July 17, 2014

မျိုးစပ်ရန်သူ


ဒီတစ်ခါတော့ စစ်လက်နက်တွေအကြောင်းထက် နိုင်ငံတွေအနေဲ့ကြုံတွေ့ရနိုင်တဲ့
ရန်သူအမျိုးအစားအသစ်ကို တင်ပြလိုပါတယ်။
ယနေ့အချိန်မှာ နိုင်ငံတိုင်းဟာ ပြင်းထန်တဲ့ သမားရိုးကျစစ်ပွဲနှင့် ဘက်မညီစစ်ပွဲတို့အပြင်
တတိယခြိမ်းခြောက်မှုစစ်ပွဲပုံစံတစ်ခုကိုလည်း ကြိုတင်ပြင်ဆင်ထားရတော့မှာဖြစ်တယ်။
ယင်းပုံစံကို မျိုးစပ်ရန်သူ(Hybird Adversaries) ဟုလည်း ခေါ်ဆိုနိုင်တယ်။ အဆိုပါ ရန်သူ
များကတော့ နိုင်ငံတစ်ခုက ပြိုင်ဘက်နိုင်ငံရဲ့ရန်သူများကိုထောက်ပံ့ပြီး အဖွဲ့ငယ်လေးများဖြင့် ဖွဲ့စည်း
လေ့ကျင့်ပေးထားတဲ့တဲ့ အပြင် တစ်ခါတစ်ရံမှာ ဗဟိုချုပ်ကိုင်မှုလုံးဝမရှိတဲ့ တပ်ဖွဲ့မျိုးလည်းဖြစ်တယ်။
အီရန်တို့ထောက်ပံ့ပေးထားတဲ့ ဟစ်ဇဘိုလာအဖွဲ့က အကောင်းဆုံးဥပမာတစ်ခုဖြစ်ပြီး စိန်ပြောင်းများ၊
အာရ်ပီဂျီများ၊ တင့်ဖျက်ပဲ့ထိန်းဒုံးများ၊ တာဝေးပစ်ပခုံးထမ်းလေကြောင်းရန်ကာကွယ် ရေးလက်နက်များ
နှင့် မောင်းသူမဲ့ယာဉ်ငယ်များကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။ ၄င်းတို့ဟာ နယ်မြေဒေသအရေးသာမှုယူပြီး
ပြည်သူလူထုကြားထဲတပ်ဖျောက်ထားတတ်ကြတယ်။ တပ်မတော်များအနေနဲ့ ဒီလိုရန်သူများကို ပိုမိုကြုံတွေ့ရနိုင်တာလို့ ခန့်မှန်းရပါတယ်။


No comments:

Post a Comment