July 18, 2014

အနာဂတ်တပ်မတော်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် စစ်ရေးအသင့်ဖြစ်ခြင်း


ရောမတို့သည် ကမ္ဘာ့အနောက်ခြမ်းမြို့ပြနိုင်ငံများတွင် ငြိမ်းချမ်းသောကာလတစ်ခုကို နှစ်ပေါင်း ၂၀၀ ခန့်မျှ ထိန်းသိမ်းထူထောင်နိုင်ခဲ့ကြသည်။ Pax Romana (ငြိမ်းချမ်းသောနိုင်ငံ)ဟုလည်း ခေါ်ဆိုခဲ့သည့် ကမ္ဘာပေါ်တွင် ကာလအရှည်ကြာဆုံးစည်းလုံးညီညွတ်မှုရှိသည့် နိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့သော ရောမခေတ်အား ကျွန်ုပ်တို့ အမှတ်ရနေရမည်ဖြစ်သည်။ ၄င်းခေတ်သည် ထိပ်တန်းစီးပွားရေး သို့မဟုတ် နိုင်ငံရေးစနစ်တို့အလွန်တရာကောင်းမွန်ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သည်မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းကောင်းမွန်မှုကို အသားပေးသော မြို့ပြယာဉ်ကျေးမှုကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုကြသည်။ အင်္ဂလိပ်သမိုင်းပညာရှင် Edward Gibbon က ရောမ
တို့သည် ၄င်းတို့၏ခိုင်မာသော ကိုယ်ပိုင်စည်းမျဉ်းဥပေဒေများဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့သည်ဟု ကျွန်ုပ်အား ပြောပြခဲ့ဖူးသည်။

ရောမခေတ်တပ်မတော်များသည် ၄င်းတို့အင်ပါယာ၏ ရှေ့တန်းမျက်နှာစာမှ အမြဲတမ်းရပ်တည် ကာကွယ်ပေးခဲ့ကြပြီး မကြာခဏဆိုသလိုပင် ဘာဘေးရီးယန်းလူမျိုးတို့၏ ကျူးကျော်တိုက်ခိုက်မှုများကို ရင်ဆိုင်တိုက်ခိုက်ပေးခဲ့ကြသည်။ရောမတပ်များသည် ကာလကြာရှည်စွာ အမြဲတမ်း
စစ်ရေးအသင့်ဖြစ်အောင် ပြင်ဆင်ထားနိုင်ခဲ့ခြင်းကြောင့် ၄င်းတို့၏ အင်ပါယာမှာလုံခြုံစွာရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်များအနေဖြင့် ၄င်းတို့၏
နိုင်ငံအား အမြဲတမ်းအသင့်ကာကွယ်နိုင်ရန် ရောမခေတ်ကဲ့သို့ လူအင်အားနှင့် ပစ္စည်းဓနအင်အားများကို သိသိသာသာရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်လိုအပ်သည်။

ရောမတို့သည် စစ်ပွဲများမရှိသည့် အချိန်များတွင်လည်း လေ့ကျင့်ရေးနှင့်စစ်ရေးအသင့်ဖြစ်စေရးလုပ်ငန်းနှစ်ခုစလုံးတွင် စစ်ပွဲကြီးတစ်ခုကဲ့သို့ အသုံးစရိတ်များ
အကုန်ကျခံပြီး တပ်မတော်အတွက် အသုံးပြုခဲ့ကြသည်။ ချွေးထွက်များမှ သွေးထွက်နည်းမည်ဟူသော ဆောင်ပုဒ်နှင့် အညီ တိုက်ပွဲမ၀င်ခင် ကြိုတင်လေ့ကျင့်ထား
မှသာလျင် စစ်မြေပြင်တွင် ထိခိုက်ဆုံးရှုံးမှုနည်းမည်ဖြစ်သည်။ ရောမတို့သည် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့သော အချိန်တွင် ငြိမ်းချမ်းရေးမှာယိမ်းယိုင်
ခဲ့ပြီး Gibbon ပြောခဲ့သော ကမ္ဘာပေါ်တွင် တရားမျှတမှုအရှိဆုံးနှင့် ယဉ်ကျေးမှုအထွန်းကားဆုံးရောမမြို့သည်လည်း တရားမဲ့ဝါဒီ ဘာဘေးရီးယန်းတို့၏ လက်အောက်
သို့ကျရောက်က အမှောင်လွှမ်းသောခေတ်သို့ သက်ဆင်းခဲ့ရသည်ကို မြင်တွေ့နိုင်သည်။

လွန်ခဲ့သော ဆယ်စုနှစ် ၇ ခုနှစ် မျှကာလကိုပြန်ကြည့်လျှင် အမေရိကန်တပ်မတော်သည် လေ့ကျင့်သားပြည့်ဝမှုနှင့် စည်းကမ်းကောင်းမွန်မှုတို့ကြောင့် ငြိမ်းချမ်းရေးကိုအာမခံချက်ပေးနိုင်သည့် တပ်မတော်တစ်ခုအဖြစ် ရောမတပ်မတော်နှင့် အလားတူအဆင့်အတန်းအတိုင်း ရပ်တည်နိုင်ခဲ့သည်။ အမေရိကန်ကြည်းတပ်နှင့် အခြားညီနောင်တပ်များဖြစ်ကြသော ရေ၊ လေနှင့် မရိမ်းတပ်ဖွဲ့များသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အနောက်ဆုံးအာမခံချက်ပေးနိုင်သည့်သူများအဖြစ် ရပ်တည်နိုင်ခဲ့ကြသည်။

ထိုကာလတွင် ကမ္ဘာကြီးသည်လည်း စစ်ပွဲကြီးများဖြစ်ပွားမှုမရှိဘဲ မကြုံစဖူးအေးချမ်းတည် ငြိမ်ပြီးဖွံ့ဖြိုးတိုးတက်သော ကာလတစ်ခုကို ဖြတ်သန်းနိုင်ခဲ့သည်။ အရေးအခင်းများ၊ပဋိက္ခ
များနှင့်စစ်ပွဲများဖြစ်ပွားခဲ့ပါကလည်း အမေရိကန်တပ်မတော်သည်ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ပေးခဲ့သည်။အမေရိကန်စစ်သည်များသည် ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊
အရှေ့အလယ်ပိုင်းဒေသနှင့် ဗဟိုအာရှဒေသစစ်ပွဲများတွင် တိုက်ပွဲဝင်အသက်ပေးခဲ့ကြရသည်။ ထို့အပြင် အမေရိကန်တပ်မတော်သည် စစ်ပွဲများမရှိပါက ဆိုဗီယက်ပြည်ထောင်စု၏တပ်မတော်အား ရင်ဆိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆယ်စုနှစ်များအတွင် ကြိုတင်ပြင်ဆင်ခဲ့မှုများကြောင့် ကန္တာရမုန်တိုင်းစစ်ဆင်ရေးနှင့် အီရတ်လွတ်မြောက်ရေးစစ်ဆင်ရေးဟူသော အဓိကစစ်ပွဲကြီးနှစ်ခုတွင် ဆက်ဒမ်ဟူစိန်၏တပ်မတော်အား ကောင်းစွာတိုက်ခိုက်နိုင်ခဲ့သည်။ ၉/ ၁၁ အကြမ်းဖက်တိုက်ခိုက်ခံရမှုနောက်ပိုင်းတွင် အမေရိကန်တပ်မတော်သည် ထိုးထွင်းကြံဆလုပ်ဆောင်တပ်သော
ခေါင်းဆောင်များမွေးထုတ်ပေးရန်၊လက်ရှိရင်ဆိုင်တိုက်ခိုက်နေရသော စစ်ပွဲနှစ်ခု(အီရတ်နှင့် အာဖဂန်နစ္စတန် စစ်ပွဲများကိုဆိုလိုဟန်ရှိသည်)နှင့် ကျယ်ပြန့်သော ပဋိက္ခတိုက်ပွဲများကို အဖြစ်
နိုင်ဆုံးလျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်မည့် တပ်ဖွဲ့တစ်ခုဖြစ်လာရန် ကြိုးပမ်းခဲ့သည်။

လက်ရှိအချိန်တွင် ကျွန်ုပ်တို့အနေဖြင့် ဆယ်စုနှစ်တစ်ခုကျော်စာ ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲများကို အဆုံးသတ်ရန်ကြိုးပမ်းနေစဉ်မှာပင် ကြိုတင်မမျှော်မှန်းနိုင်ဘဲ အန္တရာယ်များသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရနိုင်သည့် သမိုင်းသစ်အနာဂတ်တစ်ခုကို ၀င်ရောက်လျက်ရှိပြီဖြစ်သည်။ ထိုကဲ့သို့ တိုက်ခိုက်မှုပုံစံများကို ကျွန်ုပ်တို့အနေဖြင့် မည်သည့်နေရာ၊ မည်သည့်အချိန်
တွင် ရင်ဆိုင်တိုက်ခိုက်ရမည်ကို အမျှော်မှန်းနိုင်သေးပါ။သေချာသည်မှာ ကျွန်ုပ်တို့တပ်မတော်အနေဖြင့် များမကြာမီသော်လည်းကောင်း၊ ထိုထက်နောက်ကျပြီးသော် လည်းကောင်း ရန်သူများနှင့် ရင်
ဆိုင်တိုက်ခိုက်ရဦးမည်ဖြစ်သည်။ 

(ဆက်လက်ဖော်ပြပါမည်)

Military Review July-August/2013 စာစောင်ပါ အမေရိကန် ကြည်းတပ်ဗိုလ်ချုပ်ကြီး 
Robert W.Cone ၏ The Future Army Preparation and Readiness ဆောင်းပါးအား 
ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

No comments:

Post a Comment