စစ်မက်ရေးရာတော်လှန်ပြောင်းလဲမှု( RMA)ဟုခေါ်ဆိုရမည့် ကန္တာရမုန်တိုင်းစစ်ဆင်ရေးအတွင်း အောင်မြင်မှုသည်လည်း သံချပ်ကာ တပ်ဖွဲ့အားလျှော့ချရန် သို့မဟုတ် ဖျက်သိမ်းရန် ယူဆလာစေခဲ့သည်။ အမေရိကန်ကြည်းတပ်ထုတ် Parameters ဂျာနယ်ပါThe Ghosts of Omdurman ဆောင်းပါးတွင်RMA ၏စံနှုန်းကို ဖော်ပြခဲ့ ပါသည်။
စာရေးသူက ပြင်သစ်နိုင်ငံတစ်ဝန်း အောင်မြင်စွာ ချီတက် တိုက်ခိုက်မှုများတွင် ခက်ခဲလှသော တန်ပြန်သောင်းကျန်းသူချေမှုန်းရေး စစ်ဆင်ရေးများနှင့် အရေးပေါ်အခြေအနေများတွင် ခြေမြန်တပ်ဖွဲ့နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့များကို လက်ရှောင်စေခဲ့သဖြင့် ကြည်းတပ်၏ အရေးပါမှုမှာ သိမ်ငယ်ခဲ့ကြောင်း၊ လျှပ်တပြက်ထိုးစစ်စစ်ဆင်ရေးများနှင့် လေ-ကြည်းစစ်ဆင်ရေးများတွင်မူ ကြည်းတပ်ကို ပါဝင်စေခဲ့ကြောင်း ထောက်ပြရေးသားခဲ့သည်။
နည်းဗျူဟာအရကြည့်ပါက သံချပ်ကာ လိုက်စစ်မှာ ထူးခြားသိမ်မွေ့ပြီး ခြေလျင်စစ်သည်များမှာ ကင်းထောက်စဉ် အတွင်း ကြားဖြတ် ၀င်ရောက်တိုက်ခိုက်ခြင်းအတွက် အရင်းခံစွမ်းအား ဖြစ်ကြောင်း ထပ်မံဖော်ပြခဲ့သည်။ ရှင်းရှင်းလင်းလင်း ညွှန်းဆိုရသော် သံချပ်ကာ၏ ကဏ္ဍပြီးဆုံးသွားချိန်တွင် ခြေမြန်တပ်၏အခန်းကဏ္ဍမှာ ပိုလာမည်ဖြစ်သည်။ ၎င်းင်းအချက်အား အီရတ်လွတ်မြောက်ရေးစစ်ဆင်ရေး ပြီးဆုံးချိန် နောက်ဆက်တွဲ တန်ပြန်သောင်းကျန်းသူ ချေမှုန်းရေးတိုက်ပွဲစဉ် များတွင် တွေ့နိုင်သည်။ ဆက်ဒမ်ဟူစိန်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သော ဘဂ္ဂဒက်သို့ ချီတက်မှုတွင် အမှတ်(၃)ယန္တရားတင်ခြေလျင် တပ်မနှင့် မရိန်းတပ်ဖွဲ့မှ လက်ရုံးတပ်ဖွဲ့များပါဝင်သော အကြီးစားပေါင်းစပ်လက်ရုံး တပ်ဖွဲ့များက ဦးဆောင်၍ မဟာမိတ်တပ်ဖွဲ့များက နောက်မှလိုက်ပါ တိုက်ခိုက်ခဲ့သည်။ ၎င်းင်းမှာ ခြေလျင်တပ်ဖွဲ့နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့များ၏ အကောင်းဆုံး တိုက်ခိုက်မှုပုံစံတစ်ခုဖြစ်ကြောင်း စာရေးသူက ဖော်ပြ ခဲ့ပါသည်။
မည်သို့ပင် ဆန့်ကျင်မှုများရှိနေသော်လည်း ခြေမြန်တပ်ဖွဲ့များ အတွက် ပစ်အား၊ လှုပ်ရှားစစ်ကစားနိုင်မှုနှင့် အကာအကွယ်တို့မှာ ပိုမိုလိုအပ် လာခဲ့ပါသည်။ ထို့ကြောင့် ဟမ်းဗွီးတိုက်ယာဉ်တွင် ထပ်ပိုးသံချပ်ကာ တပ်ဆင်၍ အကာအကွယ်ကိုမြှင့်တင်ခြင်း၊ လက်နက်များထပ်မံတပ်ဆင်၍ ပစ်အားကိုမြှင့်တင်ပေးခြင်းတို့ ပြုလုပ်ခဲ့ရသည်။ ပစ်အား၊ စစ်ကစားနိုင်မှုနှင့် အကာအကွယ်တို့ပေါင်းစပ်တပ်ဆင်ခြင်းတို့သည် အပေါ့စားသံချပ်ကာ တိုက်ယာဉ်တစ်စီးအတွက် မရှိမဖြစ်လိုအပ်သောအချက်ဖြစ်လာခဲ့ပါသည်။
အခြားဖြေရှင်းနည်းတစ်ခုအဖြစ်Stryker အလတ်စား ဘီးတပ်သံချပ်ကာ တိုက်ယာဉ်ကို အသုံးပြုစေခဲ့သည်။ ၎င်းင်းအနေဖြင့် တစ်နေရာမှ တစ်နေရာသို့ လှုပ်ရှားနိုင်စွမ်းကောင်းမွန်ပြီး ဟမ်းဗွီးတိုက်ယာဉ်ထက်အကာအကွယ်နှင့် ပစ်အားပိုမိုကောင်းမွန်သည်။ တိုက်ယာဉ်နှစ်မျိုးစလုံးကိုလည်း သံချပ်ကာ အဆင့်မြှင့်တင်ပေးနိုင်သည်။ ဟမ်းဗွီးတိုက်ယာဉ်မှာ ကန့်သတ်ချက်ပိုများ လာသဖြင့် လမ်းကြောင်းများတွင် လက်လုပ်ဗုံးများဖြင့် ခြိမ်းခြောက်ခံရမှု ပိုမိုမြင့်မားလာသည်။ ၎င်းင်းပြဿနာကို ဖြေရှင်းရန်အတွက် အမေရိ ကန်ကြည်းတပ်သည် မိုင်းနှင့် ချုံခိုတိုက်ခိုက်မှုဒဏ်ခံတိုက်ယာဉ် (MRAP) ကို အသုံးပြုခဲ့သည်။ ပိုမိုကြီးမားသည့် ဘီးများ တပ်ဆင်ထားသည့် အဆိုပါMRAPမှာ အီရတ်စစ်မြေပြင်တွင် ပစ်အား၊ စစ်ကစားနိုင်မှုနှင့် အကာ အကွယ်တို့ကို ဟန်ချက်ညီစွာ ပေါင်းစပ်အသုံးပြုနိုင်ခဲ့သည်။ တင့်များကရော ထိုသို့စွမ်းဆောင်နိုင်မည်လား။
မြို့ပြဧရိယာများနှင့်သောင်းကျန်းသူများကို ရင်ဆိုင်ရချိန်တွင် တင့်များမှာ အနည်းငယ်သာ အသုံးဝင်သည်ဟု အစောပိုင်းက ယူဆ ထားခဲ့ရာမှ မကြာမီကပင်တင့်များသည် အဖိုးမဖြတ်နိုင်သော အရာများ ဖြစ်လာခဲ့သည်။ တပ်မမှူးတစ်ဦးကလည်း တင့်ကားများမပါဘဲမည်သူမျှ မြို့တွင်းသို့ ၀င်ရောက်ရဲမည် မဟုတ်ဟုမှတ်ချက်ပြုခဲ့ဖူးပါသည်။ တင့်များ သည် ကန္တာရလွင်ပြင်များတွင်သာမက မြို့ပြစစ်ဆင်ရေးတွင် အရေးပါမှုမှာ တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ ဖော်လူဂျာရှိ အမေရိကန်မရိန်းတပ်ဖွဲ့များ သည် ကြည်းတပ်၏တင့်တပ်ဖွဲ့များကို ၎င်းင်းတို့ထံ တွဲဖက်ပေးရန် တောင်းဆိုခဲ့ ပါသည်။ မရိန်းတပ်မှူးက ထောက်လှမ်းရေး သတင်းများအပေါ်အခြေခံ၍ ဖော်လူဂျာရှိ သောင်းကျန်းသူများ၏ ခံစစ်များကို လျင်မြန်စွာ ထိုးဖောက်ရန် နှင့် ချီစစ်အား ဦးဆောင်ရန်အတွက် ၎င်းင်းတို့၏ တင့်နှင့်သံချပ်ကာတိုက်ယာဉ် များဖြင့် မလုံလောက်ဟု ယူဆထား ခဲ့သည်။
အီရတ်စစ်ပွဲ၏အစတွင် အမေရိကန်တပ်များသည် တင့်နှင့် သံချပ်ကာများမပါဘဲ တိုက်ပွဲဝင်လျက်ရှိ ရာမှ ပြိုင်ဘက်ရန်သူနှင့် အနီးကပ် ရင်ဆိုင်တိုက်ခိုက်ရာတွင် ပစ်အား၊ အကာ အကွယ်နှင့် စစ်ကစားမှုတို့ကို ပေါင်းစပ်အသုံးပြုရန်လိုအပ်လာသဖြင့် တင့်တပ်ဖွဲ့များကို အီရတ်သို့ ပေးပို့ပေးရန် တောင်းခံခဲ့သည်။မြို့တွင်းတိုက်ပွဲသည်
ပေါင်းစပ်လက်ရုံးတပ်ဖွဲ့အတွင်းရှိ တင့်များ အားအသုံးဝင်ကြောင်း သက်သေပြနိုင်သည့် ပတ်ဝန်းကျင်အနေအထားမျိုး တော့မဟုတ်ချေ။
သို့သော် တောတွင်းအခြေအနေများတွင် တင့်များသည် အသုံးမ၀င်ဟူသော မှားယွင်းသည့် အတွေးအခေါ်မှာ ခေတ်နောက်ကျ ကျန်ခဲ့ပြီဖြစ်သည်။ ဂျပန်တို့သည် စင်္ကာပူကိုသိမ်းပိုက်ခဲ့ရာတွင် ၎င်းင်းတို့၏ တင့်များကိုထိရောက်စွာ အသုံးပြုနိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ၀ီလီယံစလင်း၏Defeat Into Victory စာအုပ်တွင် တောတွင်း စစ်ဆင်ရေး၌ တင့်များကို ထိရောက်စွာအသုံးပြုနိုင်ခဲ့ သည့် ဖြစ်ရပ်များကို ဖော်ပြထားပါသည်။ တင့်များ ကို မည်သည့်တောတွင်းဒေသ
တွင်မဆို ရွှံနွံထူထပ်သောနေရာမှအပသုံးစွဲနိုင် ကြောင်း၊ တောတောင်ထူထပ်သော ဒေသများတွင် ခြေလျင်တပ်များကို တင့်များနှင့်တွဲဖက်၍ ခံစစ်နှင့် ကင်းထောက်လုပ်ငန်းများတွင် အသုံးပြုနိုင် ကြောင်းဖော်ပြခဲ့သည်။
Dismal Jimmies ကမူ တင့်များမှာ တောတွင်းဒေသတွင် ဘယ် တော့မှရှေ့တန်းရောက်မလာနိုင်ကြောင်း၊ မတ်စောက်သော တောင်ကုန်း များကို မတက်နိုင်ကြောင်း၊ သစ်ပင်များဖြင့် တင့်အတားအဆီးများ ပြုလုပ် ထားပါက လှုပ်ရှားမှုလွန်စွာ နှေးကွေးသွားပြီး တင့်ဖျက်လက်နက်များဖြင့် အလွယ်တကူပစ်ခတ်နိုင်သည်အထိ အကာအကွယ်မဲ့ပစ်မှတ်များဖြစ်သွား နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ပထမကမ္ဘာစစ် အတွင်းက တင့်များသည် အတားအဆီးများနှင့် တင့်ဖျက်များကို ဖြတ်ကျော်ခဲ့ရာတွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း
ခြေလျင်စစ်သည်များ ရှေ့သို့ချီတက် နိုင်ရန်အတွက် တင့်များက ရန်သူကို ခေါင်းမထောင်စေရန် ကာပစ်ပစ်ခတ်ပေးခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်ကာလတွင် အင်္ဂလိပ်တို့က မြန်မာပြည်တွင်းသို့ ပြန်လည် ၀င်ရောက်တိုက်ခိုက်ချိန်တွင် ရခိုင်စစ်ကြောင်း၌ ဗြိတိသျှအမှတ်(၁၄) တပ်တော်က ၎င်းင်းပုံစံအတိုင်းတင့်များကို အသုံးပြုခဲ့ပါသည်။
တစ်ဖန်ဗီယက်နမ်စစ်မြေပြင်တွင်လည်း ၎င်းင်းပုံစံအတိုင်း တိုက်ခိုက် ခဲ့ကြသည်။ ၎င်းင်းတွင်သံချပ်ကာတပ်ဖွဲ့၏ ဘက်စုံအသုံးပြုနိုင်မှုကို ရှင်းရှင်း လင်းလင်း တွေ့မြင်ခဲ့ရသည်။ အမေရိကန်ဗိုလ်ချုပ်ကြီး Donn A. Starry ၏ Mounted Combat in Vietnam စာအုပ်တွင်သံချပ်ကာနှင့် ယန္တရား တင်တပ်ဖွဲ့များပါဝင်သော ပေါင်းစပ်လက်ရုံးတပ်ဖွဲ့ကို အကျိုးရှိစွာ အသုံးပြုနိုင် ခဲ့ကြောင်း ဖော်ပြထားခဲ့သည်။ ကနဦးက ဗီယက်နမ်နိုင်ငံ၏ မုတ်သုံရာသီ ဥတု၊ တောတောင် ရေမြေနှင့် စပါးခင်းများမှာ တင့်များနှင့် ယန္တရားတင် တပ်ဖွဲ့များအတွက် ဆိုးဝါးလွန်းသော ပတ်ဝန်းကျင်အနေအထားတစ်ခုဖြစ် နေကြောင်း၊ တောတွင်းပြောက်ကျားစနစ်ဖြင့် ချုံခိုတိုက်ခိုက်လေ့ရှိပြီး ဖမ်းရ ခက်သော ရန်သူကို သံချပ်ကာတပ်ဖွဲ့များဖြင့် ချေမှုန်းရန်မဖြစ်နိုင်ဟု ယူဆ ထားခဲ့သည်။ ထိုအယူအဆအား ၁၉၇၆ ခုနှစ် မတိုင်မီအထိ လက်ခံခဲ့သော် လည်း Mechanized and Armor Combat Operations, Vietnam စာတမ်းတွင် ဗီယက်နမ်နိုင်ငံအတွင်း သံချပ်ကာတပ်ဖွဲ့အား အသုံးပြုနိုင်မှု အလားအလာများကို ပြည့်စုံစွာ ဖော်ပြထားခဲ့သည်။
အဆိုပါ လေ့လာမှုများ အရ သံချပ်ကာတပ်ဖွဲ့များသည် ဗီယက်နမ်စစ်မြေပြင်အတွင်း ကုန်ကျစရိတ် အသက်သာဆုံး တပ်ဖွဲ့ဖြစ်လာခဲ့သည်။ ၁၉၆၅ ခုနှစ် မတ်လအစောပိုင်းမှ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည့် ၁၉၇၃ ခုနှစ် ဇန်န၀ါရီလအထိ အမေရိကန်သံချပ်ကာတပ်ဖွဲ့သည် ထိုးစစ်တိုင်းတွင်ပါဝင်ခဲ့ကြောင်း၊ စစ်ပွဲကာလရှစ်နှစ်ကျော် ကြာလာသောအခါ တင့်များမှာ ရှေ့ဆက်မတိုးနိုင်တော့ကြောင်း၊ ဗီယက်နမ် နိုင်ငံ၏ ရာသီဥတုမှာ တင့်စစ်ဆင်ရေးအတွက် ကန့်သတ်ချက်များရှိလာကြောင်း၊ ဖမ်းရခက်သောရန်သူကို သံချပ်ကာတပ်များဖြင့် ချေမှုန်းတိုက်ခိုက်ရာတွင် ထိရောက်မှုမရှိဟုဆိုခဲ့သော်လည်း သံချပ်ကာတပ်ဖွဲ့မှာ စွမ်းရည်ပြည့်ဝသော၊ ပြောင်းလွယ်ပြင်လွယ်သော၊ မရှိမဖြစ်အရေးပါသော တိုက်ပွဲဝင်တပ်ဖွဲ့အဖြစ်အရေးပါခဲ့သည်။
အထက်တွင် ဖော်ပြထားသည့် သံချပ်ကာတပ်ဖွဲ့အား တောတွင်း စစ်ဆင်ရေးများ၌အသုံးပြုခဲ့သည့် ဥပမာများ ကဲ့သို့ပင် မြို့ပြစစ်ဆင်ရေး တွင်လည်း အချိန်ကာလများစွာကတည်းက ပါဝင်ခဲ့ပြီးဖြစ်သည်။အကောင်းဆုံး ဥပမာအနေဖြင့် မကြာမီကပင် Combat Study Institute မှပုံနှိပ်ထုတ်ဝေခဲ့သည့် Breaking Mold ; Tanks in the Cities စာအုပ်၏ အမှာစာ၌ဖော်ပြထားသည်မှာ စစ်သမိုင်းတလျှောက်တင့်များသည် မြို့တွင်း၌ကောင်းစွာ အသုံးမပြုနိုင်ဟူ၍ သင်ခန်းစာအချို့ကို အခြေခံ၍ ရေးသားထားခဲ့ကြောင်း၊ မြို့တွင်းစစ်ဆင်ရေးများတွင် တင့်များကို အသုံးပြု မည့်အယူအဆများကိုလည်း မနှစ်မြို့ဖွယ်ရာတစ်ရပ်အဖြစ်ရှုမြင်နေကြကြောင်း ရေးသားထားသည်။
ဖော်ပြပါ စာအုပ်တွင်Ken Gott က ဒုတိယကမ္ဘာစစ်အတွင်းမှသည် အီရတ်စစ်ပွဲအထိ မဟာဗျူဟာအယူအဆ သဘောတရားများ မှားယွင်းမှုကို အခြေအနေ ၅ ခုခွဲ၍ တင်ပြခဲ့ပြီး မြို့တွင်း စစ်ဆင်ရေးများတွင် အောင်မြင်မှုရရှိနိုင်ရန်အတွက် တင့်များသည်ထဲထဲ ၀င်ဝင် ပါဝင်ဆောင်ရွက်သင့်သည်ဟု ရေးသားထားခဲ့သည်။ ၁၉၄၄ ခုနှစ် Aachen တိုက်ပွဲမှ ၂၀၀၄ ခုနှစ် ဖော်လူဂျာတိုက်ပွဲအထိ အထူး လေ့ကျင့်မှုနှင့် ပေါင်းစပ်လက်ရုံးတပ်ဖွဲ့အား အသုံးပြုမှုတို့မှာ အနိမ့်ဆုံးဗျူဟာ အဆင့်၌ပင် မရှိမဖြစ်လိုအပ်ချက် ဖြစ်လာခဲ့သည်။ ကောင်းစွာလေ့ကျင့်ထားပြီး အကူ ပစ္စည်းများ ပြည့်စုံစွာတပ်ဆင်ပေးထားသည့် တပ်များကို တင့်တပ်ဖွဲ့က ဦးဆောင်ခြင်းသည် မြို့ပြစစ်ဆင်ရေးတွင်
အောင်မြင်မှုအား အဆုံးအဖြတ် ပေးနိုင်ကြောင်း တွေ့ရှိရသည်။
မြို့တွင်းစစ်ဆင်ရေးတွင် သံချပ်ကာတပ်ဖွဲ့၏ဘက်စုံအသုံးပြုနိုင်မှုကို ၂၀၀၃ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ဆိုမာလီယာနိုင်ငံ၊ မိုဂါဒစ်ရှုးတိုက်ပွဲတွင် တွေ့မြင်နိုင်သည်။ (Black Hawk Down ဇာတ် ကားတွင် ကြည့်နိုင်သည်။) လူဦးရေထူထပ်သော ၎င်းင်းမြို့တွင်းဒေသတွင် တိုက်ပွဲဝင်နေသော ရိန်းဂျားစစ်သည်များ ထိခိုက်ဒဏ်ရာရချိန်၌ တင့်တပ်ဖွဲ့ သာလျှင် ကယ်ထုတ်နိုင်ခဲ့သည်။ အလားတူစွာ အီရတ်နိုင်ငံတွင်း နေဗီဆီးလ် လက်ဖြောင့်တပ်သားChris Kyleကလည်း မြို့တွင်း စစ်ဆင်ရေးအခြေ အနေတွင် ရန်သူများသည် ပတ်ပတ်လည်နေရာအနှံ့တွင် ရှိနေနိုင်ကြောင်း၊ ထို့ကြောင့် သံချပ်ကာတိုက်ယာဉ်များအတွင်းရှိနေမှသာ လုံခြုံမှုရှိနိုင်သည်ကို သဘောပေါက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
(ဆက်လက်ဖော်ပြပါမည်-ရန်နိုင်)
(CAVALRY & ARMOR 2012 Nov/Dec)




No comments:
Post a Comment