခြုံရေးအတွက်
နှစ်ပေါင်းများစွာ သဘောထားကွဲလွဲခဲ့ကြပြီး ဆွန်နီနှင့် ကာ့ဒ်လူမျိုးစုတို့က ရှီဟိုက်လူမျိုးဝန်ကြီးချုပ် မာလီကီသည် ၎င်းင်း၏နိုင်ငံရေးရည်မှန်းချက်များအတွက် နိုင်ငံ တကာတပ်ဖွဲ့များကို ခိုင်မာစွာအားထား၍ ထိန်းချုပ်ဆောင်ရွက်မှုများကိုလည်း စိုးရိမ်ပူပန်မှုများရှိနေကြပါသည်။

၂၀၀၈ ခုနှစ် အမေရိကန်ကွန်ကရက်လွှတ်တော်မှ ထုတ်ပြန်ချက်အရ မာလီကီသည် အီရတ်လုံခြုံရေးအဖွဲ့များ အား ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်လျက်ရှိပြီး ၎င်းင်းတို့၏ အစီရင်ခံချက်များကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန(သို့) ကာကွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့စေခြင်းမရှိပဲ ၎င်းင်း၏ရုံးသို့တိုက်ရိုက်သတင်းပို့ရန် ညွှန်ကြားထားကြောင်း သိရသည်။ လက်ရှိအချိန်တွင် မာလီကီသည် အင်အား ၁၀၀၀၀ ခန့်ရှိသော အမျိုးသားတန်ပြန်အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့နှင့် မြို့တော်ဘဂ္ဂဒတ်အားကာကွယ်ရသော ဘဂ္ဂဒတ်တပ်မဟာတို့ကိုလည်း တိုက်ရိုက်ကွပ်ကဲလျက် ရှိကြောင်း သိရသည်။

အကွဲကွဲအပြဲပြဲဖြစ်လျက်ရှိသော အီရတ်နိုင်ငံ၏နိုင်ငံရေးစနစ်ကြောင့်လည်း အီရတ်တို့၏ တပ်တည်ဆောက် ရေးလုပ်ငန်းများအပေါ် ပုံမှန်ထက်ပိုမိုခက်ခဲစေပါသည်။ နိုင်ငံအား အဓိကခြိမ်းခြောက်လျက်ရှိသည့် အခြေအနေ (သို့) စစ်အင်အားမည်မျှထားသင့်သည်စသည့် တိကျရေရာသော အစီအစဉ်တစ်ခုမရှိပဲနှင့် ၎င်းင်းတို့အနေဖြင့် တပ်မတော်အား အခြေခံမဟာဗျူဟာကျကျဖွဲ့စည်းနိုင်မည်မဟုတ်ပေ။ Jane's သတင်းဌာန၏ ဖော်ပြချက်အရ လက်ရှိအချိန်အထိ အီရတ်အစိုးရသည် ကာကွယ်ရေးဝန်ကြီးတစ်ဦးအား ခန့်အပ်ထားခြင်းမရှိသဖြင့် ၎င်းင်းတို့၏ တပ်ဖွဲ့ စည်းမှုအား မဟာဗျူဟာကျကျပြန်လည်သုံးသပ်၍ ကွပ်ကဲနိုင်ခြင်းမရှိကြောင်း သိရသည်။



အီရတ်တို့၏F-16 တိုက်လေယာဉ်များဝယ်ယူခြင်းနှင့် ပတ်သက်၍ပင်လယ်ကွေ့ဒေသသုတေသနကောင်စီမှ လုံခြုံရေးနှင့် ကာကွယ်ရေးဌာနညွှန်ကြားရေးမှူးဖြစ်သူ မူစတာဖာအယ်လာနီက အီရတ်အစိုးရသည် တိုက်လေယာဉ် များ လိုအပ်ချက်အတွက် တိကျသော မူဝါဒတစ်ခုမရှိဟု ယူဆရကြောင်းJane's သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ အီရတ်ပါလီမန်တွင် အများစုက အင်အားတောင့်တင်းသော လေတပ်ဖွဲ့တစ်ခုတည်ဆောက်နိုင်ရန် ကြိုးပမ်းလျက်ရှိသော် လည်းအချို့ကမူ ဝေဟင်ကင်းထောက်ခြင်းနှင့် ထောက်လှမ်းရှာဖွေခြင်းအတွက်သာ ရှုမြင်လျှက်ရှိကြောင်း ၎င်းမှ ဆက်လက် ပြောကြားခဲ့ပါသည်။

အခြေတည်စအီရတ်အစိုးရအတွက် ရှီဟိုက်၊ ဆွန်နီနှင့် ကာ့ဒ်စသည့်အုပ်စုသုံးခုစလုံး ညီညီညွတ်ညွတ်ပူးပေါင်း ၍ ပြည်ပရန်အား ကာကွယ်နိုင်ဖို့ဆိုသည်မှာ လွယ်ကူခြင်းမရှိသဖြင့် တပ်မတော်တည်ဆောက်ရေး မဟာဗျူဟာတစ်ခု လုံးအား ပြန်လည်သုံးသပ်နိုင်ရန်မှာ ခက်ခဲနေဦးမည်ဖြစ်သည်။ ထို့အပြင် အာရပ်နွေဦးဖြစ်စဉ် (Arab Spring))ကလည်း အရှေ့အလယ်ပိုင်းသို့ ရိုက်ခတ်လာသဖြင့် အီရတ်တို့၏ မဟာဗျူဟာမှာ မည်သို့ပြောင်းလဲဦးမည်ကို တွက်ချက်မရ နိုင်သေးပေ။

အီရတ်တို့အတွက် လတ်တလောပြည်ပမှ ခြိမ်းခြောက်မှုများမှာ ဆီးရီးယား (သို့မဟုတ်) တူရကီတို့နှင့် ဖြစ်ပွား လျက်ရှိသော ရေချိုအရင်းအမြစ်ပြဿနာနှင့် အီရတ်နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော PPK (Kurdistan Workers Party))သူပုန်နှင့် တူရကီအစိုးရတို့အကြား ပြဿနာများပင်ဖြစ်သည်။ တူရကီအစိုးရသည် အီရတ်နိုင်ငံအတွင်းသို့ ၀င်ရောက်၍ PKK သူပုန်များကို ဝေဟင်မှဗုံးကြဲတိုက်ခိုက်လေ့ရှိပါသည်။ ထို့အပြင် အီရတ်အများစုသည် သမိုင်း ကြောင်းတစ်လျှောက်ရန်ဘက်အဖြစ် ရပ်တည်ခဲ့သော အီရန်တို့ကိုလည်း ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နေကြဆဲ ဖြစ်ပါသည်။

အခြားတစ်ဖက်တွင်လည်း ၄င်းဒေသတွင်း အခြားသောနိုင်ငံများက ဆက်ဒမ်ဟူစိန်အုပ်စိုးခဲ့စဉ်ကာလ ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အီရတ်တပ်မတော်၏ သဘောထားတင်းမာခဲ့မှုအပေါ် ပြန်ပြောင်းသတိရနေသဖြင့် ယခုကဲ့သို့ အမေရိကန်တို့မှ လက်နက်များရောင်းချပေးမှုနှင့် အီရတ်နိုင်ငံအတွင်း လေ့ကျင့်ပေးနေမှုအပေါ် စိုးရိမ်မကင်း ဖြစ်နေကြကြောင်း အယ်လာနီက ထပ်လောင်းပြောကြားခဲ့ပါသည်။

(အာဖဂန်တပ်မတော်အကြောင်းဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment