July 31, 2014

အမှတ် ၄/၅ ဘုရင့်ဂေါ်ရခါးတပ်ရင်း၏ ပခုက္ကူတိုက်ပွဲ နှင့် ဧရာဝတီမြစ်ကူးစစ်ဆင်ရေး (နိဂုံး)


စစ်ဆင်ရေးစီမံချက်ဖြစ်သော မိတ္ထီလာကို သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်များ ဧရာဝတီမြစ်ကို ဖြတ်ကူး ရန် အရေးကြီးပေသည်။ အမှတ် (၄/၅) ဂေါ်ရခါးတပ်ရင်း ပခုက္ကူမြို့ကို သိမ်းပိုက်ရရှိလိုက်ခြင်းသည် နောက်တပ်မတစ်ခု ဖြစ်သည့် အမှတ် (၁၇) အိန္ဒိယတပ်မအတွက် ရှေ့ကိုဆက်သွားရန် လမ်းပွင့်သွားပေသည်။ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့တွင် (၄/၅) ဂေါ်ရခါးတပ်ရင်းသို့ အထက်မှ အမိန့်ရောက်လာသည်။ ပခုက္ကူမြို့၏အရှေ့ဖက် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းငယ် တကျွန်းကို တက်ရောက်ရှင်းလင်းရန်ဖြစ်သည်။ ထိုကျွန်းငယ်တွင် ဂျပန်တပ်များ တပ်စွဲ ထားသောကြောင့် ရှေ့သို့ ဆက်လက်ချီတက်ရေးတွင် အနှောင့်အယှက်ဖြစ်နေသည်။ ကျွန်းမှာ ၃ မိုင်ကျယ်ဝန်းပြီး ၅ မိုင်ရှည်လျားခါ လယ်ကွင်းများ၊ ကျေးရွာများ ရှိပြီး သစ်တောများ၊ ဆင်ငိုမြက်များလည်း ရှိသည်။ တပ်ခွဲ (၁) နှင့် တပ်ခွဲ (၂) တို့သည် ကျွန်း၏ အရှေ့ဖက် နှင့် တောင်ဖက်တို့ကိုတက်တိုက်ခဲ့သည်။ တပ်ခွဲ (၄) တိုက်ရသော မျက်နှာစာ၌ ဂျပန်တို့သည် ခံစစ်ကျင်းကို အခိုင်အမာ တူးထားပြီး ပြင်းထန်စွာခုခံခဲ့သည်။ ဂျပန်တို့၏ခံစစ်ကျင်းများသည် ဆက်သွယ်ရေးမြောင်းများဖြင့် စံနစ်တကျ တည်ဆောက်ထားသည်။ တပ်ခွဲ (၃) သည် ရှေ့ကိုတိုးပြီး ဆက်လက်ရှင်းလင်းခဲ့ရာ ဂျပန်များဆုတ်ပြေးသွားသဖြင့် ဂျပန် တို့၏စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။ ဂျပန်များ ကျွန်းပေါ်မှ ဆုတ်ပြေးသွားပြီဖြစ်သောကြောင့် (၄/၅) ဂေါ်ရခါးတပ်ရင်း သည် ပခုက္ကူမြို့သို့ ပြန်လာခဲ့သည်။

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ဂေါ်ရခါးတပ်ရင်းသည် ပခုက္ကူမြို့၏တောင်ဖက်မှ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး ညောင်ဦးမြို့ကို ချီတက်ခဲ့ကြသည်။ ဂျပန်တပ်များသည် ဘုရားတစ်ဆူရှိသော တောင်ကုန်းတစ်ခုပေါ်မှ အပြင်းအထန် ခုခံရာ ဂေါ်ရခါးတပ်ရင်းမှ ရှေ့ဖျားချီတပ်များသည် ဂျပန်တို့၏ကျည်ဆံများအောက်တွင် ခေါင်းမဖေါ်နိုင်အောင် ရှိခဲ့ရသည်။ ဗိုလ်ကြီး G W Maycock ကွပ်ကဲသောတပ်ခွဲသည် အမြောက်ပစ်ကူဖြင့် ဂျပန်များနေရာယူထားသော တောင်ကုန်းကို တက်ရောက်သိမ်းပိုက်ခဲ့ရာ ဂျပန်စစ်သား ၃၉ လောင်းနှင့်အတူ  ညောင်ဦးရှိ ဂျပန်တပ်စခန်းကိုသိမ်းပိုက်ပြီး တပ်စွဲထား လိုက်သည်။


ဂေါ်ရခါးတပ်ရင်းသည် ညောင်ဦး-ကျောက်ပန်းတောင်းလမ်းတလျောက်ရှိ ဂျပန်တပ်များကို ရှင်းလင်းရန် အထက် မှ အမိန့်ရရှိခဲ့သည်။ ပုဂံ၏အရှေ့တောင်ဘက် ၁၁ မိုင်အကွာရှိ မြောက်ငါးလိုက်ရွာတွင် ဂျပန်တပ်များနှင့် တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် (၄/၅) ဂေါ်ရခါးတပ်ရင်းမှ အင်အားလျှော့နည်းနေသော တပ်ခွဲ (၂) နှင့် တပ်ခွဲ (၄) တို့သည် အမှတ် (၂၅၅) အိန္ဒိယတင့်ကားတပ်မဟာ၏ လက်အောက်ခံ အမှတ် (၁၁၆) တင့်ကားတပ်ရင်း (Gordon Highlanders)၏ ပစ်ကူဖြင့် ဂျပန်များတပ်စွဲထားသောရွာကို တိုက်ခိုက်ခဲ့သည်။ ဂျပန်တို့သည် ရွာထိပ်ရှိ သောက်ရေကန်ဘေးတွင် ပစ်ကျင်းများတူး၍ အပြင်းအထန်ခုခံနေရာ ဗိုလ်Buckley ကွပ်ကဲသော တင့်ကားတပ်ဖွဲ့ နှင့် ကွန်မင်ဒိုတပ်စုမှ ဂျပန်များကိုတိုက်ခိုက်ရှင်းလင်းခဲ့ရသည်။ တချိန်တည်းတွင် တပ်ခွဲ (၁) မှ ဂျပန်များတပ်စွဲထားသောရွာကို တိုက်ခိုက်သိမ်းပိုက်ရန် အသင့်ပြင်ဆင်ထားသည်။ ဂျပန်တပ်များသည် ရွာတွင်းရှိ အိမ်များအတွင်းမှ ခုခံနေသဖြင့် အိမ်များ ကို ပစ်ခတ်ခဲ့ရသည်။ ထိုတိုက်ပွဲ၌ အရာရှိတဦး အပါအ၀င် ဂျပန်စစ်သား ၇ ယောက်ကျဆုံးသွားသည်။ တိုက်ပွဲတွင် ဒဏ်ရာရ ဂျပန်သုံ့ပန်းအများအပြားကို လက်ရဖမ်းဆည်းနိုင်ခဲ့သဖြင့် တင့်ကားများအပေါ်တင်ကာ တပ်မဌာနချုပ်သို့ လွှဲပြောင်းပေးလိုက်သည်။


ဂေါ်ရခါးတပ်ရင်းသည် ညောင်ဦးမြို့တွင် နောက်ထပ် ၆ ပတ်အထိ ခြေကုပ်ယူတပ်စွဲထားခဲ့၏။ ဧပြီလတလလုံး မဟာမိတ်တပ်များသည် ထိုဒေသအတွင်းရှိ ဂျပန်တပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်နေခဲ့သည်။ ဧပြီလ ၃၀ ရက်နေ့တွင် (၄/၅) ဂေါ်ရခါးတပ်ရင်းသည် ပွင့်ဖြူကိုသိမ်းပိုက်လိုက်ပြီး ပုဂံကျေးရွာတွင် တပ်စွဲထားသောဂျပန်တပ်များကို ရှင်းလင်းရန် ချီတက်ခဲ့သည်။ မေလ ၅ ရက်နေ့တွင် ပတ်လည်ခံစစ်ယူထားသော ဂျပန်တပ်များကို တောင်ဘက်မျက်နှာစာမှ စတင် ထိုးစစ်ဆင်ခဲ့သည်။ ၇ ရက်နေ့တွင် ဂျပန်တပ်တို့၏ ထွက်ပေါက်ဖြစ်သော ကားလမ်းကို ပိတ်ဆို့လိုက်သည်။ မေလ ၈ ရက်နေ့၌ ပုဂံကျေးရွာတွင် တပ်စွဲထားသော ဂျပန်တပ်များကို ချေမှုန်းသုတ်သင်နိုင်ခဲ့သည်။

အောင်ပွဲ

ဤစစ်ဆင်ရေးကြီးကိုဆင်နွှဲနေတုန်း တပြိုင်နက်တည်း ဧရာဝတီမြစ်အနောက်ဘက်ကမ်း၌လည်း မန္တလေးမြို့ သိမ်းတိုက်ပွဲကြီးအတွက် မဟာမိတ်တပ်များနှင့် ဂျပန်တပ်များသည် အကြိတ်အနယ် တိုက်ပွဲကြီးများဖြစ်ခဲ့ပါသည်။ နောက်ဆုံး ဂျပန်တပ်များ ရှုံးနိမ့်သဖြင့် စစ်တောင်းမြစ်၏ အရှေ့ဖက်ကမ်းအထိ ဖရိုဖရဲ တပ်ပျက်ပြီး ဆုတ်ခွာသွားကြသည်။ ၁၉၄၅ ခုနှစ် မေလ ၂ ရက်နေ့တွင် မဟာမိတ်တပ်များသည် ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့ကြသည်။ မုတ်သုန်ရာသီလည်း မကြာမီကျလာတော့မှာ ဖြစ်သလို နောက်ဆုံးအဆင့် ကောက်သင်းကောက်စစ်ဆင်ရေးလည်း ပြုလုပ်ရန်ရှိပါတော့သည်။ မေလ ၁၄ ရက်နေ့တွင် (၄/၅) ဂေါ်ရခါးတပ်ရင်းသည် ပုဂံမှထွက်ခွာလာရာ ပြည်မြို့၏မြောက်ဖက် မိုင် ၄၀ အကွာရှိ အာလံမြို့ (မြေထဲမြို့) သို့ ရောက်ရှိလာသည်။ နောက်စစ်ဆင်ရေးအတွက် ပြည်မြို့သို့ပြောင်းရွှေ့ရန် မေလ ၂၇ ရက်နေ့ တွင် တပ်ရင်းသို့ အမိန့်ရောက်ရှိလာပါသည်။

မြို့တွင်းစစ်ဆင်ရေးအတွင်း သံချပ်ကာတပ်ဖွဲ့၏အခန်းကဏ္ဍ


အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ အီရတ်နိုင်ငံအတွင်းကြုံတွေ့ခဲ့ရသော တန်ပြန် သောင်းကျန်းသူချေမှုန်းရေး စစ်ဆင်ရေးများနှင့် အစ္စရေးတို့ကြုံတွေ့ခဲ့ရသည့် ပါလက်စတိုင်းတို့ နှင့်ဖြစ်ပွား
ခဲ့သောပဋိပက္ခစစ်ပွဲများတွင် ရရှိခဲ့ သော အခြေခံသင်ခန်းစာ
တစ်ခုမှာ ပေါင်းစပ် လက်ရုံးတိုက်ခိုက်ရေးအဖွဲ့သည် မည်သည့်မြို့ တွင်းစစ်ဆင်ရေးပတ်ဝန်းကျင်များတွင်မဆို အရေးပါလာခြင်းပင်ဖြစ်ပါသည်။ မြို့တွင်း စစ်ဆင်ရေးအခြေအနေအတွင်း စစ်ဆင်ရေး လုပ်ဆောင်မှုများကို လေ့လာကြည့်ပါက အပြန် အလှန်အကူအညီပေးနိုင်ရန် ဖွဲ့စည်းထားသော ခြေလျင်တင့်ပေါင်းစပ်လက်ရုံးတပ်ဖွဲ့နည်းဗျူဟာ သည် ထိခိုက်ကျဆုံးမှုအနည်းငယ်ဖြင့် ရည်မှန်း ချက်အား အောင်မြင်နိုင်သည့်အပြင် ပတ်ဝန်း ကျင်ဆက်စပ်ထိခိုက်မှုကိုလည်း လျော့နည်းစေ သည်ကို လေ့လာတွေ့ရှိရပါသည်။

မြို့တွင်းစစ်ဆင်ရေးပတ်ဝန်းကျင် အခြေ အနေများသည် လျင်မြန်စွာပြန့်နှံ့လွယ်သော သဘာဝကြောင့် အသေးငယ်ဆုံးနည်းဗျူဟာ တိုက်ခိုက်ရေးအဆင့်တွင်ပင် ကွပ်ကဲထိန်းချုပ်ရ သည်မှာ လွန်စွာခက်ခဲပါသည်။ တပ်ဖွဲ့ငယ်လေး များသာပါဝင်သော နည်းဗျူဟာအဆင့်တွင် သံချပ်ကာ
တိုက်ယာဉ်များ အပြည့်အ၀တွဲဖက် ပေးထားခြင်းမရှိသော တပ်ခွဲနှင့် တပ်စုအရွယ် အစားရှိ ခြေလျင်တပ်ခွဲများသည် မြို့တွင်း စစ်ဆင်ရေး
အခြေအနေတွင် အမျိုးမျိုးသော အခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်ပါသည်။ မြို့တွင်းပတ်ဝန်းကျင်တစ်ခုအတွင်း အကာ အကွယ်မဲ့စွာဖြင့် (သံချပ်ကာမပါဘဲ) ချီတက်နေ သော ခြေလျင်တပ်ဖွဲ့များအနေဖြင့် ရန်သူ၏
ပြင်းထန်သောပစ်ခတ်မှုများနှင့် ကြုံတွေ့ရဖွယ် ရှိပြီး ထိုရန်သူများ၏တည်နေရာကိုလည်း ရှာဖွေ ရန်ခက်ခဲမည်ဖြစ်ပါသည်။

သာမန်တပ်ဖွဲ့ငယ် တစ်ခုတွင် တပ်ဆင်ထားသည့် လက်နက်များ သည်လည်း ဘန်ကာများအတွင်းကောင်းစွာ အကာအကွယ်ယူထားသောရန်သူများ အထူး သဖြင့် အဆောက်အဦအတွင်း ပုန်းအောင်း နေရာယူထားသော ရန်သူ့တည်နေရာများကို ပစ်ခတ်ချေမှုန်းရန်မှာ အားနည်းချက်ရှိပါသည်။ မြို့တွင်းအဆောက်အဦများအကြား နည်းဗျူဟာ မြောက် ဖြန့်ခွဲလှုပ်ရှားရာတွင် ကြုံတွေ့ရမည့် ပြဿနာ များမှာ ကွပ်ကဲထိန်းချုပ်ရမလွယ်ကူ ခြင်းနှင့် အချင်းချင်းအပြန်အလှန်မခွဲခြားနိုင်ခြင်း တို့ဖြစ်ပါသည်။ 



ထိုအခြေအနေများတွင် အချင်း ချင်းအပြန်အလှန် မှားယွင်းပစ်ခတ်မှုကြောင့် ထိခိုက်ကျဆုံးနိုင်မှုအန္တရာယ်မှာလည်း စိုးရိမ်စရာ ဖြစ်ပါသည်။ ထိုပြဿနာအား သံချပ်ကာတိုက် ယာဉ်များအသုံးပြုလျက်ရှိသော ယန္တရားတင် ခြေလျင်တပ်ဖွဲ့များက ဖြေရှင်းပေးနိုင်မည်ဖြစ် ပါသည်။ အဆိုပါသံချပ်ကာတိုက်ယာဉ်များတွင် ထပ်ပိုးသံချပ်ကာများ(သို့) RPG နှင့် အကြီးစား လမ်းဘေးထောင်ဗုံး (IED)ဒဏ်ခံအကာအကွယ် ပစ္စည်းများကို တပ်ဆင်ပေးထားပါသည်။

ထို့အပြင် သံချပ်ကာ၊ တင့်နှင့် ယန္တရား တင်ခြေလျင်တပ်ဖွဲ့များသည်လည်း အကန့် အသတ်များပြားလှသော မြို့ပြဧရိယာများတွင် ဘေးပတ်လည်မြင်နိုင်စွမ်းကန့်သတ်ချက်နှင့် စစ်ကစားနိုင်စွမ်း ကန့်သတ်ချက်များစသည့် အန္တ ရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ပါသည်။ ထိုတပ်ဖွဲ့များအနေဖြင့် မြို့ပြဧရိယာများတွင် တစ်ဖွဲ့တည်းသီးသန့်တာဝန် ထမ်းဆောင်မည်ဆို ပါက အန္တရာယ်များကြုံတွေ့ရမည် ဖြစ်ပါသည်။ အီရတ်နိုင်ငံအတွင်း မြို့တွင်းစစ်ဆင်ရေးများတွင် ကြုံတွေ့ရသော အမေရိကန်သံချပ်ကာတပ်ဖွဲ့ဝင် များ၏ အစီရင်ခံစာများအရ သောင်းကျန်းသူ များသည် အဆောက်အဦများ၏ အမိုးပေါ်မှ (သို့)ပြတင်းပေါက်များမှ သံချပ်ကာတိုက်ယာဉ် အတွင်း အမိုးတံခါးပွင့်နေသော တိုက်ယာဉ်မှူး နှင့် တိုက်ယာဉ်အဖွဲ့သားများအား စနိုက်ပါဖြင့် ပစ်ခတ်ခြင်းနှင့် လက်ပစ်ဗုံးများပစ်ခတ်ခြင်း စသည့် နည်းဗျူဟာကို ထိရောက်စွာအသုံးပြု၍ တိုက်ခိုက်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရပါသည်။ ထို့အပြင် လမ်းကြိုလမ်းကြားနှစ်ဖက်စလုံးမှ တစ်ပြိုင်နက်တိုက်ခိုက်ခြင်း၊ တင့်၏သံချပ်ကာ အကာအကွယ်ပါးသောနေရာအာျးွဏွ ဖြင့် အနီးကပ်တိုက်ခိုက်ခြင်းစသည့် နည်းဗျူဟာ များကိုလည်း အသုံးပြုခဲ့ကြပါသည်။

တင့်နှင့်သံချပ်ကာတိုက်ယာဉ်များသည်RPG ကဲ့သို့ ပုခုံးထမ်းတင့်ဖျက်လက်နက်များဖြင့် အနီးကပ်တိုက်ခိုက် ခံရမှုတွင် အားနည်းချက်များ ရှိသော်လည်း ၎င်းင်းတို့အား မြို့တွင်းစစ်ဆင်ရေး အခြေအနေများတွင် လွှမ်းမိုးနိုင်ခြင်းမရှိဟု ပြောဆို ၍မရပေ။ မြို့တွင်းစစ်ဆင်ရေးနယ်ပယ်သည် သမားရိုးကျရှေ့တန်းစစ်မြေပြင်တစ်ခုနှင့်မတူဘဲ အဆိုပါနေရာများတွင် အကြီးစားအကာအကွယ် များ တပ်ဆင်ထားသောတင့်များသည်ပင် ၎င်းင်း၏ ရှေ့မျက်နှာစာတည့်တည့်မှသာမက ၎င်းင်း၏ အထက်ပိုင်း၊ ဘေးနံများနှင့် နောက်ပိုင်းစသည့် တိုက်ယာဉ်၏အားနည်းသောနေရာမျိုးစုံမှနေ၍ ပစ်မှတ်ထားတိုက်ခိုက်ခံရမည်ဖြစ်ပါသည်။ ထို့အပြင် တိုက်ယာဉ်များ၏ အောက်ကြမ်းပြင် ဧရိယာများကိုလည်း လမ်းဘေးထောင်ဗုံး (IED)များနှင့် မိုင်းတို့ဖြင့် တိုက်ခိုက်ခံရမည် ဖြစ်ပါသည်။



မြို့တွင်းစစ်ဆင်ရေးအား တင့်အသုံးပြုသူ များမှ အတိအကျမျှော်မှန်းထားမည်မဟုတ်သော် လည်း အနာဂတ်ကာလအတွင်း ၎င်းင်းပတ်ဝန်း ကျင်ဒေသတွင် ဖြစ်ပွားနိုင်သည့်တိုက်ပွဲများတွင် ပါဝင်ရမည်ဆိုသည်မှာ မလွဲဧကန်ပင်ဖြစ်ပါ သည်။ အန္တရာယ်များလွန်းသော ၎င်းင်းပတ်ဝန်း ကျင်တွင် တင့်၏အထောက်အပံ့ပေးနိုင်မှုအား
လျော့တွက်၍မရပဲ တပ်မှူးတစ်ဦးအနေဖြင့်လည်း စစ်မြေပြင်အတွင်း ထိခိုက်ကျဆုံးမှုအနည်းဆုံး ဖြစ်စေရန်အတွက် ရနိုင်သမျှတိုက်ခိုက်ရေး
လက်နက် များကို အသုံးပြုချင်မည်ဖြစ်ပါသည်။ မြို့တွင်း စစ်ဆင်ရေးအခြေ
အနေများတွင် တင့်များအား အဆင့်မြှင့်တင်အသုံးပြုခြင်းက အနာဂတ်တိုက်ခိုက် ရေးတပ်ဖွဲ့တွင် တင့်များသည်မရှိမဖြစ်အရေး ပါသောကဏ္ဍမှ ဆက်လက်တည်ရှိနေစေမည် ဖြစ်ပါသည်။ တင့်နှင့် သံချပ်ကာတပ်ဖွဲ့အား မြို့တွင်း စစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရန်
အတွက် အောက်ပါအချက်များကိုလည်း သိရှိထားရန် လိုအပ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

ကြည်းတပ်အား မူလအခြေအနေသို့ပြန်လည်ပို့ဆောင်ခြင်း

 

(အခန်း(၂) ပြောင်းလွယ်ပြင်လွယ်ရှိသောတုံ့ပြန်တိုက်ခိုက်ရေးမဟာဗျူဟာမှအဆက်ဖြစ်ပါသည်။ တည်းဖြတ်ရခြင်းမရှိ
သေးသဖြင့် အမှားပါက သည်းခံကြပါရန်)

ပြောင်းလွယ်ပြင်လွယ်ရှိသော တုံ့ပြန်တိုက်ခိုက်ရေးမဟာဗျူဟာကို
ပြောင်းလဲအသုံးပြုခြင်းနှင့်အတူ အမေရိကန်ကြည်းတပ်၏ ဖွဲ့စည်းပုံကိုလည်း မူလအတိုင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ကြည်းတပ် အနေဖြင့် ၁၉၅၀ ပြည့်လွန်နှစ်များတွင်Pentomic တပ်မအား ဖွဲ့စည်းခြင်းနှင့်အတူ ၎င်းင်း၏ဖွဲ့စည်းပုံကိုလည်း လုံးဝအသွင်ပြောင်း ဖွဲ့စည်းခဲ့ရသည်။ လက်ရှိအချိန်တွင် ၎င်းင်းအခြေအနေအား စွန့်လွှတ်ကာ ပို၍သမားရိုးကျ ဆန်သော ဖွဲ့စည်းပုံနှင့်စစ်ဆင်ရေးမူဝါဒကို ပြန်လည်ဖွဲ့စည်းကျင့်သုံးလျက်ရှိပြီဖြစ်သည်။

၁၉၅၀ ပြည့်လွန်နှစ်များမှ စတင်၍ ကြည်းတပ်သည် Pentomic တပ်မဖွဲ့စည်းပုံကြောင့် ပေါ်ပေါက်လာ ခဲ့သော ချို့ယွင်းချက်များကို ကျော်လွှားနိုင်မည့်နည်းလမ်းများကို ကြိုးပမ်းရှာဖွေခဲ့သည်။ နျူကလီးယား စစ်မြေပြင်အတွင်း တိုက်ပွဲဝင်နိုင်ရန်အတွက် ပြင်ဆင်ခဲ့မှုအစား ကြည်းတပ်သည် သမားရိုးကျစစ်မြေပြင်တွင် ဆိုဗီယက်သံချပ်ကာတပ်ဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်နိုင်မည့် လုံလောက်သောပစ်ခတ်မှုစွမ်းရည်ရှိသည့် ဖွဲ့စည်းပုံသို့ ပြောင်းလဲဖွဲ့စည်းရန်ကြိုးပမ်းခဲ့သည်။

ထို့ကြောင့် ကြည်းတပ် ဖွဲ့စည်းပုံအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးအဖွဲ့(ROAD) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၆၁ ခုနှစ်၊
မတ်လတွင် ကြည်းတပ်ဦးစီးချုပ်Geroge H.Decher ကROAD အဖွဲ့ကို တရားဝင်လက်မှတ်ရေးထိုးပေးခဲ့သလို နောက် ၂ လအကြာတွင် သမ္မတကနေဒီကလည်း အတည်ပြုပေးခဲ့သည်။ အိုက်စင်ဟောင်ဝါအစိုးရ၏ အဖျက်စွမ်းအားကြီးမားစွာ တုံ့ပြန်တိုက်ခိုက်ရေးမဟာဗျူ ဟာအရ ဖွဲ့စည်းခဲ့သော Pentomic တပ်မအား ပြောင်းလွယ်ပြင်လွယ်ရှိသော တုံ့ပြန်တိုက်ခိုက်ရေးမဟာဗျူဟာ နှင့်ကိုက်ညီစေရန်အတွက်ROAD အဖွဲ့က ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ရသည်။



Pentomic ဖွဲ့စည်းပုံနှင့် မတူသည့်အချက်ကROAD အနေဖြင့် ကြည်းတပ်၏တပ်ရင်းများကို သမားရိုးကျစစ်မြေပြင်တစ်ခုတွင် တိုက်ပွဲဝင်နိုင်ရန်အတွက် အဓိကထား အသွင်ပြောင်း
တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တပ်မတစ်ခုစီတွင် တပ်မဟာ ၃ ခုရှိဖွဲ့စည်းပေးခဲ့ပြီး လိုအပ်ပါက ၎င်းင်းတပ်မတစ်ခုစီတွင် တပ်မဟာများတွင် တပ်ရင်းများကို ထပ်မံဖွဲ့စည်းပေးရန်လည်း စီမံဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ ROAD အဖွဲ့က အသွင်ပြောင်းဖွဲ့နေသည့်တိုင် ကြည်းတပ်၏စံပြုဖွဲ့စည်းပုံသည် ၁၉၈၃ ခုနှစ်အထိPentomic ဖွဲ့စည်းပုံမှ မူလအခြေအနေသို့ပြန်သွား နေရသည့် အဆင့်တွင်သာရှိနေဆဲဖြစ်သည်။ အထင်ရှားဆုံးပြောင်းလဲမှုတစ်ခုမှာ ခြေလျင်တပ်ဖွဲ့ဝင်များ အနေဖြင့် ယခင်ထရပ်ယာဉ်များဖြင့်သာ သွားလာနေရသည့်အခြေအနေထက် သံချပ်ကာလူသယ်ယာဉ်များဖြင့် တိုက်ပွဲဝင်ရသည့် ယန္တရားတင်ခြေလျင်တပ်ဖွဲ့များ ဖွဲ့စည်းထားမှုဖြစ်သည်။ROAD အဖွဲ့၏ပြုပြင်ပြောင်း လဲမှုများကြောင့် ကြည်းတပ်များတွင် သမားရိုးကျအစဉ်အလာများပြန်လည်တိုးတက်လာစေပြီး နျူကလီးယား စစ်ပွဲသဘောတရားမှာလည်း ဆိတ်သုဉ်းသွားခဲ့သည်။

တင့်အဆင့်မြှင့်တင်မှုများ

၁၉၆၀ ပြည့်လွန်နှစ်များတွင် ကြည်းတပ်သည် ပြောင်းလွယ်ပြင်လွယ်ရှိသော တုံ့ပြန်တိုက်ခိုက်ရေးမဟာ ဗျူဟာနှင့် ကိုက်ညီမည့် လက်နက်များကို အသုံးပြုနိုင်ရန်အတွက် အကြီးစားအဆင့်မြှင့်တင်ရေးအစီအစဉ် တစ်ခုကို ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ကြည်းတပ်သည်M-60 တင့်များကို စတင်လက်ခံ ရရှိခဲ့ပါသည်။M-60 တင့်သည်M-48 Patton တင့်အား အဆင့်မြှင့်တင်တည်ဆောက်ထားခြင်းဖြစ်ပြီး ၁၀၅ မမ အမြောက်ကို တပ်ဆင်ထားပါသည်။ အဓိကခြားနားမှုတစ်ခုမှာM-60 တင့်၏ကိုယ်ထည်အား သံမဏိ သံချပ်ကာကို ဂဟေဆက်စနစ်ဖြင့်တည်ဆောက်ပြီးM-48 Pattonတင့်ကမူ သွန်းသံမဏိဖြင့်တည်ဆောက်ခြင်းဖြစ် သည်။ နောင် ၂ နှစ်အကြာတွင် ကြည်းတပ်သည် အကာအကွယ်ပိုင်းဆိုင်ရာကို အဆင့်မြှင့်တင်ထားပြီး ဆုံလည်သစ်နှင့် ခဲယမ်းထားသိုမှုစနစ်သစ်တို့ကို တပ်ဆင်ထားသည့်M-60 A1 တင့်ကို အသုံးပြုခဲ့သည်။

M-60 ၏ နောက်ထပ်မျိုးကွဲပုံစံတစ်ခုအဖြစ် တင့်၏အသွင်အပြင်ပိုင်းသဏ္ဍာန်ကို လုံးဝတော်လှန် ဆန်းသစ်စွာတည်ဆောက်ထားသည့်M-60A2 တင့်ကိုလည်း ထုတ်လုပ်ခဲ့ပါသည်။ ၎င်းင်းတင့်အား ၁၉၇၄ ခုနှစ်တွင် စတင်လက်ခံရရှိခဲ့ပြီး ၎င်းင်း၏ဆုံလည်သစ်တွင်MGM-51 Shillelagh တင့်ဖျက်ပဲ့ထိန်းဒုံးကိုပါ ပေါင်းစပ် တပ်ဆင်ပေးထားသည်။Shillelagh ပဲ့ထိန်းဒုံးကို စတင်တီထွင်ခဲ့သော အချိန်မှသည် အသုံးပြုခဲ့သောအချိန် အထိကြည်းတပ်အနေဖြင့်ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။



၎င်းလက်နက်စနစ်အား တည်ဆောက်ရန်ကန်ထရိုက်ရရှိခဲ့သည့် ကုမ္ပဏီသည် လက်နက်စနစ်သစ်တစ်ခုတီထွင်ရာတွင် ကြုံတွေ့ ရနိုင်သည့်ပြဿနာများကို လျော့တွက်ခဲ့ပါသည်။ ဒုံး၏propellant, igniter ၊ခြေရာခံစနစ်နှင့် အနီအောက် ရောင်ခြည်သုံးကွပ်ကဲမှုစနစ်များတွင် အတွေ့အကြုံပိုင်းဆိုင်ရာပြဿနာများပေါ်ပေါက်ခဲ့ရသည်။ ထိုစဉ်က တင့်ဖျက်ပဲ့ထိန်းစနစ်များမှာ လက်နက်အသစ်ဆန်းတစ်ခုဖြစ်နေ၍လည်း ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။

(ဆက်လက်ဖော်ပြပါမည်)

July 28, 2014

အမှတ် ၄/၅ ဘုရင့်ဂေါ်ရခါးတပ်ရင်း၏ ပခုက္ကူတိုက်ပွဲ နှင့် ဧရာဝတီမြစ်ကူးစစ်ဆင်ရေး (အပိုင်း-၂)


တစ်ညလုံးချီတက်ခဲ့ပြီးနောက် တပ်ခွဲမှူး ဗိုလ်မှူး Beytagh ကွပ်ကဲသော တပ်ခွဲ (၃) သည် ရည်မှန်းချက်ဖြစ်သော ပခုက္ကူမြို့အနားသို့ ရောက်ရှိခဲ့ပြီး ဖေဖေါ်ဝါရီလ ၅ ရက်နေ့ မနက်စောစောတွင် ကားလမ်းကို ရှင်းလင်းလိုက်သည်။ ဂျပန်တပ်မှ ပစ်ခတ်လိုက်သော အမြောက်ကျည်ဆံများ ကြိုးကြားကြိုးကြား ကျရောက်နေပြီး ပခုက္ကူမြို့သို့ သွားရာလမ်းမှ ကံလှရွာတွင် ဂျပန်တပ်များ အလုံးအရင်းဖြင့် နေရာယူထားကြောင်း ထောက်လှမ်းရေးသတင်းပို့ချက်အရသိရသည်။ ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး J H Turner ဦးဆောင်သော တပ်ခွဲ၊ ဗိုလ်ကြီး Fisher ၏ တပ်ခွဲ (၁)၊ ဗိုလ်မှူး I.M Brown (MC) ၏ တပ်ခွဲ (၄) - တပ်ခွဲ ၃ ခွဲသည် ကံလှရွာကို မြောက်ဖက်မှ ၀ိုင်းပတ်ပိတ်ဆို့လိုက်သည်။ တပ်ခွဲ (၁) သည် ဘယ်ဖက်သို့ အနည်းငယ်ရွှေ့ကာ အရှေ့မြောက်ဖက်တွင်လည်းကောင်း၊ တပ်ခွဲ (၄) သည် ကံလှရွာ၏ အနောက်ဖက်တွင်လည်းကောင်း နေရာယူထားသည်။ န-နာရီ ညနေ ၅း၃၀ နာရီတွင် ကံလှရွာတွင်း တပ်စွဲထားသော ဂျပန်တပ်ကို စတင်တိုက်ခိုက်ခဲ့ရာ အလတ်စားစက်သေနတ် တပ်ဆင်ထားသော ဘန်ကာတခု အပါအ၀င် ဂျပန်တပ် နေရာများ၏တ၀က်ကို သိမ်းပိုက်နိုင်ခဲ့သည်။
တပ်ခွဲတခွဲသည် ကံလှရွာရှိ ဂျပန်တို့ကို အနောက်မြောက်ဖက်မှ တိုက်ခိုက်ရန် နေရာယူထားသည်။ ဒုတိယတပ်ခွဲက ကံလှရွာ၏ အနောက်ဖက်တွင် နေရာယူထားသည်။ န-နာရီ ညနေ ၅း၃၀ နာရီတွင် ကံလှရွာတွင်း တပ်စွဲထားသော ဂျပန်တပ်ကို စတင်တိုက်ခိုက်ခဲ့ရာ အလတ်စားစက်သေနတ် တပ်ဆင်ထားသော ဘန်ကာတခု အပါအ၀င် ဂျပန်တပ် စခန်းနေရာများ၏တ၀က်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ဂျပန်စစ်သား ၃၀ ကျဆုံးပြီး အများအပြား ဒဏ်ရာ ရသွားခဲ့သည်။ ကံလှရွာရှိ ဂျပန်တပ်များမှ အလတ်စားစက်သေနတ် ၂ လက်၊ အပေါ့စားစက်သေနတ် ၃ လက် နှင့် ဂျပန်ရိုင်ဖယ် ၂၀ လက်တို့ကို ရရှိခဲ့သည်။
တိုက်ပွဲတွင် ရဲဝံ့စွန့်စားစွာ တိုက်ခိုက်ခဲ့သော တပ်ခွဲအရာခံဗိုလ် Bhagta Bahadur Gurung ဒဏ်ရာရရှိခဲ့သည်။ သူ၏ တိုက်ပွဲတွင်ထူးချွန်မှုအတွက် Indian Order of Merit (IOM) ဆုကိုချီးမြှင့်ခြင်းခံရသည်။ Military Cross (MS) တံဆိပ်ရထားသော ဗိုလ်မှူး Brown ကို နောက်ထပ် MS တံဆိပ်အတွက် ဘားတံဆိပ် (Bar) ချီးမြှင့်ခဲ့သည်။ ဤတံဆိပ် ၂ ခု အပါအ၀င် ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်စစ်မြေပြင်တွင် အမှတ် (၄/၅) ဂေါ်ရခါးသေနတ်ကိုင်တပ်ရင်းသည် ဆုတံဆိပ် ၄၁ ခုကို ရရှိခဲ့သည်။


ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ထောက်လှမ်းရေးသတင်းအရ ရည်မှန်းချက်နေရာအချို့တွင် ဂျပန်တပ်များ ဆက်လက် တပ်စွဲနေကြောင်းသိရသည်။ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် အမှတ် (၄/၁) ဂေါ်ရခါးတပ်ရင်းသည် (၄/၅) ဂေါ်ရခါးတပ်ရင်း အတွက် စစ်စခန်းကို တည်ဆောင်ပေးခဲ့သည်။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် ဗိုလ်မှူး Brown ၏ တပ်ခွဲ (၄) သည် ဂျပန်တို့၏စခန်းတစ်ခုကို တိုက်ခိုက်ရှင်းလင်းခဲ့ရာ ဂျပန်ဖက်မှ ၁၂ ယောက် ကျဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့၏။ အဓိကတိုက်စစ်ကို ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ နံနက် ၆း၄၅ နာရီတွင်စတင်ရန် စီမံထားသည်။ သို့သော်လည်း ရာသီဥတု အခြေအနေက ဗုံးကြဲတိုက်ခိုက်မည့် အစီအမံကို ပျက်ပြားစေခဲ့သည်။ ထို့ကြောင့် အမှတ် (၄/၅) ဂေါ်ရခါးတပ်ရင်းမှ ဗိုလ်မှူး Beytagh ကွပ်ကဲသော တပ်ခွဲ (၃) သည် အမှတ် (၂၂၅) အိန္ဒိယတင့်ကားတပ်မဟာ (Gordon Highlanders) မှ တင့်ကားများ အကူအညီဖြင့် ဂျပန်တို့ကို စတင်တိုက်ခိုက်ခဲ့သည်။ ဗိုလ်ကြီး Fisher ၏ တပ်ခွဲ (၁) သည် နောက်ရံနေရာမှ အရှေ့ဆုံးသို့တက်လာခဲ့သလို ဗိုလ်မှူး Brown (MC) ၏ တပ်ခွဲ (၄) သည် တင့်ကားများ၏ ပစ်ကူဖြင့် တပ်ခွဲ (၃) ၏ ညာတောင်ပံမှ ဂျပန်တို့ကို တက်တိုက်ခဲ့သည်။ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး Turner သည် ဂျပန်စနိုက်ပါ၏ ပစ်ခတ်မှုကို ခံလိုက်ရသောကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ ထို့ကြောင့် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး D E Owen က တပ်ရင်းကို ကွပ်ကဲရတော့သည်။ ဂျပန်တို့၏ခုခံမှုသည် ပြင်းထန်လှသောကြောင့် ဂေါ်ရခါးတပ်ရင်းသည် အရိုးကြေကြေ အရေခန်းခန်းဟူသော စိတ်ဓါတ်ဖြင့် တိုက်ပွဲဝင်ခဲ့ရာ နေ့လည်အချိန်တွင် အမှတ် (၄/၅) ဂေါ်ရခါးတပ်ရင်း သည် ၄င်း၏ရည်မှန်းချက်နေရာအားလုံးကို သိမ်းပိုက်ရရှိခဲ့သည်။ ထိုတိုက်ပွဲများတွင် ဂျပန်တို့သည် အပြင်းအထန် ခုခံခဲ့ရာ စစ်သုံ့ပန်း တစ်ဦးကိုသာလျှင် ဖမ်းမိနိုင်ခဲ့ပြီး ဂျပန်တို့၏အလောင်း ၅၁ လောင်းကို တွေ့ရှိခဲ့သည်။
သိမ်းပိုက်ရမိသောနေရာတွင် တပ်စွဲထားပြီး ဂျပန်တပ်များ၏ တန်ပြန်တိုက်စစ်ကို တွန်းလှန်နိုင်ရန် ဂေါ်ရခါး တပ်ရင်းတရင်းလုံး ခံစစ်ပြင်ခဲ့ကြသည်။ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ တညလုံး ဂျပန်တို့သည် ၆ ကြိမ်တိုင်တိုင် တန်ပြန် တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ၁၁ ရက် နှင် ၁၂ ရက်နေ့ညများတွင်လည်း ဂေါ်ရခါးတပ်ရင်း တပ်စွဲထားရာ နေရာများသို့ ဖေါက်ထွင်းဝင်ရောက်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ချေ။ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ညတွင် အမှတ် (၄/၅) ဂေါ်ရခါး တပ်ရင်းမှ ဗိုလ်ကြီး McBride ၏ တပ်ခွဲ (၂) နှင့် ဗိုလ်မှူး Beytagh ၏ တပ်ခွဲ (၃) တို့သည် ပခုက္ကူမြို့အနားရှိ ဆင်လမ်းကျေးရွာကို သိမ်းပိုက်လိုက်ပြီးနောက် ပခုက္ကူမြို့ကိုဝင်ရောက်ပြီး တပ်စွဲထားလိုက်သည်။ ဤသို့ဖြင့် အမှတ် (၇) အိန္ဒိယတပ်မ၏ စစ်ဆင်ရေးရည်မှန်းချက် ပထမအဆင့်ဖြစ်သော ဧရာဝတီမြစ် အနောက်ဖက်ကမ်း ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး နောက်အဆင့်ထိုးစစ်အတွက် အသင့်ဖြစ်လို့နေပါပြီ။ တိုက်ပွဲများတွင် ဖမ်းဆီးရမိလိုက်သော လက်နက်ခဲယမ်းများတွင် ၇၅ မမ အမြောက်တစ်လက်၊ အလတ်စားစက်သေနတ်တစ်လက်၊ အပေါ့စားစက်သေနတ် တစ်လက် တို့ပါဝင်သည်။ [၇၅ မမ အမြောက်ကို တိုက်ပွဲအောင်မြင်မှု အထိမ်းအမှတ်အဖြစ် ၁၉၆၃ ခုနှစ်တွင် အင်္ဂလန် နိုင်ငံသို့ သယ်ဆောင်သွားပြီး တပ်ရင်း၏ပင်မကင်းနေရာတွင် ပြသထားသည်။]
ဂေါ်ရခါးတပ်ရင်းဖက်မှ ထိခိုက်ကျဆုံးသူ နည်းပါးသော်လည်း တပ်ရင်းမှူး ကျဆုံးခဲ့ရသည်။ တပ်ရင်းမှ ၅ ယောက် ကျဆုံးပြီး ၂၆ ယောက် ဒဏ်ရာရရှိခဲ့သည်။ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် တိုက်ပွဲတွင် ဒဏ်ရာရထားသော တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး J H Turner ကျဆုံးသွားသည်။ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့၌ အမှတ် (၇) ဂေါ်ရခါးတပ်ရင်းမှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး A D MacConachie ရောက်ရှိလာပြီး အမှတ် (၄/၅) ဂေါ်ရခါး တပ်ရင်း၏ တပ်ရင်းမှူးအသစ်အဖြစ် တာဝန်ယူလိုက်သည်။ ကျဆုံးသွားသော ဒု-ဗိုလ်မှူးကြီး J H Turner မှာ လက်အောက်ငယ်သားများ၏ ရိုသေလေးစားမှုကို ခံရသူဖြစ်သည်။ သူသည် ကံလှ (ပခုက္ကူ) တိုက်ပွဲ ၂ ကြိမ်စလုံးတွင် စစ်ရေးအခြေအနေကို လျင်မြန်စွာသုံးသပ်ခဲ့ပြီး လျင်မြန်စွာ ဆုံးဖြတ်ချက်ချနိုင်ခဲ့သောကြောင့် တိုက်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည်။ ပထမအကြိမ် ကံလှတိုက်ပွဲ၌ အမြောက်ဆံများ၊ ကျည်ဆံများ ကျရောက်ပေါက်ကွဲနေသည့်တိုင် တည်ငြိမ်အေးဆေးစွာဖြင့် တိုက်ပွဲကို ကွပ်ကဲနိုင်ခဲ့သည်။
ဧရာဝတီမြစ်ကူးစစ်ဆင်ရေးများ


အမှတ် (၇) အိန္ဒိယတပ်မသည် ပခုက္ကူမြို့ကိုသိမ်းပိုက်ပြီးနောက်တရက် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် မဟာမိတ်တပ်များသည် ဧရာဝတီမြစ်ကို ညောင်ဦးမြို့မှ ဖြတ်ကျော်ခဲ့ကြသည်။ အမှတ် (၇) တပ်မ၏ မြစ်ဖြတ်ကူးရေးမှာ မျက်နှာစာကျယ်ဝန်းသည်။ အစဦးတွင် ရန်သူတို့၏ ခုခံမှုများကြောင့် ညောင်ဦး နှင့် ပုဂံမြို့များတွင် မြစ်ဖြတ်ကူးသော မဟာမိတ်တပ်များမှာ အောင်မြင်မှုကို မရခဲ့ချေ။ ပုဂံ နှင့် ညောင်ဦးမြို့များကို ဂျပန်တို့နှင့် မဟာမိတ်ဖွဲ့ထားသော အိန္ဒိယလွတ်မြောက်ရေး တပ်မတော် (Indian National Army-INA) မှ အမှတ် (၄) ပျောက်ကြားတပ်ရင်းကြီး၏ လက်အောက်ခံ တပ်ရင်း ၂ ရင်းတို့က ကာကွယ်ထားပြီး တပ်ရင်းတစ်ရင်းက အရန်အဖြစ်ရှိနေသည်။ ဧရာဝတီမြစ်ကို ဖြတ်ကူးနေစဉ် အရှေ့ဖက်ကမ်းမှ ပစ်ခတ်သော စက်သေနတ်ကျည်ဆံများကြောင့် လှေများကွဲပြီး နစ်မြောက်သောကြောင့် အမှတ် (၇) အိန္ဒိယတပ်မတွင် ကျဆုံးမှုများခဲ့ရသည်။ နောက်ဆုံးတွင် Gordon Highlanders တပ်မှ တင့်ကားများ၏ အကူပစ်အား၊ အမြောက်တပ်များ၏ အကူပစ်အားများဖြင့် ဧရာဝတီမြစ်ကိုဖြတ်ကူးနိုင်ခဲ့ပြီး ညောင်ဦးမြို့ကို သိမ်းပိုက်ခဲ့သည်။ ပုဂံမြို့တွင် INA ၏ အမှတ် (၉) တပ်ရင်းသည် (၁/၁၁) ဆစ်ခ်တပ်ရင်းကို အပြင်းအထန် ခုခံ တိုက်ခိုက်ခဲ့ပြီးနောက် ပုပ္ပါးသို့ ဆုတ်ခွားသွားခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။ ။

July 22, 2014

တိုက်လေယာဉ်များမှ ခရုစ်ဒုံးပျံများဆီသို့အပိုင်း(၂)

(အမေရိကန်တို့၏ နည်းပညာပြောင်းလဲတိုးတက်လာမှုနှင့် စစ်ဆင်ရေးမူဝါဒများစာအုပ်အားအခန်းဆက်ဖြင့်ဖော်ပြနေခြင်းဖြစ်ပါသည်။
မူကြမ်းဖြစ်ပြီး ပြန်လည်တည်းဖြတ်ရခြင်းမရှိသေးသဖြင့် စာလုံးပေါင်းနှင့်အခေါ်အဝေါ်များမှားယွင်းမှုရှိ
မည်ဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါသည်)
တိုက်ချင်းပစ်ဒုံးပျံတစ်စင်းအား တီထွင်ရန်ကြိုးပမ်းရာတွင် စိန်ခေါ်မှုများစွာကိုလည်း ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည်။ အထူးသဖြင့် အလွန်ကွာဝေးသောနေရာရှိ ပစ်မှတ်အားတိကျစွာ ရောက်ရှိနိုင်မည့် ပဲ့ထိန်းစနစ်တီ ထွင်ရေးမှာ အဓိကပြဿနာတစ်ခုဖြစ်သည်။ ထိုခေတ်ကာလ အီနားရှားလမ်းကြောင်းထောက်လှမ်းရေးစနစ် သည်လည်း
နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်တစ်စင်းအား ပစ်မှတ်ဆီသို့ တိကျစွာပျံသန်းရောက်ရှိနိုင်ရန် လိုအပ်ချက်များစွာရှိနေခဲ့သည်။ ထို့ကြောင်Northrop ကုမ္ပဏီသည် ဒုံးအားကောင်းကင်ယံမှ ကြယ်များ၏ လမ်းကြောင်းအတိုင်းပျံသန်းနိုင်မည့ှ်Stellar Guidance System ခေါ် ကြယ်တာရာလမ်းညွှန်ပဲ့ထိန်းစနစ် ကို တီထွင်ခဲ့သည်။ သို့သော် အဆိုပါစနစ်မှာ ဒုံးကျည်ပျံသန်းရာလမ်းကြောင်း တိကျမှန်ကန်နိုင်ရန်အတွက် ယုံကြည်စိတ်ချရမှုမရှိဘဲ ဒုံးအရွယ်အစားကို ပိုမိုကြီးမားလာကာ အလေးချိန်တစ်တန် ပိုလာစေခဲ့သည်။


Snark ဒုံးပျံသည် အငြင်းပွားဖွယ်ရာစီမံကိန်းတစ်ခု ဖြစ်ခဲ့သည်။ ၁၉၄၉ ခုနှစ်ဇူလိုင်လတွင် လေတပ် ဗိုလ်ချုပ်ကြီးJoseph McNameymက အမေရိကန်တို့အတွက် အတောက်ပဆုံးဒုံးလက်နက်စီမံကိန်းတစ်ခု ဟု အမွှမ်းတင်ပြောဆိုခဲ့သော်လည်း လေတပ်ဖွဲ့ကမူ ၄င်းစီမံကိန်းကို စိတ်အားထက်သန်မှုမရှိလှပေ။ ကြည်းတပ် ဖွဲ့နှင့် ရေတပ်ဖွဲ့တို့ကလည်း ၄င်းစီမံကိန်း၏ ကုန်ကျစရိတ်မြင့်မားမှုနှင့် ဘေးထွက်ဆိုးကျိုး
ထိခိုက်မှုများအပေါ် ဝေဖန်ခဲ့ကြသည်။ လေတပ်ဖွဲ့သည် အဆိုပါဒုံးပျံအတွက်လိုအပ်သော် စွမ်းဆောင်ရည်သစ်များကိုလည်း ထုတ်ပြန်ခဲ့သည်။ ထိုခေတ်အချိန်က ခေတ်မီလေကြောင်းရန်
ကာကွယ်ရေးစနစ်များ တိုးတက်ပေါ်ထွန်းလာ မှုကြောင့်လည်း တိုက်ချင်းပစ်ဒုံးပျံတစ်စင်း၏ ရှင်သန်လွတ်မြောက်နိုင်စွမ်းအပေါ် စိုးရိမ်ပူပန်မှုများမြင့်တက် လာစေခဲ့သည်။
၁၉၅၀ ပြည့်နှစ် ဇွန်လတွင် စီမံကိန်းမန်နေဂျာများက အသံထက်လျင်မြန်သောဒုံးပျံအမျိုးအစား ကို ပိုမိုအလိုရှိကြောင်း အဆိုပြုခဲ့ကြသည်။ ထို့အပြင် ဒုံးပျံ၏ အကွာအဝေးပျံသန်းနိုင်စွမ်း၊ ၀န်တင်နိုင်စွမ်းနှင့် တိကျမှုကိုလည်း ထပ်မံမြှင့်တင်ပေးရန်လည်း အလိုရှိခဲ့ကြသည်။ Northrop ကုမ္ပဏီသည် ယခင်Snark ဒုံးပျံထက် ကိုယ်ထည်ရှည်လျားပြီး ထိပ်ဖူးပိုချွန်ကာ တောင်ပံပိုကြီးမားသောSuper Snark ဒုံးပျံကို တီထွင် ၍ အထက်ပါလိုအပ်ချက်များကို
ဖြေရှင်းနိုင်ရန်ကြိုးပမ်းခဲ့သည်။ သို့သော် ယခင်Snark ဒုံးပျံကဲ့သို့ပင် နည်းပညာပိုင်းဆိုင်ရာပြဿနာများ၊ ကုန်ကျစရိတ်မြင့်မားမှုပြဿနာများနှင့် အစီအစဉ်နှောင့်နှေးမှုများ ကြုံ တွေ့ခဲ့ရကာSuper Snark ဒုံးစီမံကိန်းအတွက် ထောက်ပံ့မှုများမှာ တစ်ဖြည်းဖြည်းရပ်ဆိုင်းသွားခဲ့သည်။


၁၉၅၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် SAC သည် ၄င်းတို့၏စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍၄င်းတို့၏စိုး ရိမ်ပူပန်မှုများကို တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။ အထက်ပါပြဿနာများကြောင့် လေတပ်ဖွဲ့တွင် လူလိုက်ပါမောင်းနှင်ရသော ဗုံးကြဲလေယာဉ်များက လွှမ်းမိုးနေဦးမည်ဖြစ်သော်လည်း ဒုံးပျံများ၏ မြေပြင်နှင့် ဝေဟင်နှစ်မျိုးစလုံးတွင် ရှင်သန်ရပ်တည်နိုင်စွမ်းမြင့်မားစေရေးအတွက်လည်း သင့်တော်သောအဖြေများကို ဆက်လက်ရှာဖွေရန် တိုက်တွန်းခဲ့သည်။
မဟာဗျူဟာမြောက်ဒုံးပျံများ၏ အရေအသွေးဆန်းစစ်ရေးကော်မတီ (ှSMEC-Strategic Missile Committee)သည် ၀ါရင့်သိပ္ပံပညာရှင်များပါဝင်သော အဖွဲ့အစည်းတစ်ခု အားဖွဲ့စည်း၍ အမေရိကန်တို့၏တာဝေးပစ်ဒုံးလက်နက်
အစီအစဉ်များကို လေ့လာဆန်းစစ်စေခဲ့ရာတွင်Snark ဒုံးပျံသည် ရှုပ်ထွေးခြင်း၊ အားနည်းချက်များရှိခြင်းနှင့် တိကျမှုမရှိခြင်း စသည့်အားနည်းချက်များကို ဖော်ထုတ် တွေ့ရှိခဲ့သည်။
၎င်းဒုံးပျံ၏ နျူကလီးယားထိပ်ဖူးပစ်လွှတ်နိုင်စွမ်းနှင့် တိကျမှုတို့မှာ ၅၀-၅၀ ရာခိုင်နှုန်းစီသာ ရှိသည်။ထိုကဲ့သို့ပြဿနာများကို ကြုံတွေ့ခဲ့ရလင့်ကစားလေတပ်ဖွဲ့သည် ၄င်းတို့၏အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ Presque Isle အခြေစိုက် အမှတ်(၇၀၂)ဒုံးတပ်ဖွဲ့တွင် ပထမဆုံးSnark ဒုံးတပ်ရင်းကို ဖွဲ့စည်းပေးခဲ့ပြီး မေလတွင် ပထမဆုံးအကြိမ် ဒုံးပျံများကိုဖြန့်ခွဲပေးခဲ့သည်။ နောက်နှစ်နှစ်အကြာ သမ္မတကနေဒီလက်ထက်တွင် သမ္မတရုံးသို့ ၄င်းဒုံးလက်နက်တပ်ဆင်မှုဆိုင်ရာ ပြဿနာ အခက်အခဲများကို တင်ပြလာမှုကြောင့် တစ်ဖြည်းဖြည်းပြန်လည်ဖျက်သိမ်းရန်စီစဉ်ခဲ့ရသည်။


အစိုးရအဖွဲ့ အနေဖြင့် အဆိုပါဒုံးပျံများသည် ပျံသန်းရာတွင် ယုံကြည်စိတ်ချရမှုမရှိဘဲ ဆိုဗီယက်လေကြောင်းရန် ကာကွယ် ရေးစနစ်ကိုလည်း ထိုးဖောက်နိုင်မည်မဟုတ်၍ တိုက်ချင်းပစ်ဒုံးပျံလောက်ထိရောက်မှုရှိမဟုတ်ဟု ရှုမြင်သုံးသပ် ခဲ့သည်။ လေတပ်ဖွဲ့သည်လည်း ၁၉၆၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် အမှတ်(၇၀၂)ဒုံးတပ်ဖွဲ့ကို ပြန်လည် ဖျက်သိမ်းခဲ့သည်။
အသံ၏ အလျင်ထက်နိမ့်သောSnark ဒုံးပျံအမျိုးအစားထက် ပိုမိုကောင်းမွန်သည့် အသံထက်မြန် သောNavaho ဒုံးပျံတွင်Snark ဒုံးပျံ၏ အကြီးမားဆုံးအားနည်းချက်တစ်ခုဖြစ်သော ပျံသန်းမှုဆိုင်ရာ အားနည်းချက်များကို ပြည်လည်ပြုပြင်၍ဒီဇိုင်းဆွဲတည်ဆောက်ခဲ့သည်။ Navaho သည် အသံထက် ၃ ဆကျော်လျင်မြန်မှုရှိပြီး အကွာအဝေးမိုင် ၃၅၀၀ အထိရောက်ရှိနိုင်ပါသည်။ လေတပ်ဖွဲ့၏ လိုလားချက်များ အတိုင်း ဦးစားပေးတည်ဆောက်ထားသည့်တိုင် အဆိုပါဒုံးပျံသည်လည်း စစချင်းပင်ပြဿနာများကြုံတွေ့ခဲ့ရ သည်။Naver-90 ဟုလည်း အမည်ပြောင်ပေးထားသည့် ၄င်းဒုံးကျည်၏Ramjet အင်ဂျင်မှာ လက်တွေ့တွင် ယုံကြည်စိတ်ချရမှုမရှိခဲ့ပေ။ ၁၉၅၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့် အကုန်အကျခံတည် ဆောက်ခဲ့ရသော ၄င်းဒုံးပျံသည် ပျံသန်းချိန် ၁၉ မိနစ်ပင်မကြာဘဲ ပျက်ကျခဲ့ရသည်။ ထို့ကြောင့် လေတပ်ဖွဲ့ သည် ၄င်းဒုံးပျံအစီအစဉ်ကို ဖျက်သိမ်း၍ ပထမမျိုးဆက် SM-65 Atlasတိုက်ချင်းပစ်ဒုံးပျံကို အသုံးမပြုနိုင်သေးခင်အချိန်အထိSAM-62 Snark ခရုစ်ဒုံးပျံများကိုသာ အားထားအသုံးပြုရန်ဆုံးဖြတ်ခဲ့သည်။
လေတပ်ဖွဲ့တွင် လူလိုက်ပါမောင်းနှင်သော တိုက်လေယာဉ်များကသာ အဓိကနေရာယူထားသော် လည်း ပဲ့ထိန်းဒုံးပျံများကိုအသုံးပြုနိုင်ရန်အတွက်လည်း ကြိုးပမ်းခဲ့ကြသည်။ အစောပိုင်းနှစ်များကတည်းက
လေတပ်ဖွဲ့သည် တိုက်လေယာဉ်များကဲ့သို့ပင် ခရုစ်ဒုံးပျံများကိုအသုံးပြုနိုင်ရန်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ဥပမာအားဖြင့် ၁၉၅၁ ခုနှစ် မေလတွင် လေတပ်ဖွဲ့ကောင်စီ(Air Force Council) သည် ပဲ့ထိန်းဒုံးပျံများကို တိုက်လေယာဉ်များကဲ့သို့ တာဝန်ခွဲဝေအသုံးပြုနိုင်ရန်ထောက်ခံခဲ့ကြသည်။ Matador ၊ Snark နှင့် Navaho ဒုံးပျံများကို ဗုံးကြဲလေယာဉ်များဟုလည်းကောင်း၊Falcon ဝေဟင်မှဝေဟင်ပစ်ဒုံးပျံများနှင့်Bomarce မြေပြင်မှဝေဟင်ပစ်ဒုံးပျံများကို တိုက်လေယာဉ်များဟုလည်းကောင်း အမည်ပေးခဲ့ကြသည်။ ဥပမာအားဖြင့် Matador ဒုံးပျံအားB-61 ဗုံးကြဲလေယာဉ်ဟုပင် အမည်ပေးခဲ့ကြသည်။ လေတပ်အခြေစိုက်ခန်းဌာနချုပ်(Air Force Wing)များတွင်လည်း ဒုံးလက်နက်စခန်းဌာချုပ်(Air Force Wing)များကိုပါ ထည့်သွင်းဖွဲ့စည်းပေး ခဲ့သည်။


လေတပ်ခေါင်းဆောင်ပိုင်းအချို့ကမူ လေတပ်ဖွဲ့တွင် လူမဲ့ပဲ့ထိန်းဒုံးပျံများ အသုံးပြုမှုကိုအပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ ၄င်းတို့အနေဖြင့် ပဲ့ထိန်းဒုံးပျံများသည် လေတပ်ဖွဲ့အရာရှိများအတွက် အလုပ်ပိုတစ်ခု သာဖြစ်လာစေမည်ဖြစ်ကြောင်း၊ လေယာဉ်မှူးများသည်လည်း တိုက်လေယာဉ်မောင်းနှင်ပျံသန်းခြင်းအလုပ် ကိုသာ ချစ်ခင်နှစ်သက်ကြမည်ဖြစ်ပြီး သိပံ္ပပညရှင်များကဲ့သို့ ဒုံးပျံများကိုကိုင်တွယ်ထိန်းသိမ်းလိုကြမည် မဟုတ် ကြောင်း ဝေဖန်ခဲ့ကြသည်။ ၁၉၅၃ ခုနှစ်နှင့် ၁၉၆၁ ခုနှစ်ကာလတွင် ဒုတိယလေတပ်ဦးစီးချုပ်နှင့် လေတပ်ဦးစီး ချုပ်တာဝန်များကို ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးThomas D.White ကလည်း ၁၉၅၇ ခုနှစ်တွင် ပြုလုပ်ခဲ့ သည့် တပ်မှူးများညီလာခံတွင် ““ လေတပ်ဖွဲ့တွင် ဒုံးပျံများတပ်ဆင်အသုံးပြုရန် ကြိုးပမ်းနေမှုများမှာ လေယာဉ်တွနဲ့တိုက်ပွဲဝင်ရမဲ့လေယာဉ်မှူးတွေကို မြင်းစီးခိုင်းပြီးကင်းထောက်ဆက်သား တာဝန်ထမ်းဆောင်ခိုင်းတာနဲ့ တူနေကြောင်း”” ဝေဖန်ပြောကြားခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်- ခရုစ်ဒုံးပျံမှတိုက်ချင်းပစ်ဒုံပျံများနှင့် တိုက်လွှမ်းခြုံလေကြောင်းရန်ကာကွယ်ရေးစနစ်
ကိုဆက်လက်အားပေးပါရန်-ရန်နိုင်)

တိုက်လေယာဉ်များမှ ခရုစ်ဒုံးပျံများဆီသို့အပိုင်း(၁)


(အမေရိကန်တို့၏ နည်းပညာပြောင်းလဲတိုးတက်လာမှုနှင့် စစ်ဆင်ရေးမူဝါဒများစာအုပ်အား အခန်းဆက်ဖြင့်ဖော်ပြနေခြင်းဖြစ်ပါသည်။ မူကြမ်းဖြစ်ပြီး ပြန်လည်တည်းဖြတ်ရခြင်းမရှိသေးသဖြင့် စာလုံးပေါင်းနှင့်အခေါ်အဝေါ်များမှားယွင်းမှုရှိ မည်ဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါသည်)
တိုက်ချင်းပစ်ဒုံးပျံများနှင့် ခရုစ်ဒုံးပျံများပေါ်ပေါက်လာခြင်းကြောင့်
နျူကလီးယားလက်နက်များ၏ ခြိမ်းခြောက်နိုင်စွမ်းမှာ ပိုမိုမြင့်မားလာခဲ့သည်။ ဒုံးပျံများသည် လေတပ်ဖွဲ့၏ နည်းပညာပိုင်းဆိုင်ရာသာလွန်မှုကို ပိုမိုမြင့်မားလာစေမည်ဟုလည်း ယူဆမှုလည်းရှိလာကြသည်။ ၁၉၄၀ ပြည့်လွန်နှစ်များကာလတွင် နျူကလီးယား လက်နက်များကို ပစ်ခတ်ရန်အတွက် ဗုံးကြဲလေယာဉ်များနှင့် ဒုံးပျံများတွင် မည်သည့်အရာကို ရွေးချယ်သင့် သလဲဟု မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။ တစ်ဖက်တွင် တာဝေးပစ်ဒုံးပျံများ၏ အနာဂတ်နှင့် ပတ်သက်၍ မသေချာမရေရာမှုများရှိနေသလို အခြားတစ်ဖက်တွင်လည်း အမေရိကန်အစိုးရပိုင်း၊ ကယ်လီဖိုးနီးယားနည်းပညာ သိပ္ပံသင်တန်းကျောင်း၏Guggenheim Aeronautical သုတေသနဌာနမှူးနှင့် အမေရိကန် ကြည်းတပ်ပိုင်လေကြောင်းတပ်ဖွဲ့၏ နည်းပညာအကြံပေးဌာနတို့၏ ညွှန်ကြားရေးမှူးဖြစ်သူTheodore Van Karman နှင့် သချာင်္ပညာရှင်John Von Neuman တို့ကဲ့သို့ ပညာရှင်များက ဗုံးကြဲလေယာဉ်များ၏ အနာ ဂတ်စွမ်းဆောင်ရည်များအပေါ် သံသယရှိနေကြသည်။


၁၉၆၃ ခုနှစ် အေပြီလတွင် ကြည်းတပ်ပိုင်လေတပ်ဖွဲ့သည် ပုံစံအမျိုးမျိုးသော ဒုံးပျံ ၂၈ စင်းကို တီထွင်ခဲ့သည်။ အချို့သော အရာရှိများအနေဖြင့်လည်း ပဲ့ထိန်းဒုံးများသည် လေတပ်ဖွဲ့၏ ရှင်သန်ရပ်တည်နိုင် စွမ်းအတွက် အဓိကအရေးပါသော လက်နက်တစ်ခုဟု အခိုင်အမာယုံကြည်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီး ကာလတွင် ဘဏ္ဍာရေးအကျပ်အတည်းများ ပေါ်ပေါက်လာခဲ့သောကြောင့် လေတပ်ဖွဲ့အနေဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် အတည်ပြုခဲ့သော တိုက်ချင်းပစ်ဒုံးပျံ
တီထွင်ရေးအစီအစဉ်များကို လျော့ချခဲ့ရမှုများလည်း ကြုံတွေ့ခဲ့ရသည်။ ယခင်က ဒုံးပျံ ၂၈ စင်း တီထွင်ရန် စီစဉ်ခဲ့သော်လည်းSnark နှင့်Navaho ခရုစ်ဒုံးပျံ ၂ စင်းသာ အကောင်အထည်ပေါ်ခဲ့သည်။ လေတပ်ဖွဲ့အနေဖြင့် တိုက်ချင်းပစ်ဒုံးပျံများထက် ပို၍လုံခြုံစိတ်ချရ မည်ဟု ယူဆခဲ့၍လည်း ခရုစ်ဒုံးပျံများကို ဦးစားပေးတီထွင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ခရုစ်ဒုံးပျံများကို တီထွင် ဆန်းသစ်မှုများ ထပ်မံပြုလုပ်ပါက တိုက်ချင်းပစ်ဒုံးပျံအဆင့်သို့
ရောက်ရှိလာမည်ဟုလည်း ယူဆခဲ့သည်။ သို့သော် မိုင် ၅၀၀၀ အကွာအဝေးအထိ တိကျစွာပစ်ခတ်နိုင်သော Ramjet မော်တာသုံးကိုအသုံးပြုသည့်တိုင် ခရုစ်ဒုံးပျံတစ်စင်းက တိုက်ချင်းပစ်ဒုံးပျံတစ်စင်းထက် ပို၍ခြိမ်းခြောက်နိုင်စွမ်းရှိရန်မှာ ဖြစ်နိုင်ခြေနည်းပါး လွန်းပါသည်။


လေတပ်ဖွဲ့သည်Martin Matador ဟု အမည်ပေးထားသည့် မောင်းသူမဲ့ဗုံးကြဲလေယာဉ်ကို နည်းဗျူ ဟာမြောက်
မြေပြင်မှမြေပြင်ပစ်ဒုံးတစ်စင်း ပုံစံအဖြစ်လည်း ဒီဇိုင်းဆွဲတည်ဆောက်ခဲ့သည်။ Matador အား
၁၉၄၅ ခုနှစ် သြဂုတ်လတွင် စတင်တီထွင်ခဲ့ပြီး ၁၉၄၉ ခုနှစ် ဇန်န၀ါရီလတွင် ဒုံးကျည်တစ်စင်းအဖြစ် စမ်း သပ်ပစ်ခတ်မှုကို ပြုလုပ်ခဲ့သည်။ ၄င်းဒုံးကျည်ကို စွမ်းအားမြင့်ယာဉ်တင်ဒုံးပစ်စင်ပေါ်တပ်ဆင်၍ ဒုံးကျည်ပျံ သန်းမှုများကို အီလက်ထရောနစ်စနစ်ဖြင့် မြေပြင်အခြေစိုက်စခန်းမှ ထိန်းချုပ်ခဲ့ပြီး ၄င်းဒုံးကျည်သည် တစ်နာရီ မိုင် ၆၀၀ နှုန်းအရှိန်ဖြင့် ပျံသန်းနိုင်ခဲ့သည်။ Matador ၏ အားနည်းချက်တစ်ခုမှာ ၄င်း၏ကွပ်ကဲမှုလမ်းညွှန် စနစ်အပေါ်တွင်သာ မှီခိုအားထားရမှုဖြစ်သည်။ မြေပြင်အခြေစိုက်စခန်းမှ ကွပ်ကဲမှုအတိုင်းသန်ပျံသန်း နိုင်သဖြင့် အကွာအဝေးကန့်သတ်ချက်ရှိပါသည်။
အဆိုပါဒုံးကျည်၏ ပျံသန်းနိုင်မှုအကွာအဝေးကို တိုးချဲ့နိုင်ရန် အတွက်Goodyear Aircraft Coropration onf ATRAN (Automatic Terrain Recognition and Navigation) ခေါ် အလိုအလျောက်မြေပြင်အခြေအနေခွဲခြားခြင်းနှင့် လမ်းကြောင်း ထောက်လှမ်းရေးစနစ်ပါ ရေဒါဖြင့်မြေပုံထုတ်စနစ်တစ်ခုကို တီထွင်ခဲ့သည်။ ၄င်းစနစ်သည် ဒုံးကျည်တွင် ထည့်သွင်းထားသည့် မြေပြင် အခြေအနေမြေပုံများနှင့် ရေဒါမအင်တာနာမှ ဖမ်းယူရရှိပြီး ပြန်လည်ပေးပို့သည့် မြေပြင်အခြေအနေများကို မှန်ကန်မှုရှိ/မရှိ စစ်ဆေး ပေးပြီး အကယ်၍ဒုံးကျည်ပျံသန်းမှုလမ်းကြောင်းသည်
မြေပုံအခြေအနေနှင့် ကွဲလွဲနေပါက ပြည်လည်တည့် မတ်ပေးမည်ဖြစ်သည်။ ၄င်းစနစ်အား ပထမဆုံးအကြိမ် သုတေသနခန်းအတွင်း စမ်းသပ်မှုကို ၁၉၄၈ ခုနှစ် မတ်လတွင် ပြုလုပ်ခဲ့ပြီး အောက်တိုဘာလတွင် ပထမဆုံး အကြိမ်စမ်းသပ်ပျံသန်း မှုပြုလုပ်ခဲ့သည်။
မြေပြင် အခြေစိုက်ကွပ်ကဲလမ်းကြောင်းထိန်းစနစ်နှင့် မတူသည့်ထူးခြား ချက်က ATRANစနစ်သည် ဖိဖျက်နှောင့်ယှက် ရမလွယ်ကူခြင်းနှင့် မျက်မြင်အကွာအဝေးဖြင့် ထိန်းချုပ်ရာတွင် ကန့်သတ်ချက် မရှိခြင်းတို့ဖြစ်သည်။ သို့သော် ၄င်းစနစ်၏ လမ်းကြောင်းထောက်လှမ်းရာတွင် တပ်ကျမှုရှိစေရန်အတွက် ပြည့်စုံလုံလောက်သော ရေဒါမြေပုံများကို ကြိုတင်ထည့်သွင်းထားပေးရန် လိုအပ်ပါသည်။
၁၉၅၂ ခုနှစ် သြဂုတ်လတွင် Air Material Command ဌာနချုပ်သည် ATRAN လမ်းကြောင်း ထောက်လှမ်းရေးစနစ်ကို Matador လေယာဉ်ပုံစံသစ်တွင် ထည့်သွင်းအဆင့်မြှင့်တင်၍ ၄င်းကိုM-76 A Mace ဟု အမည်ပေးခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဥရောပရှိအမေရိကန်လေတပ်အခြေစိုက်စခန်းများတွင် ပထမဆုံးဖြန့်ခွဲပေးခဲ့ပြီး ၁၉၆၀ ပြည့်နှစ်လွန်ကာလများအထိ အသုံးပြုခဲ့သည်။ အမေရိကန်လေတပ်ဖွဲ့သည် Mace A ထက် နဆနီးပါး ခရီးဝေးပိုမိုပျံသန်းနိုင်သည့်Jam-proof အီနားရှားပဲ့ထိန်းစနစ်တပ်TM-76Bအမျိုးအစားကိုလည်း ထပ်မံတီထွင်ခဲ့သည်။Mace B အား ၁၉၅၁ ခုနှစ်တွင် စတင်တီထွင်ခဲ့ပြီး ၁၉၆၁ ခု နှစ်တွင် ပထမဆုံးအကြိမ်ဖြန့်ခွဲနိုင်ခဲ့က ၁၉၇၀ ပြည့်လွန်နှစ်များအစောပိုင်းကာလအထိ ဥရောပနှင့်အာရှပစိ ဖိတ်ဒေသများတွင် အသုံးပြုခဲ့သည်။ ၁၉၅၄ မတ်လတွင် အမေရိကန်လေတပ်ဖွဲ့သည်Matador တပ်ဖွဲ့အား ပထမဆုံးအကြိမ် အနောက်ဂျာမဏီတွင် တပ်ဖြန့်ခဲ့သည်။


နောက်ပိုင်းတွင် ကိုရီးယားနှင့်ထိုင်ဝမ်နိုင်ငံများသို့ လည်း အဆိုပါတပ်ဖွဲ့များကို ပေးပို့ခဲ့သည်။Matador နှင့်Mace ဒုံးအရေအတွက် ၂၀၀ နီးပါးရှိ တပ်ခွဲ ၆ ခုကို ဖြန့်ခွဲစေလွှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါဒုံးများသည် ယုံကြည်စိတ်ချရမှုနှင့် တိကျမှုအားနည်း ချက်များတွေ့ရှိလာသဖြင့် နောက်ပိုင်းတွင် တိုက်ချင်းပစ်ဒုံးပျံများနှင့် အစားထိုးခံရကာ ပြန်လည်ရုတ်သိမ်းခဲ့ သည်။ အမေရိကန်လေတပ်ဖွဲ့သည် ၁၉၆၉ ခုနှစ် အေပြီလတွင် နောက်ဆုံးအသုတ်Matador တပ်ဖွဲ့အား ပြန်လည်ရုတ်သိမ်းခဲ့သည်။
အမေရိကန်လေတပ်ဖွဲ့သည် Matador နှင့် Mace တာတိုပစ်ဒုံးများကို စတင်အသုံးပြုခဲ့စဉ်က ရေရှည် တွင် တာဝေးပစ်လက်နက်တစ်ခုအထိ အဆင့်မြှင့်တင်ရန်အတွက်ပါ မျှော်မှန်းခဲ့သည်။ ၁၉၆၃ ခုနှစ် ဇန်န၀ါ ရီလတွင် Northrop ကုမ္ပဏီသည်MX-774A Snark ဟု အမည်ပေးထားသည့် မိုင် ၃၀၀၀ အကွာအဝေး အထိ ရောက်ရှိနိုင်သော အသံ၏အလျင်ထက်နိမ့်သည့် တာဘိုင်ဂျက်မော်တာတပ်ဒုံးပျံ တစ်စင်းတည်ဆောက် နိုင်ရန် အဆိုပြုတင်ပြခဲ့သည်။ ဒုံးအားမြှင့်အင်ဂျင်Booster Rocket Engine)နှစ်လုံး၏ စွမ်းအားဖြင့် ယာဉ်တင်ဒုံးပစ်စင်ကိုယ်ထည်တစ်ခု ပေါ်တွင်တပ်ဆင် ပစ်ခတ်သွားမည်ဖြစ်ပြီး ဒုံး၏ တာဘိုင်ဂျက်အင်ဂျင် စတင် မလည်ပတ်မီ ၄င်းဒုံးအားမြှင့်အင်ဂျင်၏ စွမ်းအားဖြင့် လေထဲသို့စတင်ပျံသန်းမည်ဖြစ်သည်။
တာဘိုင် ဂျက်အင်ဂျင်စတင်လည်ပတ်သည်နှင့် ဒုံးအားမြှင့်အင်ဂျင်နှစ်လုံးသည် ဒုံးကိုယ်ထည်ကို စွှန့်ခွာ၍လေထုထဲတွင် ပေါက်ကွဲပျက်စီးသွားမည်ဖြစ်သည်။ အကယ်၍ဒုံးသည်ပစ်မှတ်အား ကျော်လွန်ရောက်ရှိသွားမည်ဆိုပါက နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်ထိပ်ဖူးသည် ဒုံးကိုယ်ထည်မှခွဲထွက်၍ ပစ်မှတ်တည်ရှိရာ လမ်းကြောင်းအတိုင်း ပျံသန်းရောက်ရှိသွားနိုင်ရန်လည်း စီမံထားရှိသည်။
(ဆက်လက်ဖော်ပြပါမည်-အပိုင်း(၂)နှင့် ခရုစ်ဒုံးပျံမှတိုက်ချင်းပစ်ဒုံပျံများကိုဆက်လက်အားပေးပါရန်-ရန်နိုင်)

တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့များပေါ်ပေါက်လာပုံ (နိဂုံး)


စစ်သဘောတရားများကို ချမှတ်ကျင့်သုံးနိုင်ရန် စစ်သည်တစ်ဦးချင်း၊ စိန်ပြောင်း၊ တင့်ဖျက် စသောလက်နက်များကိုပစ်ခတ်သည့်အဖွဲ့တစ်ဖွဲ့ချင်းမှသည် တပ်မ၊ တပ်မကြီး၊ တပ်တော်အဆင့်အထိ အဆင့်တိုင်းတွင် မပြတ်လေ့ကျင့်ရန်လိုအပ်ပါသည်။ စစ်သည် များသည် မှောင်မိုက်ချိန်၊ ရာသီဥတုဆိုးရွားချိန်၊ ရန်သူပစ်ခတ်မှုခံရချိန် စသည်ဖြင့် မည်သည့် အခြေအနေတွင်မဆို ၎င်းင်းတို့၏လုပ်ငန်းတာဝန်များကိုဆောင်ရွက်နိုင်ရန် လေ့ကျင့်ထား ရမည်။ အမြဲတမ်းစစ်သည်များ(Professional Soldier)သည် စစ်ပွဲတွင်ထိရောက်စွာ တိုက်ခိုက်နိုင်ရန် အောက်ခြေစစ်သည်များအတွက် လိုအပ်သောလေ့ကျင့်ရေးပမာဏနှင့် အရည်အသွေးကို ပိုမိုသာသာခန့်မှန်းတတ်ကြပါသည်။ လက်တွေ့ကျသောလေ့ကျင့်ရေးကို မည်သည့်အရာမှအစားမထိုးနိုင်ပါ။ သို့ရာတွင် သမိုင်းတလျောက်တွင် အရည်အသွေး မြင့်မားသောခေါင်းဆောင်များသည် ၎င်းင်းတို့၏တပ်ဖွဲ့များလုပ်နိုင်ပုံမရသည့် စစ်သဘော တရားများကို သုံးစွဲခြင်းမပြုခဲ့ကြပေ(သို့မဟုတ်) ပြုပြင်သုံးစွဲခဲ့ကြပါသည်။

တစ်ဘက်တွင်မူ လေ့ကျင့်ရေးအဆင့်သည် လက်ရှိတပ်ဖွဲ့စည်းပုံနှင့် စစ်သဘော တရားကို မွမ်းမံအဆင့်မြှင့်တင်ပေးနိုင်ရမည်။ ဥပမာအားဖြင့် တပ်ခွဲမှူးများသည် စစ်သည် ၈၀-၁၀၀ ခန့်နှင့် လက်နက်အမျိုးအစား ၂ မျိုးခန့်ကိုသာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲအုပ်ချုပ် နိုင်စွမ်းရှိပြီး အင်အား ၁၇၀ ခန့်ရှိပြီး လက်နက် ၁၀ မျိုးခန့် တပ်ဆင်ထားသောတပ်ခွဲမျိုးဖွဲ့ စည်းခြင်းသည် အချည်းအနှီးသာဖြစ်ပါလိမ့်မည်။ ထိုသို့ပိုမိုကြီးမားပြီး ပိုမိုရှုပ်ထွေးသော တပ်ဖွဲ့များကို ကိုင်တွယ်အုပ်ချုပ်ရေးအတွက် တပ်ခွဲမှူးများကိုလေ့ကျင့်ပေးရန်မှာ ငြိမ်းချမ်း ချိန်တွင် မတတ်နိုင်လောက်အောင်အကုန်အကျများပြီး စစ်ကာလတွင် မဖြစ်နိုင်လောက်အောင် အချိန်များစွာလိုအပ်မည်ဖြစ်ပါသည်။


ထိုဥပမာသည် စစ်ဆင်ရေးများ၏ နောက်အလားအလာတစ်ခုကိုလည်း မီးမောင်း ထိုးပြနေပါသည်။ တိုက်ပွဲများ၏သဘောသဘာဝမှာ ပိုမိုရှုပ်ထွေးလာသည့်အတွက် တပ်မတော်များသည် တပ်မှူးငယ်များ၏သုံးသပ်မှုနှင့်စွမ်းဆောင်ရည်အပေါ် ပို၍မှီခို နေပါသည်။ ၁၉၁၄ ခုနှစ်မတိုင်မီက ခြေလျင်တပ်ရင်းမှူးတစ်ဦးသည် စစ်သည် ၃၀၀ မှ ၈၀၀ အထိပါဝင်သော ၎င်းင်း၏တပ်ရင်းကို တပ်ဖွဲ့တစ်ခုတည်းအဖြစ် လှုပ်ရှားစစ်ကစား ပါသည်။ ၎င်းင်းစစ်သည်အားလုံးသည် တပ်ရင်းမှူး၏အမိန့်သံကိုကြားနိုင်ပြီး ချက်ချင်းလိုက်နာ လုပ်ဆောင်နိုင်လောက်အောင် တပ်ရင်းမှူးနှင့်နီးကပ်ပါသည်။ သို့ရာတွင်လက်နက်များ၏ သေကြေဖျက်ဆီးစွမ်းအားတိုးလာသည့်အတွက် လူတစ်ယောက်၏အသံကိုကြားနိုင်သည့် အကွာအဝေးထက်ကျော်လွန်ပြီး တပ်များကိုခပ်ကျဲကျဲဖြန့်ရန် လိုအပ်လာပါသည်။ နောက်ဆုံးတွင် မပျက်လွယ်သောလူသယ်ရေဒီယိုစက်များပေါ်ပေါက်လာသည့်အတွက် အရာရှိတစ်ဦးသည် တပ်ကြီးများကိုကွပ်ကဲနိုင်လာပါသည်။ သို့ရာတွင် ထိုအချိန်၌ တပ်စု၊ တပ်ခွဲတိုင်းတွင် လက်နက်မျိုးစုံတပ်ဆင်လာသည့်အတွက် တပ်ရင်းမှူးသည် သူ၏ ကြံရွယ်ချက်များကိုအကောင်အထည်ဖော်ရန် အသေးစိတ်ဆုံးဖြတ်ချက်ချရာ၌ သူ၏ လက်အောက်ခံ တပ်ခွဲမှူး/တပ်စုမှူးများကို အားကိုးအားထားပြုရန်လိုအပ်ပါသည်။ ထို့ကြောင့် ၁၉ရာစုက ခြေလျင်တစ်ရင်းကို စစ်သက် ၁၅ နှစ်အထက်ရှိသည့် အရာရှိတစ်ဦးမှ ကွပ်ကဲခဲ့သော်လည်း ၂၀ ရာစုနှစ်တိုက်ပွဲများကို မကြာခဏဆိုသလိုပင် အတွေ့အကြုံ နည်းသည့်အရာရှိများက ဆုံးဖြတ်လာရပါသည်။

ကွပ်ကဲမှု၊ ထိန်းချုပ်မှုနှင့် ဆက်သွယ်ရေးများကို ငြိမ်းချမ်းချိန်တွင် လေ့ကျင့်ရန်နှင့် စစ်ကာလတိုက်ပွဲတွင် ပေါင်းစပ်ညှိနှိုင်းရန်လိုအပ်ပါသည်။ မည်သည့်အဆင့်တွင်မဆို တပ်မှူးကောင်းတစ်ဦးသည် အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ရုံသာမက ၎င်းင်း၏စစ်သည်များကို စိတ်ဓါတ်မြှင့်တင်ပေးရန်လည်းလိုအပ်ပါသည်။ ထိုသို့လုပ်ငန်းတာဝန်နှစ်ခုကြောင့် တပ်မှူးများသည် အစွန်းနှစ်ဘက်ကြား ဗျာများရပါသည်။ ဆုံးဖြတ်ချက်ချမှတ်နိုင်ရန်အတွက် တပ်မှူးသည်တိုက်ပွဲတစ်ခုလုံးအတွက် ပေါင်းစပ်ညှိနှိုင်းရန်သတင်းအချက်များရရှိနိုင်ပြီး ဆက်သွယ်ရလွယ်ကူသောနောက်ပိုင်းတွင် ရှိနေရန်လိုအပ်ပါသည်။ အခြားတစ်ဘက်တွင်မူ တိုက်လိုခိုက်လိုစိတ်ပြင်းထန်သော အဆင့်အသီးသီးမှတပ်မှူးများသည် တိုက်ပွဲကို မျက်စိဖြင့် တပ်အပ်မြင်ရပြီး စစ်သည်များကိုစံနမူနာပြခေါင်းဆောင်နိုင်ရန် ရှေ့တန်းမှ ဦးဆောင်လို ကြပါသည်။ ကံဆိုးသည်မှာ တပ်မှူးကိုယ်တိုင်ရှေ့မှဦးဆောင်ခြင်းသည် တပ်မှူးကိုထိခိုက်နိုင် သည့်အန္တရာယ်ရှိရုံသာမက တပ်မှူးသည် သူမြင်တွေ့နေရသောတိုက်ပွဲအပိုင်းတွင်သာ အာရုံရောက်နေပြီး တိုက်ပွဲတစ်ခုလုံးအတွက် သူ၏အခြားသောတာဝန်များကို လျစ်လျူရှုမိ တတ်စေပါသည်။ ထို့ကြောင့် ကွပ်ကဲမှုအဆင့်ဆင့်ကိုဖွဲ့စည်းရာတွင် တပ်မှူးငယ်များကို စစ်နည်းဗျူဟာအပေါ်တွင်သာ လွတ်လွတ်လပ်လပ်အာရုံစိုက်လုပ်ဆောင်နိုင်စေရန် ၎င်းင်းတို့၏ အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်အများစုကိုတစ်ဆင့်ဆင့်က တာဝန်ယူလုပ်ဆောင်ပေးနိုင်ရန် ဖွဲ့စည်းထားရမည်။


တပ်မှူးအနေဖြင့် ရှေ့တန်းကျကျကွပ်ကဲသည်ဖြစ်စေ၊ နောက်ပိုင်းမှကွပ်ကဲသည် ဖြစ်စေ တိုက်ပွဲကိုထိန်းချုပ်မှုနှင့် ဆက်သွယ်မှု(Control and Communication)များဖြင့် ကွပ်ကဲရပါသည်။ ထိန်းချုပ်မှုတွင် တည်မြဲအမိန့်များနှင့် ဦးစီးအဖွဲ့ဖြင့် အလုပ်လုပ်ဆောင် ခြင်းတို့ပါဝင်ပါသည်။ ဦးစီးအရာရှိများသည် အခြေအရပ်ရပ်ကိုမပြတ်စောင့်ကြည့်ခြင်း၊ မည်သို့လုပ်ဆောင်သင့်သည်ကိုအကြံပြုခြင်းနှင့် တပ်မှူး၏ကြံရွယ်ချက်များကို အကောင် အထည်ဖော်ခြင်းတို့ဖြင့် တပ်မှူးကိုဝန်ပေါ့အောင်ကူညီနိုင်ပါသည်။ စစ်ဆင်ရေးများ ပိုမိုကျယ်ပြန့်လာခြင်းနှင့် ရှုပ်ထွေးလာခြင်းကြောင့် ဌာနချုပ်ဦးစီးအဖွဲ့များ ဖွဲ့စည်းပုံပိုမို ကြီးမားပြီး ပိုရှုပ်ထွေးလာပါသည်။ ထိုပြဿနာအတွက် နည်းလမ်းတစ်ရပ်မှာ ကွပ်ကဲမှု လုပ်ငန်းစဉ်အစိတ်အပိုင်းများကို ကွပ်ကဲမှုဌာနချုပ်များ ခွဲထားခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် တပ်မှူးသည် လက်ရှိစစ်ဆင်ရေးများအား သေးငယ်သောလှုပ်ရှားကွပ်ကဲမှုဌာနချုပ်ဖြင့် ကွပ်ကဲနေစဉ် နောက်ပိုင်းတွင်ရှိသည့်ပင်မဌာနချုပ်သည် အနာဂတ်စီမံကိန်းများကို ပြင်ဆင်ခြင်းနှင့် စစ်ဆင်ရေးအတွက်လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုကိစ္စများ ပေါင်းစပ် ညှိနှိုင်းခြင်းများ ဖြစ်ပါသည်။

ကွပ်ကဲမှုနှင့်ထိန်းချုပ်မှုအတွက် အချိန်လိုအပ်ပါသည်။ အခြေအနေကို အကဲဖြတ် သုံးသပ်ရန်အတွက် လိုအပ်သောသတင်းများစုဆောင်းရန်အချိန်၊ အကောင်းဆုံးလုပ်ဆောင် နိုင်မည့်နည်းလမ်းဖော်ထုတ်ရန်နှင့် ရွေးချယ်ရန်အချိန်၊ ဆုံးဖြတ်ချက်များကိုဖြန့်ဖြူးရန်နှင့် တပ်ဖွဲ့မျိုးစုံကိုပေါင်းစပ်ညှိနှိုင်းရန်အချိန်နှင့် နောက်ဆုံးတွင် စစ်ဆင်ရေးကို အမှန်တကယ် ဆင်နွှဲရန်အချိန်တို့ဖြစ်ပါသည်။ ထိုသို့အချိန်ကြန့်ကြာမှုများကြောင့် ဖြစ်လာသောပြဿနာမှာ တိုက်ပွဲအခြေအနေပြောင်းလဲသွားသည်နှင့် တပ်မှူး၏စီမံချက်များသည် အခြေအနေနှင့် မကိုက်မညီဖြစ်သွားနိုင်ပါသည်။ ဒုတိယအချက်မှာ တပ်ဖွဲ့တစ်ဖွဲ့သည် ၎င်းင်းတို့၏ ဆုံးဖြတ်ချက် ချသည့်လုပ်ငန်းစဉ်ကို ပိုမြန်အောင်အရှိန်မြှင့်လုပ်ဆောင်သည်နှင့် ၎င်းင်း၏ရန်သူက တုံ့ပြန်နိုင်သည်ထက် ပိုမိုလျင်မြန်စွာလုပ်ဆောင်နိုင်စေပါသည်။ ထိုသို့ ဆုံးဖြတ်ချက်ချရာတွင် ပို၍မြန်ဆန်အောင်လုပ်ဆောင်နိုင်ခြင်းသည် ကမ္ဘာစစ်ကြီးနှစ်ခုလုံးတွင် ဂျာမန်တပ်မတော်အား အလွန်အောင်မြင်စေခဲ့သည့်အကြောင်းများအနက်မှ တစ်ခုဖြစ် ပါသည်။


တပ်မှူးနှင့်ဦးစီးအဖွဲ့များ မည်သို့အလုပ်လုပ်သည်ဖြစ်စေ သတင်းအချက် အလက် များစုစည်းရန်၊ အမိန့်များထုတ်ပြန်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းရန်တို့အတွက် ဆက်သွယ်ရေးသည် အရေးအကြီးဆုံးဖြစ်ပါသည်။ ပြောင်းလွယ်ပြင်လွယ်မရှိသော ဆက်သွယ်ရေးစနစ်သည် တပ်မှူးများအား ဌာနချုပ်များမှခွာမရဖြစ်စေပြီး ဆုံးဖြတ်ချက်ချသည့်လုပ်ငန်းကို နှောင့်နှေး စေကာ ဆက်သွယ်မှုပြတ်တောက်သွားခြင်းကြောင့် တပ်မှူးအနေဖြင့် ရန်သူကိုသိပင် မသိလိုက်ပဲ ရှုံးနိမ့်သွားမည်ဖြစ်ပါသည်။

နောက်ဆုံးအချက်မှာ စိတ်အားထက်သန်မှု (သို့မဟုတ်) ဥာဏ်နှင့်ယှဉ်သောသတ္တိ ဖြစ်ပါသည်။ စစ်သဘောတရား၊ ဖွဲ့စည်းပုံနှင့်ဦးစီးလုပ်ငန်းများသည် တိုက်ပွဲ၏ ပရမ်းပတာ ဖြစ်ရပ်များကို အစီအစဉ်ကျနအောင်လုပ်နိုင်စွမ်းမရှိပါ။ အခြေအနေတစ်ရပ်အတွက် အကောင်းဆုံးပြုလုပ်ထားသော စီမံချက်တစ်ခုသည် အခြေအနေပြောင်းသွားသည်နှင့် လုံးဝအသုံးမတည့်ဖြစ်သွားနိုင်ပါသည်။ မည်သည့်တိုက်ပွဲမှ စီမံချက်အတိုင်း အတိအကျ စင်းလုံးချောမဖြစ်ပါ။ မည်သည့်တိုက်ပွဲမဆို တိုက်ပွဲဝင်သူများနှင့် ငယ်သားများသည် ၎င်းတို့၏ ရဲဘော်ရဲဘက်များနှင့်တပ်အတွက် မိမိအသက်ကိုစွန့်လွှတ်နိုင်စွမ်းရှိမှသာ စစ်သဘောတရားအယူအဆများကို လက်တွေ့လုပ်ဆောင်မှုအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။

အတိုချုပ်ရလျှင် တပ်မတော်များသည် ပြောင်းလဲနေသောနည်းပညာနှင့် လိုက်လျော ညီထွေရှိစေရန် ၎င်းတို့၏စစ်သဘောတရားများနှင့်ဖွဲ့စည်းပုံကို မပြတ်သုံးသပ်နေရမည် ဖြစ်ပါသည်။ တပ်မှူးများသည် စစ်သဘောတရားများကို လက်တွေ့ကျင့်သုံးနိုင်ရန်အတွက် တပ်များကို ပေါင်းစပ်ညှိနှိုင်းလေ့ကျင့်ပေးရပါမည်။ ကြိုတင်မခန့်မှန်းနိုင်သော၊ အန္တရာယ် များသောတိုက်ပွဲများတွင် တပ်ဖွဲ့ဝင်တိုင်းသည် မိမိတို့တာဝန်ကိုချောမောလျင်မြန်စွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ပါသည်။

----------------------------------------------------------------------------------------------------------------------

ပြောင်းလွယ်ပြင်လွယ်ရှိသောတုံ့ပြန်တိုက်ခိုက်ရေးမဟာဗျူဟာ(၁၉၆၁-၁၉၇၅)



(အမေရိကန်တို့၏ နည်းပညာပြောင်းလဲတိုးတက်လာမှုနှင့် စစ်ဆင်ရေးမူဝါဒများ
စာအုပ်အခန်း(၂)မှကောက်နှုတ် ဖော်ပြနေခြင်းဖြစ်ပါသည်။ ပြန်လည်တည်းဖြတ်ရခြင်းမရှိသေးသောကြောင့် အမှားအယွင်းရှိက ခွင့်လွှတ်ကြပါရန်တင်ပြအပ်ပါသည်။ ဒီအခန်းမှာ စစ်ဘက်-အရပ်ဘက်အငြင်းပွားမှုလေးတွေကိုလည်းလေ့လာနိုင်ပါတယ်)
ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၅ နှစ်တာကာလအချိန်သည် အမေရိကန်တပ်မတော်၏ အစဉ်အလာ များကို အကြီးအကျယ်ပြောင်း
လဲစေသည့်ကာလဟု ဆိုရမည်ဖြစ်သည်။ နျူကလီးယားလက်နက်များနှင့် တာဝေးပစ်ဒုံးပျံများက အမေရိကန်တပ်မတော်အတွင်း ကြီးမားစွာအပြောင်းအလဲဖြစ်စေခဲ့ပြီး အောင်မြင်မှု များနှင့် ရှုံးနိမ့်မှုနှစ်ခုစလုံးကိုတွေ့ကြုံခံစားခဲ့ရသည်။ အပြန်အလှန်အားဖြင့် ၁၉၆၁ ခုနှစ်မှ ၁၉၇၅ ခုနှစ်ကာ လသည် ကနေဒီအစိုးရ၏ပြောင်းလွယ်ပြင်လွယ်ရှိသော
တုံ့ပြန်တိုက်ခိုက်ရေးမဟာဗျူဟာဖြင့် တပ်မတော်၏အ စဉ်လာဖြစ်သော
ပြင်းထန်သည့်သမားရိုးကျစစ်ပွဲကို ဆင်နွှဲနိုင်စွမ်းကို ပြန်လည်ဦးစားပေး
တည်ဆောက်ခဲ့သော ကြောင့် မူလအခြေအနေသို့ပြန်လည်ရောက်ရှိလာသော အချိန်ဟုဆိုရမည်ဖြစ်သည်။
ကနေဒီအစိုးရ၏ ပြုပြင်ပြောင်းလဲမှုကာလတွင် အမေရိကန်တပ်မတော်အနေဖြင့် စိန်ခေါ်မှုအသစ် များကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ကာကွယ်ရေးဝန်ကြီးRobert S.McNamara သည် အမေရိကန်တပ် မတော်၏လက်နက်စနစ်များတီထွင်ရေးအစီအစဉ်များစွာကို နည်းပညာပိုင်းဆိုင်ရာပြန်လည်ဆန်းစစ်မှုများ အားသွန်ခွန်
စိုက်ဆောင်ရွက်ခဲ့သည်။ ထိုကဲ့သို့ တပ်မတော်၏ထိပ်တန်းဦးစားပေး
အစီအစဉ်များစွာကို ကာကွယ် ရေးဝန်ကြီးဌာနမှ အရပ်ဘက်
သုတေသီများက ပြန်လည်ဆန်းစစ်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ဌာနတွင်းအငြင်း ပွားမှုများလည်း ပေါ်ပေါက်ခဲ့ရသည်။ ထိုအချိန်က နျူကလီးယားလက်နက်ဖြင့် ထိုးစစ်ဆင်ရေးတပ်ဖွဲ့များနှင့် တိုက်ချင်းပစ်ဒုံးပျံကာကွယ်ရေး
စနစ်များတို့အတွက်လည်း အရပ်ဘက်သုတေသီများနှင့် စစ်ဘက်အရာရှိများ အကြား ကြီးမားစွာအငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ရသည်။
လက်နက်စနစ်များအား အရေးပေါ်ဆန်းစစ်ရေးအဖွဲ့ဖွဲ့စည်းခြင်း
အမေရိကန်တပ်မတော်အား ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်မှာ ဂျွန်အက်ကနေဒီ၏ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း အဓိကရည်မှန်းချက်များထဲမှ ခေါင်းစဉ်တစ်ခုလည်းဖြစ်သည်။ ကနေဒီက တပ်ဖွဲ့အသီးသီးမှ အကြီးအကဲများနှင့် ပူးပေါင်းစစ်ဦးစီးချုပ်တို့သည် ကာကွယ်ရေးအသုံးစရိတ်အားထိရောက် စွာအသုံးပြုရေးအတွက် အဓိကအတားအဆီးများဖြစ်လာမည်ဟု ယူဆခဲ့သည်။ ၄င်းတို့အား အရပ်ဘက် ထိန်းချုပ်မှုအောက်တွင် ထားရှိနိုင်ရန်အတွက် ကနေဒီသည် ထူးချွန်ထက်မြက်သော Ford ကားကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ Robert S.McNamara အား ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်၍ အင်အားစုဆောင်းခဲ့ပါသည်။
ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာနအတွင်း လက်နက်စနစ်များလေ့လာဆန်းစစ်ရေးအဖွဲ့ ဖွဲ့စည်းရာတွင် အဓိကဦးဆောင်ခဲ့ပြီး ရည်မှန်းချက်တစ်ခုတည်းတွင် အသုံးပြုနေသည့် မတူညီသောလက်နက်စနစ်များ ကိုပြန်လည်ဆန်းစစ်မှုများ ပြုလုပ်စေခဲ့သည်။ McNamara ကလည်း လက်နက်စနစ်လေ့လာဆန်းစစ်ရေး အဖွဲ့များနှင့် ဟားဗတ်စီးပွားရေးတက္ကသိုလ်တွင် သင်ကြားခဲ့ရသော စီမံခန့်ခွဲမှုနည်းပညာများနှင့် Ford ကားကု မ္ပဏီတွင် ရရှိခဲ့သောအတွေ့အကြုံများကိုပေါင်းစပ်၍ ပင်တဂွန်ကိုအကောင်းဆုံး အလုပ်ကြေးပြုနိုင်မည် ဟု ယုံကြည်မှုရှိခဲ့သည်။
Rand ကော်ပိုရေးရှင်းမှ စိတ်အားထက်သန်စွာကူညီခဲ့မှုများနှင့်Charles Hitch/ Alain Enthoven/ Herry Rowen နှင့်Daniel Ellsberg တို့ကဲ့သို့ သုတေသီပညာရှင်များကို ၀ါရှင်တန်သို့ ရောက်
ရှိအောင်ခေါ်ဆောင်နိုင်ခဲ့ခြင်းတို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနသည် စွမ်းဆောင်ရည်ပြည့်ဝစွာ လုပ်ဆောင်နိုင်စွမ်းရှိလာခဲ့သည်။ ၁၉၆၀ ပြည့်လွန်နှစ်များတွင် ကာကွယ်ရေးဝန်ကြီးဌာနသို့ အရပ်ဘက်ပညာ ရှင်ပေါင်းများစွာပြောင်းရွှေ့ရောက်ရှိလာခဲ့သည်။ အရပ်ဘက်ပညာရှင် ၁၈၆၅ ဦးကျော်တို့သည် ဦးစီးအရာရှိများ နှင့် အရပ်ဘက်ကာကွယ်ရေးအေဂျင်စီများနှင့် အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
McNamara လက်ထက်တွင် ကာကွယ်ရေးဝန်ကြီးဌာနသည် တပ်ဖွဲ့အသီးသီး၏ငွေကြေးသုံးစွဲမှုများ ကိုလည်း ပြန်လည်စိစစ်ခဲ့သည်။ McNamara သည် အရပ်ဘက်စီးပွားရေးသင်တန်းကျောင်းများတွင် နာမည်ကျော်ကြားသော အစီအစဉ်ရေးဆွဲခြင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် ရန်ပုံငွေသုံးစွဲခြင်းစနစ်(PPBS)အား ကာကွယ်ရေးဝန်ကြီးဌာနသို့ ယူဆောင်လာခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်ရေးဆွဲရာတွင် အသုံးပြုနိုင်ရန် ကြိုးပမ်းခဲ့သည်။


၎င်း၏ဦးစီးအဖွဲ့သည်လည်း တပ်ဖွဲ့တစ်ခုခြင်းစီအလိုက် စီမံကိန်းများအလိုက်ထိရောက် အကျိုးရှိစေသော ရန်ပုံငွေသုံးစွဲရေးစနစ်များကိုလည်း ပြန်လည်ရေးဆွဲပေးခဲ့သည်။ ဥပမာအားဖြင့် မဟာဗျူဟာ မြောက်တပ်ဖွဲ့များ၊ ဘက်စုံသုံးတပ်ဖွဲ့များ၊ ထောက်လှမ်းရေးတပ်ဖွဲ့နှင့် ဆက်သွယ်ရေးတပ်ဖွဲ့များဖွဲ့စည်းရေး အစီအစဉ်တို့အတွက် သီးခြားရန်ပုံငွေစနစ်များကို ရေးဆွဲပေးခဲ့သည်။ တပ်ဖွဲ့အသီးသီးကိုလည်း ၄င်းတို့၏ ရွေးချယ်ထားသော လက်နက်စနစ်များအတွက်
ငွေကြေးသုံးစွဲမှုအခြေအနေများကိုလည်း ပြန်လည်သုံးသပ် မှုများ ပြုလုပ်ရန်တွန်းအားပေးခဲ့သည်။
McNamara သည် ကာကွယ်ရေးအစီအစဉ်များကို ပြန်လည်ဆန်းစစ်မည့် အရပ်ဘက်သုတေသန အဖွဲ့ကိုအထောက်အကူပြုစေရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနအကူပေးရုံးကိုလည်း ဖန်တီးဖွင့်လှစ်ခဲ့ ပြီး တပ်ဖွဲ့တစ်ခုချင်းစီ၏ အစီအစဉ်များအတွက် ထိရောက်အကျိုးရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနသို့
ပြောင်းရွှေ့ရောက်ရှိလာသည့် အရပ်ဘက်သုတေသီပညာရှင်များသည် မဟာဗျူ ဟာမြောက်ပြဿနာများအပေါ် ၄င်းတို့၏ဝေဖန်ဆန်းစစ်နိုင်စွမ်းနှင့်ပတ်သက်၍ အပြည့်အ၀ယုံကြည်မှုရှိခဲ့ကြ သည်။
အခြားတစ်ဖက်တွင်လည်း လေ့လာဆန်းစစ်ရေးပညာရှင်များနှင့် စစ်ဘက်အရာရှိတို့အကြား ကင်းကွာမှု များစွာကိုလည်း ကြုံတွေ့ခဲ့ရပြီး ၎င်းင်းတို့က အရပ်ဘက်ပညာရှင်များသည် မိမိကိုယ်ကိုအထင်ကြီးလွန်းနေသာ
နုံချာချာလူများသာ ဖြစ်သည်ဟု ရှုမြင်ခဲ့ကြသည်။ လေတပ်စစ်ဦးစီးဗိုလ်ချုပ်ကြီး
Ohomas D.White ကလည်း ၁၉၆၃ ခုနှစ်ထုတ် သူ၏စာအုပ်တွင် ““ စစ်ဘက်မှာလက်ရှိတာဝန်ထမ်းဆောင်နေသူများနှင့် အငြိမ်းစားယူပြီး သူများစွာက တူညီစွာရှုမြင်ထားသကဲ့သို့ပင် ကာကွယ်ရေးအသိပညာ
ရှင်များဟု ခေါ်ဆိုနေကြတဲ့ ဆေးတံကို ခဲပြီးအလုပ်လုပ်နေတဲ့ ဒီအရပ်ဘက်အသိပညာရှင်တွေက နိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင် မယ်ဆိုတာ ကျွန်ုပ်အနေနဲ့သံသယဖြစ်မိပါတယ်၊ မိမိကိုယ်အထင်ကြီးနေတဲ့ ခပ်ငယ်ငယ်ပါမောက္ခတွေ၊ သင်္ချာ ပညာရှင်တွေနဲ့ အခြားသောသီအိုရီပညာရှင်တွေက ကျွန်ုပ်တို့ရင်ဆိုင်ကြုံတွေ့ရမဲ့ ရန်သူကိုအနိုင်ယူဖို့အတွက် လုံလောက်တဲ့အတွေ့အကြုံနဲ့ တွန်းအားပေးဆောင်ရွက်နိုင်စွမ်းရှိတယ်ဆိုတာ အယုံကြည်မရှိပါဘူးဟု”” ရေးသားဖော်ပြခဲ့သည်။
အလားတူ အငြိမ်းစားဗိုလ်ချုပ်ကြီးCurtis LeMay ကလည်း ““စစ်ဘက်နယ်ပယ်ထဲကို ကျူးကျော် ၀င်ရောက်လာတဲ့ ပါမောက္ခပညာရှင်တွေက သူတို့ကိုသူတို့ နာမည်ကျော် စစ်မဟာဗျူဟာပရောဟိတ်တွေ အဖြစ်ထင်မှတ်နေကြတယ်။ သူတို့ဟာ ပြည်သူတွေနဲ့ပြုလုပ်တဲ့ အပြန်အလှန်ငြင်းခုံဆွေးနွေးပွဲတွေမှာလည်း ပါဝင်စရာမလိုတော့ ဘာစိန်ခေါ်မှုမှမရှိဘဲ တာဝန်ထမ်းဆောင်နေနိုင်ကြတယ်။
ဒီရလာဒ်တွေကြောင့် တပ်မတော်ဟာ လက်တင်ပါကုလားထိုင်ပေါ်မှာထိုင်ပြီး စစ်ဆင်ရေးအတွေ့အကြုံမရှိဘဲ စစ်ဘက်သတင်း တွေကို ရွှမ်းရွှမ်းဝေအောင်ရေးသုးထုတ်ဝေနေကြတဲ့ မဟာဗျူဟာရေးဆွဲသူတွေရဲ့ လက်ထဲရောက်နေတာ ဖြစ်တဲ့အတွက် အန္တရာယ်များလွန်းကြောင်း၊ အဆိုပါပညာရှင်များသည် စစ်ဆင်ရေးအတွေ့အကြုံလုံးဝမရှိဘဲ တကယ့်လက်တွေ့အခြေအနေထက် မျှော်မှန်းချက်နဲ့စိုးရိမ်မှုတွေအပေါ်သာအခြေခံပြီး မဟာဗျူဟာ တွေကိုရေးဆွဲနေကြကြောင်း”” ဝေဖန်ပြစ်တင်ခဲ့သည်။
ထိုကဲ့သို့အမြင်မှာ လေတပ်ဖွဲ့တစ်ခုတည်းတွင်သာ ပေါ်ပေါက်ခဲ့သည်မဟုတ်ပေ။ ရေတပ်မှ ဒုတိယ ဗိုလ်ချုပ်ကြီးHyman Rickover ကလည်း ““အရပ်ဘက်သိပံ္ပညာရှင်တွေဆိုတာက ကုန်ကျစရိတ်သက်သာ ဖို့အတွက်သာ လေ့လာနေကြတာပါ။ လေ့ကျင့်ရေးပိုင်းဆိုင်ရာ သို့မဟုတ် နည်းစနစ်ပိုင်းဆိုင်ရာတွေကို ကျွမ်းကျင်မှုမရှိကြဘူး၊
ရေတပ်စစ်ဆင်ရေးများနှင့်ပတ်သက်၍လည်း အပေါ်ယံကိုသာ လေ့လာတတ်ကြပြီး အနည်းငယ်သာ
သိရှိနားလည်သူတွေဖြစ်တယ်””ဟု ဝေဖန်ခဲ့သည်။
““သူတို့တွေဟာလက်တွေ့ဖြစ်လာနိုင် ခြေထက်စာသင်ခန်းထဲက စည်းမျဉ်းတွေကို လေ့လာဖတ်ရှုရတာကိုသာ အားသန်ကြတဲ့သူတွေပါ။ ကျွန်ုပ်ရဲ့ အမြင်ကတော့ အမေရိကန်နိုင်ငံရဲ့ကံကြမ္မာကို ဒီလိုအတွေ့အကြုံမရှိတဲ့သူတွေရဲ့ လက်ထဲအပ်နှင်းထားရတာ ရူးမိုက်မှုပါပဲ””ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။System Analysis အဖွဲ့သည်လည်း ကာကွယ်ရေး ၀န်ကြီးဌာနအနေဖြင့် မည်သည့်စစ်လက်နက်စနစ်သစ်များ ၀ယ်ယူသင့်သည်၊ ဘာကြောင့်ဝယ်ယူရသည် စသည်တို့အတွက်ပါ လွှမ်းမိုးခဲ့ကြသည်။ ဥပမာအားဖြင့်F-11တိုက်လေယာဉ်တီထွင်ရေးအတွက် ဒီဇိုင်းပိုင်း ဆိုင်ရာမှသည် တိုက်ချင်းပစ်ဒုံးပျံများ၊ တန်ပြန်ချေမှုန်းရေးစနစ်များဝယ်ယူရေးတို့တွင် ၎င်းင်းတို့ကသာ ဆုံးဖြတ်
ချက်များပေးခဲ့ခြင်းဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်-)

July 21, 2014

တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့များပေါ်ပေါက်လာပုံ (အပိုင်း-၅)


ဟန်ချက်ညီစွာပေါင်းစပ်ညှိနှိုင်းတိုက်ခိုက်ခြင်း

တပ်မတော်တစ်ရပ်သည် စစ်မြေပြင်တွင်ထိရောက်စွာတိုက်ခိုက်နိုင်ရန်အတွက် လုပ်ငန်းဆောင်တာများစွာ ဆောင်ရွက်ရန်လိုပါသည်။ ဟန်ချက်ညီစွာပေါင်းစပ်ညှိနှိုင်း တိုက်ပွဲဝင်နိုင်ရန် ဖွဲ့စည်းပုံနှင့်စစ်သဘောတရား၊ လေ့ကျင့်ရေး၊ ကြီးကြပ်ကွပ်ကဲမှု၊ ဆက်သွယ်ရေးနှင့်စိတ်ဓါတ်ကြံ့ခိုင်ကောင်းမွန်မှုတို့ လိုအပ်ပါသည်။ မည်သည့်တပ်မတော်မှ ထိုအချက်များ အလုံးစုံပြည့်ဝခြင်းမရှိပဲ ထိုအချက်များတွင်မပြည့်စုံမှုနည်းပြီး အမှားနည်း သည့်ဘက်က အောင်ပွဲရသည်သာဖြစ်ပါသည်။

ဖွဲ့စည်းပုံနှင့်စစ်သဘောတရားသည် တပ်မတော်တစ်ရပ်အနေဖြင့် မည်သို့တိုက်ပွဲ ၀င်မည်ကိုဖော်ပြနေပါသည်။ စစ်ကာလတွင် ကြည်းတပ်များ၏ဖွဲ့စည်းပုံသည် အမြဲတစေ ပြောင်းလဲနေသော တိုက်ပွဲအခြေအနေပေါ်မူတည်ပြီး လက်နက်များနှင့် စစ်သည်များကို သင့်တော်သလိုပေါင်းစပ်ဖွဲ့စည်းနိုင်ရန်အတွက် ပြောင်းလွယ်ပြင်လွယ်ရှိရပါမည်။ အကောင်းဆုံးဖွဲ့စည်းထားသည့် တပ်ဖွဲ့တစ်ခုသည်ပင် တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းင်းတို့တပ်ဖွဲ့ မည်သို့မည်ပုံတိုက်ခိုက်မည်ဆိုသည့်သဘောတရားနှင့် ဝေါဟာရများကို နားမလည်လျှင် အသုံးဝင်လိမ့်မည်မဟုတ်ပါ။ ထိုသို့တပ်ဖွဲ့ဝင်အားလုံး နားလည်ထားရမည့်အချက်ကို စစ်သဘောတရား(Doctrine)ဟုခေါ်ပါသည်။ စစ်သဘောတရားသည် တရားသေမဖြစ်ရပါ။ ၎င်းင်းသည် စစ်နည်းဗျူဟာအခြေအနေတိုင်းအတွက် ယေဘုယျလုပ်ထုံးလုပ်နည်းနှင့် ကိုးကားရန် မူဘောင်(Frame) သာဖြစ်ပါသည်။ တကယ်တမ်းတွင် စစ်သဘောတရားကို အထက်မှချပေးရုံဖြင့်မရပဲ အရာရှိ/စစ်သည်အဆင့်အတန်းအသီးသီးသည် မိမိတို့၏ စစ်သဘောတရားကို ကောင်းစွာနားလည်ကာ ရှိသည့်စစ်သည်နှင့်လက်နက်ပစ္စည်းများဖြင့် ထိုစစ်သဘောတရားကို အကောင်အထည်ဖော်နိုင်သည်ဟု ယုံကြည်မှုရှိရပါမည်။


အရပ်ဘက်မှလေ့လာသူများက တပ်မတော်များ၊ အထူးသဖြင့်အရာရှိများသည် နည်းပညာအပြောင်းအလဲကို ဆန့်ကျင်ကြကြကြောင်း ဝေဖန်တတ်ပါသည်။ အမှန်မှာ နည်းပညာအပြောင်းအလဲကိုဆန့်ကျင်ခြင်းသည် ရှေးရိုးစွဲစိတ်ဆန္ဒကြောင့်သာမက လက်နက်သစ်များကိုအကောင်းဆုံးအသုံးပြုနိုင်ရန် ဖွဲ့စည်းပုံနှင့် စစ်သဘောတရားပိုင်းကို ခက်ခဲစွာပြန်လည်ချိန်ညှိရသည့်အတွက်ဖြစ်ပါသည်။ ထိုသို့ဖွဲ့စည်းပုံနှင့် စစ်သဘောတရားကို ပြန်လည်ချိန်ညှိရာတွင် လက်နက်သစ်ကိုမည်သို့အသုံးချသင့်သည်ဟု ဆုံးဖြတ်ရန်သာမက ထိုလက်နက်များကိုအသုံးပြုမည့် အရာရှိများ၏ စစ်သဘောတရားများကို မွမ်းမံပေးရန် အတွက်ပါ အချိန်များစွာလိုအပ်ပါသည်။ အရာရှိကြီးများသည် ကိစ္စရပ်မှန်သမျှကို ၎င်းင်းတို့၏ အတိတ်က ကိုယ်ပိုင်အတွေ့အကြုံများဖြင့်သာ နှိုင်းယှဉ်ကြည့်လေ့ရှိပါသည်။ မိမိတို့၏ အတွေ့အကြုံများမှာ ၁၀ နှစ် (သို့မဟုတ်) နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပြီးဖြစ်စေ ထိုအတွေ့ အကြုံများဖြင့်သာ နှိုင်းယှဉ်စဉ်းစားလေ့ရှိပါသည်။ ဥပမာအားဖြင့် တပ်စုမှူးဘ၀က စိတ်မချ ရသော Vacuum Tube ဆက်သွယ်ရေးစက်များနှင့် နပန်းလုံးခဲ့ရသည့် အရာရှိတစ်ဦးသည် နောက်နှစ်ပေါင်း ၂၀ အရာရှိကြီးဖြစ်လာချိန်၌ ဂြိုလ်တုဆင့်ကမ်းဆက်သွယ်ရေးစနစ်နှင့် လက်ပ်တော့ကွန်ပျူတာများကို အခြေခံသည့်ဆက်သွယ်ရေးစနစ်များကို လက်ခံရန် အခက်အခဲရှိမည်ဖြစ်ပါသည်။


၂၀ရာစုတွင် တပ်မတော်များသည် စက်သေနတ်၊ တင့်ကား၊ မြေပြင်တိုက်ခိုက်ရေး လေယာဉ်၊ ရဟတ်ယာဉ် စသောလက်နက်သစ်များနှင့် လိုက်လျောညီထွေဖြစ်အောင် ၎င်းတို့၏စစ်သဘောတရားများကို ညှိနှိုင်းခဲ့ရသည့်အတွေ့အကြုံရှိပါသည်။ ထိုသို့ ညှိနှိုင်း ရာတွင် အဆင့်သုံးဆင့်ဖြင့်လုပ်ဆောင်ခဲ့ပါသည်။ ပထမအဆင့်တွင် လက်နက်အသစ် အတွက် ဖွဲ့စည်းပုံနှင့် စစ်သဘောတရားမည်သို့သတ်မှတ်ရမည်ကို မသိသေးပေ။ ထို့ကြောင့် တပ်မှူးများသည် လက်နက်သစ်များကို လက်ရှိလက်ရုံးတပ်နှင့်ဝန်ထမ်းတပ်များဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိသောနေရာအချို့တွင်သာအသုံးဝင်သည့် အထူးသုံးအရန်လက်နက် အဖြစ်သာ သဘောထားကြပါသည်။ ဒုတိယအဆင့်မှာ လက်နက်သစ်ကိုစိတ်ဝင်စားသူ အချို့က လက်နက်သစ်အားသီးခြားစစ်လက်ရုံးသစ်အဖြစ်ထူထောင်ရန် ကြိုးစားကြပြီး ၎င်းလက်နက်သစ်တစ်ခုတည်းနှင့်(သို့မဟုတ်) ရှိပြီးအခြားလက်ရုံးတစ်ခုခုနှင့် ပူးပေါင်းပြီး အောင်ပွဲရအောင်တိုက်ခိုက်နိုင်သည်ဟု ချဲ့ကားပြောကြပါသည်။ ထိုအချိန်တွင် ရန်သူ တပ်မတော်သည်လည်း လက်နက်သစ်ကိုမည်သို့မည်ပုံတုံ့ပြန်ရမည်၊ ဖွဲ့စည်းပုံကို မည်သို့ ပြင်ဆင်ပြောင်းလဲရမည်ဆိုသည်ကို ဆုံးဖြတ်ရန်အခက်ကြုံနေဆဲဖြစ်သည့်အတွက် လက်နက်သစ်ကို သီးခြားစစ်လက်ရုံးအဖြစ်အသုံးပြုခြင်းဖြင့် အောင်ပွဲရကောင်းရနိုင်ပါသည်။ သို့ရာတွင် နောက်ဆုံး၌နှစ်ဖက်စလုံးက လက်နက်သစ်၏ထိရောက်မှုကို တန်ပြန်နိုင်မည့် နည်းလမ်းများကို တီထွင်လာနိုင်ကြပါသည်။ ထို့ကြောင့်လက်နက်သစ်အနေဖြင့် ၎င်းင်းချည်း သက်သက်ဖြင့် အောင်မြင်မှုမရနိုင်တော့ပဲ ပေါင်းစပ်လက်ရုံးတပ်ဖွဲ့တစ်ခု၏ တင်းပြည့်အဖွဲ့ဝင် ဖြစ်မှသာ အောင်မြင်မှုရရှိနိုင်ပါသည်။ ထို့သို့ပေါင်းစပ်လက်ရုံးတပ်ဖွဲ့ကို စစ်လက်ရုံးသစ် အားထည့်သွင်းပြီး ချဲ့ထွင်ဖွဲ့စည်းသည့်အချိန်တွင် စစ်သည်များအနေဖြင့် အခြားလက်နက်နှင့် ၀န်ထမ်းတပ်များ၏စွမ်းရည်ကို အားဖြည့်ပေးရန်အတွက် လက်နက်သစ်ကို မည်သို့မည်ပုံ ပေါင်းစပ်အသုံးချရမည်ဆိုသည့် သဘောတရားများကိုနားလည်ပြီး စစ်သဘောတရားကို ဖော်ထုတ်နိုင်သည့်အဆင့်သို့ ရောက်ရှိမည်ဖြစ်ပါသည်။

ဥပမာအားဖြင့် တင့်များပေါ်ဦးစတွင် တင့်များသည်ကတုတ်ကျင်းစစ်ဆင်ရေးများ၌ ခြေလျင်နှင့်အမြောက်တပ်ကိုအကူပေးနိုင်သည့် နှေးကွေးပြီးပျက်စီးချို့ယွင်းလွယ်သော အထူးသုံးလက်နက်ဖြစ်ပြီး ၎င်းချည်းသက်သက် စစ်ဆင်နိုင်ခြင်းမရှိသောလက်နက်အဖြစ် ရှုမြင်ကြပါသည်။ တင့်တပ်ဖွဲ့သစ်၏ အစောပိုင်းခေါင်းဆောင်များသည် တင့်တပ်ဖွဲ့အား အကူလက်ရုံးအဆင့်သာသတ်မှတ်ခံရသည်ကို အားမလိုအားမရဖြစ်ကာ တင့်တပ်ဖွဲ့ဖြင့် စစ်ပွဲကိုအနိုင်တိုက်နိုင်မည့် သီးခြားစစ်လက်ရုံးတပ်ဖွဲ့အဖြစ် ထူထောင်နိုင်မည့်နည်းလမ်းများ ရှာကြံခဲ့ကြပါသည်။ တင့်အများစုဖြင့် ဖွဲ့စည်းထားသောတပ်ဖွဲ့များသည် ဒုတိယကမ္ဘာစစ် အစောပိုင်း၌ ပြင်ဆင်မှုအားနည်းသောခံစစ်ဆင်သူများကို တိုက်ခိုက်ခဲ့ရာတွင် အောင်မြင်မှုများ ရရှိခဲ့ပါသည်။ သို့ရာတွင် နောက်ဆုံး၌တပ်မတော်အများစုသည် တင့်များကို အသုံးချသည့် နည်းပညာနှင့် တင့်ချေမှုန်းရေးနည်းပညာများကို ဖော်ထုတ်လာနိုင်ခဲ့ပါသည်။ ၎င်းနောက် တင့်များသည် အရေးပါသောလက်နက်အဖြစ်ရှိနေဆဲဖြစ်သော်လည်း သူ့ချည်းသက်သက် မသုံးပဲ အခြားသောတိုက်ခိုက်ရေးလက်ရုံးများနှင့် ပေါင်းစပ်အသုံးပြုမှသာလျှင် စွမ်းဆောင် ရည်အကောင်းဆုံးရရှိပါသည်။ မြေပြင်တိုက်ခိုက်ရေးလေယာဉ်များသည်လည်း အလားတူ တရွေ့ရွေ့တိုးတက်လာခဲ့ခြင်းဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်။)