အမေရိကန်တပ်မတော်အနေဖြင့် စစ်ပွဲများဆင်နွှဲနေရသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးနောက်တွင် လက်ရှိရည်မှန်းချက်များအတွက် ကာလတိုပြင်ဆင်မှုများကိုသာမက အနာဂတ်ပဋိပက္ခများကို ကာကွယ်ရန် သို့မဟုတ် အနိုင်ရရှိရန်တို့အတွက် ရေရှည်စစ်ရေးအသင့်ဖြစ်ရေးတို့အတွက် အင်အားပြန်လည်ချိန်ညှိရာတွင် အောက်ဖော်ပြပါ ရင်းနှီးမြှုပ်နှံမှု ၃ ခုအား ပြုလုပ်ရန်လိုအပ်သည်-
(က) ရုပ်ပိုင်းဆိုင်ရာမတိုင်မီ တွေးခေါ်မြော်မြင်မှုပိုင်းကို တိုးတက်စေရန် ဦးစွာလုပ်ဆောင်ခြင်း။
(ခ) လုပ်ငန်းစဉ်များအလိုက် ရင်းနှီးမြှုပ်နှံခြင်း။
(ဂ) အနာဂတ်ခေါင်းဆောင်များကို လေ့ကျင့်မွေးထုတ်ခြင်း။
နောင်လာမည့်စစ်ပွဲများတွင် ကျွန်ုပ်တို့တပ်မတော်အား ယုံကြည်စိတ်ချစွာ တာဝန်ပေးနိုင်ရန်အတွက် အမြဲတမ်းစစ်ရေးအသင့်အနေအထားဖြင့်အောင် ပြင်ဆင်ထားရမည်ဖြစ်သည်။ တပ်မတော်ကိုထပ်မံတာဝန်ပေးအပ်လာပါက ပြင်ဆင်မှုအားနည်းနေသေးသည်ဟု ဆင်ခြေပေးမှုမျိုး နိုင်ငံတော်က လက်ခံလိမ့်မည်မဟုတ်ပေ။ ကျွန်ုပ်တို့ တပ်မတော်အနေဖြင့် ခိုင်မာ
လှသော အစဉ်အလာကောင်းများကို ပိုင်ဆိုင်ထားပြီး ထက်မြက်သောခေါင်းဆောင်များနှင့် တိုက်ပွဲကိုမည်ကဲ့သို့အနိုင်တိုက်ခိုက်ရမည်ကို ဖြတ်ထိုးဥာဏ်ဖြင့် နက်နက်နဲနဲတွေးတောသိမြင်နိုင်သည့် အတွေ့အကြုံရင့် စစ်သည်များဖြင့်တည်ဆောက်ထားခြင်းဖြစ်သည်။ တပ်မတော်၏ အနာဂတ်အတွက် ကျွန်ုပ်တို့အနေဖြင့် စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန်နှင့် ယခုဆယ်စုနှစ်တစ်ခုကျော်အကြာ ဆင်နွှဲနေရသော စစ်ပွဲများမှ သင်ခန်းစာများကို ပေါင်းစပ်ဖော်ထုတ်ရန်သာလိုအပ်သည်။
ရုပ်ပိုင်းဆိုင်ရာမတိုင်မီ တွေးခေါ်မြော်မြင်မှုပိုင်းကို တိုးတက်စေရန် ဦးစွာလုပ်ဆောင်ခြင်း
စစ်ပွဲအတွင်း ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများကို ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံသော အထောက်အကူများပေးခြင်းဖြင့် အလျင်အမြန်ဖြေရှင်းပေးနိုင်ပါသည်။ စစ်ဖြစ်ပွားနေစဉ်အတွင်း အန္တရာယ်များအကြားမှ စစ်သည်များရှင်သန်ရပ်တည်နိုင်ရေးအတွက် ကာကွယ်ပေးရေးဟူသော စံသတ်မှတ်ချက်တစ်ခုအတွက် ဖြေရှင်းရာတွင်မူ နိုင်ငံခေါင်းဆောင်များနှင့် စစ်ဘက်
ခေါင်းဆောင်များအနေဖြင့် ရေရှည်တည်တံ့သော ဖြေရှင်းနည်းထက် ရုပ်ပိုင်းဆိုင်ရာဖြေရှင်းမှုများကိုသာ အလေးထားဆောင်ရွက်ခြင်းမျိုးတော့မပြုလုပ်သင့်ပေ။
ယခုကျွန်တော်တို့ ရင်ဆိုင်နေရသော ပြသနာတစ်ခုမှာ အနာဂတ်တပ်မတော်ခေါင်းဆောင်များအနေဖြင့် လာမည့်နှစ် ၂၀ အတွင်း ဘာတွေလိုအပ်မလဲ၊ ယင်းအတွက် မည်ကဲ့သို့ပြင်ဆင်ထားမလဲဟူသော မေးခွန်းပင်ဖြစ်သည်။ ၄င်း၏အဖြေအတွက်ငြင်းခုံဆွေးနွေးနေကြစဉ်မှာပင် အမေရိကန်တပ်မတော်အနေဖြင့် ပိုအရေးပါသော ပြသနာတစ်ရပ်ကိုလည်း ရင်ဆိုင်ရလျှက်ရှိသည်။
၎င်းမှာ ပြိုင်ဘက်ကင်းတပ်မတော်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဒေါ်လာ ၁၀ ဘီလီယံမျှ အသုံးပြုပါက ဖြုန်းတီးခြင်းဖြစ်မည်လား သို့မဟုတ် အကျိုးရှိမည်လားဟူသော ပြသနာပင်ဖြစ်သည်။ အနာဂတ်ကို မျှော်ကြည့်ရာတွင်လည်း ကြိုတင်မမျှော်မှန်းနိုင်သော အခြေအနေများနှင့် အန္တရာယ်များနှင့် ပြည့်နှက်နေသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ကြရမည်ဖြစ်သည့်တိုင် ၄င်းကိုမည်သည့်
စစ်ဆင်ရေးအမျိုးအစားဟု ခေါ်ဆိုရမည်ကိုလည်း မသိရှိနိုင်သေးပေ။ တရုတ်နိုင်ငံအင်အားကြီးထွားလာမှု၊ အာရပ်နွေဦးအရေးအခင်း၊အဖျက်စွမ်းအားကြီးမားသော လက်နက်များတိုးတက်ပျံ့ပွားလာမှုနှင့် အဖြေရှာမရသော ယိုယွင်းပျက်စီးသည့်နိုင်ငံများ(ဥပမာ-ဆိုမာလီယာကဲ့သို့)၏ သက်ရောက်မှုများနှင့် မြေပြင်စစ်ဆင်ရေးများတွင် ဆိုက်ဘာစစ်ဆင်ရေး၏ အခန်းကဏ္ဍတို့မှာ နက်နက်ရှိုင်းရှိုင်းအဖြေ
ရှာရမည့် ပြသနာများဖြစ်သည်။ ထို့အပြင် သတင်းအချက်အလက်နှင့် နည်းပညာများဆန်းသစ်ပြောင်းလဲတိုးတက်လာခြင်းကလည်း
အနာဂတ်စစ်ပွဲပုံသဏ္ဍန်များအပေါ်သက်ရောက်မှု ရှိလာမည်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် မှားယွင်းမှုများကြုံတွေ့ရပါက ပြောင်းလွယ်ပြင်လွယ်ပြုလုပ်နိုင်မည့် ရွေးချယ်စရာနည်းလမ်းများ ရရှိနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပေးထားရန်လိုအပ်သည်။
အမေရိကန်ကြည်းတပ်၏ The Army Capabilities Intergration Center၊ Center of Excellent နှင့် Combined Arms Center တို့တွင် အနာဂတ်စစ်ပွဲများနှင့် ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသလို အနာဂတ်စစ်ပွဲအတွက်လိုအပ်ချက်များအတွက်လည်း ကြို
တင်မျှော်တွေးတင်ပြခဲ့ကြသည်။ Strategic Landpower Task Force နှင့် Campaign of Learning ခေါင်းစဉ်များဖြင့် ဆွေးနွေးမှုများသည်အနာဂတ်စစ်ဆင်ရေးများအတွင်း ကြည်းတပ်၏ အရေးပါမှုနှင့်ပတ်သက်ပြီး တန်ဖိုးမဖြတ်နိုင်သော အသိအမြင်များကို ရရှိစေခဲ့သည်။ တစ်ချိန်
တည်းမှာပင် လေ့ကျင့်ရေးသင်တန်းကျောင်းများနှင့် သတင်းဂျာနယ်များအကြားတွင်လည်း အနာဂတ်စစ်ပွဲများနှင့်ပတ်သက်ပြီး ကောင်းမွန်သောဆွေးနွေးပွဲများပြုလုပ်ရန် တွန်းအားပေးဖို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင်မှာ စဉ်ဆက်မပြတ်ကြုံတွေ့နေရသော ပြသနာများကို
အပြန်အလှန်ဆွေးနွေးမှုများမှ ရရှိလာသော ကိုယ်ပိုင်အတွေးအခေါ်များဖြင့် အများဆန္ဒနှင့်အညီ ပုံဖော်သွားရေးပင်ဖြစ်သည်။
အဆိုပါဆွေးနွေးမှုများကြောင့် အနာဂတ်စစ်ဆင်ရေးအယူအဆများမှာလည်း တိုးတက်လာမည်ဖြစ်သည်။ တဖန် ထိုသို့အယူအဆများအပေါ်အသေးစိတ်လေ့လာမှုများကလည်း ယင်းဆွေးနွေးမှုအဖြေများကို ယုံကြည်မှုရရှိစေခြင်း သို့မဟုတ် လိုအပ်ချက်များကို ဖော်ထုတ်ခြင်း သို့မဟုတ် အတည်ပြုမွမ်းမံခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ Combat Training Centers၊ Battle Labsနှင့် TRADOC တို့ကဲ့သို့ စစ်ဆင်ရေးမူဝါဒ ရေးဆွဲရေးဌာနများ၏ ကမ္ဘာ့အဆင့်စမ်းသပ်လေ့လာမှုများ၊ လက်တွေ့ဆန်းစစ်လေ့ကျင့်မှုများနှင့် သုတေသနပြုလေ့လာမှုများကြောင့် ကျွန်ုပ်တို့၏ ကိုယ်ပိုင်
စစ်ဆင်ရေးအယူအဆသဘောတရားများကို ခိုင်မာစေမည်ဖြစ်သည်။ ထိုသို့ ဆွေးနွေးဖော်ထုတ်ဆုံးဖြတ်ချက်များမှ အကောင်းဆုံးအတွေးအခေါ်များ
သည်လည်း ကျွန်ုပ်တို့၏ စစ်မှုထမ်းဘ၀၊ စစ်ဆင်ရေးမူဝါဒ၊ လေ့ကျင့်ရေးနှင့် အနာဂတ်သက်ရောက်မှုများအပေါ်လွှမ်းမိုးမှုရှိလာမည်ဖြစ်သည်။
အနာဂတ်ကာလတွင် ကျွန်ုပ်တို့သည် တွေးခေါ်မြော်မြင်မှုပိုင်းဆိုင်ရာတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းကသာလျှင် နိုင်ငံတော်၏ အဖိုးတန်ဘဏ္ဍာတို့ကို အကောင်းဆုံးအသုံးချမှုဖြစ်ပေလိမ့်မည်။ ရင်းနှီးမြှုပ်နှံမှုအားလုံးသည်လည်း အနာဂတ်မည်သည့်စစ်မြေပြင်တွင်မဆို ပြိုင်ဘက်ကင်းသော တပ်မတော်
ဖြစ်ရေးကို ဦးတည်ကာ စနစ်တကျဆောင်ရွက်ရမည်ဖြစ်သည်။ ယခင်စစ်ဦးအရာရှိချုပ်ဟောင်း ဂေါ်ဒန်ဘာလီဗင်ပြောကြားခဲ့သလိုပင် အမေရိကန်တပ်မတော်အား
လက်ရှိအချိန်တွင် ရုပ်ပိုင်းဆိုင်ရာမတိုင်မီ တွေးခေါ်မြော်မြင်ပိုင်းတိုးတက်ရေးအတွက် ဦးစွာလုပ်ဆောင်သင့်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment