July 15, 2014

သမားရိုးကျမဟုတ်သောစစ်ဆင်ရေးအတွင်း ယန္တရားတင်တပ်ဖွဲ့များ

ပဋိပက္ခအသွင်တိုက်ပွဲများမကြာခဏဖြစ်ပွားနေသော မျက်မှောက်ခေတ်အခြေအနေနှင့်လိုက်လျောညီထွေ ဖြစ်စေရန်အတွက် အမေရိကန်တပ်မတော်သည် နည်းလမ်းသစ်တစ်ခုအား တီထွင်ဖန်တီးလျက်ရှိကြောင်း ဗိုလ်ချုပ်ကြီး George W Casey က ပြောကြားခဲ့ပါသည်။ ၎င်းင်းမှာယန္တရားတင်တပ်ဖွဲ့များသည် ခြေလျင်ဗဟိုပြု ဖွဲ့စည်းပုံ အတွင်းအကူပေးကဏ္ဍဖြင့်သာ မထင်မရှားတာဝန်ထမ်းဆောင်နေရကြောင်းကို ထောက်ပြလိုဟန်ရှိပါသည်။ ထိုကဲ့သို့ ကြုံရာ ကျပန်းဖန်တီးမှုသည် လက်ရှိစစ်ဆင်ရေးအခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည်ဟု ဆိုနိုင်သော် လည်း သမားရိုးကျ မဟုတ်သောစစ်ဆင်ရေးတွင် အကြီးစားတပ်ဖွဲ့များ ပါဝင်အသုံးချနိုင်မှုအား လျှော့ချမည်ဆိုပါက အနာဂတ်ကာလတွင် သံချပ်ကာတပ်ဖွဲ့အား လုံးဝလိုအပ်တော့မည်မဟုတ်ပေ။ တကယ်တမ်းတွင် သမားရိုးကျ မဟုတ်သောစစ်ဆင်ရေးအတွက် အမေရိကန်တပ်မတော်၏စစ်အခြေခံသဘောတရားတွင် ယန္တရားတပ်ဖွဲ့များအား ထည့်သွင်းဖွဲ့စည်းထားသင့်ပြီး ထိုယန္တရားတင်တပ်ဖွဲ့များကိုလည်း စစ်ဆင်ရေးအမျိုးအစားအားလုံးတွင် ပေါင်းစပ် အသုံးပြုနိုင်စေရေးအတွက် လေ့ကျင့်ပေးထားသင့်ပါသည်။

အာဖဂန်စစ်မြေပြင်ရှိ အမေရိကန်မရိန်းတပ်ဖွဲ့များသိုM1A1တင့်များ ရောက်ရှိလာခြင်းကယန္တရားတင် တပ်ဖွဲ့များသည် သမားရိုးကျမဟုတ်သောစစ်ဆင်ရေးတွင် ကျယ်ပြန့်သော အခန်းကဏ္ဍတစ်ခုမှ ပါဝင်အသုံးပြုနိုင် သည်ကို သိမြင်စေပါသည်။ အများစုက အလေးထားရှုမြင်ထားသည်မှာ ယန္တရားတပ်ဖွဲ့များသည်အုပ်ချုပ် ထောက်ပံ့ရေးဆိုင်ရာဝန်ကြီးမားခြင်း၊ ဘက်စုံအသုံးပြုနိုင်မှုကန့်သတ်ချက်ရှိခြင်းနှင့် မဟာဗျူဟာမြောက်လှုပ်ရှားနိုင်စွမ်း မရှိခြင်းဟူသော မှားယွင်းသည့်အကြောင်းပြချက်များဖြင့် အာဖဂန်နစ္စတန်စစ်မြေပြင်ကဲ့သို့စစ်ဆင်ရေးများတွင် သုံးစွဲရန်အခွင့်အလမ်း နည်းပါးသည် (သို့) မသုံးစွဲနိုင်ဟု ယေဘုယျသတ်မှတ်ထားကြပါသည်။ ထိုဝေဖန်ချက်များအနက် အချို့မှာကျိုးကြောင်း ညီညွတ်မှုရှိသော်လည်း ၄င်းတို့သည်မခိုင်လုံသော ထင်မြင်ယူဆချက်များကိုသာ အခြေခံ ထားသည့် ပြည့်စုံခြင်းမရှိသော အထင်အမြင်များသာဖြစ်ပါသည်။ယန္တရားတင်တပ်ဖွဲ့များအား သမားရိုးကျမဟုတ် သောစစ်ဆင်ရေးများတွင် အသုံးပြုမည်ဆိုပါက တပ်ဖြန့်ပုံနှင့်မြေပြင်အနေအထားများကိုသာ အဓိကစဉ်းစားရမည်ဖြစ် ပါသည်။

အမေရိကန်တပ်မတော်အနေဖြင့် ယန္တရားတင်တပ်ဖွဲ့အား စစ်ဆင်ရေးမျိုးစုံတွင် အသုံးချနိုင်ရန်အတွက် ၎င်းင်းတို့၏ဖွဲ့စည်းပုံအား ပြန်လည်သုံးသပ်သင့်ပါသည်။ စစ်ဆင်ရေးအခြေခံသဘောတရားများတွင်လည်း သမားရိုးကျမဟုတ်သောစစ်ဆင်ရေးအတွက် ယန္တရားတင်တပ်ဖွဲ့များ၏ စွမ်းဆောင်ရည်များ၊ ကန့်သတ်ချက်များနှင့် ထူးခြားသော အရည်အသွေးများကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသင့်ပါသည်။ သို့မှသာ ၎င်းင်းတို့အား အသုံးပြုရန် အတွက်နည်း ဗျူဟာ၊ နည်းစနစ်များနှင့် လုပ်ငန်းစဉ်များကို ရေးဆွဲနိုင်မည်ဖြစ်ပါသည်။ ထိုအချက်များအား လက်ရှိ အမေရိကန်တပ်မတော်မှ ဆင်နွှဲနေရသော ပဋိပက္ခအသွင်စစ်ဆင်ရေးများ၏ အစောပိုင်းကာလများတွင် သိမြင်နိုင်ခဲ့ သော်လည်း ၁၀ နှစ်နီးပါးမျှ စစ်ဆင်ရေးအတွေ့အကြုံရှိပြီဖြစ်သော လက်ရှိတပ်ဖွဲ့က ထိုအချက်များကို လက်မခံ နိုင်ဖြစ်နေပါသည်။ စစ်ဆင်ရေးမူဝါဒတွင် အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ရရှိခဲ့သောအတွေ့အကြုံ များကိုလည်း ထည့်သွင်းထားသင့်ပြီး သို့မှသာ ယန္တရားတင်တပ်ဖွဲ့အား ကျယ်ပြန့်စွာအသုံးချနိုင်မည်ဖြစ်ပါသည်။ အပေါ့စာှးအမပုနမ ခြေလျင်တပ်ဖွဲ့ များနှင့် ယန္တရားတင်တပ်ဖွဲ့များအတွက် စစ်ဆင်ရေးအခြေခံသဘောတရား တစ်ခုတည်းရေးဆွဲထားရုံဖြင့် မလုံလောက်တော့ပြီဖြစ်ပါသည်။

လေ့ကျင့်ရေးစနစ်များတွင်လည်း လက်ရှိစစ်ဆင်ရေးများတွင် အသုံးပြုခဲ့သည့် မဟာဗျူဟာများကို ပေါင်းစပ် ထည့်သွင်းသင့်ပါသည်။ ထိုအတွေ့အကြုံများသည် အပေါ့စား/အကြီးစားအထူးတာဝန်အဖွဲ့အစည်းကို ဖွဲ့စည်းရာတွင် နည်းပညာအချို့အားပြသနိုင်ပြီး လေ့ကျင့်ရေးစနစ်ကိုလည်း လက်တွေ့ကျကျဖြစ်စေပါသည်။

ကာကွယ်ရေးမူဝါဒရေးရာလေ့လာသုံးသပ်သူStephen Biddle က ခေတ်သစ်စစ်မြေပြင်တွင် အောင်မြင် မှုရရှိရန်အတွက် မည်သည့်တပ်ဖွဲ့ကို ဦးစားပေးအသုံးပြုမည်နည်းဟု ရေးသားခဲ့ပါသည်။ သို့တိုင်အောင် ကာကွယ် ရေးစီမံချက်ရေးဆွဲသူများနှင့် မူဝါဒရေးရာချမှတ်သူများသည် အနာဂတ်စစ်ဆင်ရေးအောင်မြင်မှုအတွက် တပ်ဦးစား ပေးအသုံးပြုမှု(ရှိပြီးသားတပ်ဖွဲ့အားမည်သို့အသုံးပြုရမည်ဆိုသည်)အား လျစ်လျူရှုထားဆဲဖြစ်ပြီး နည်းပညာ (သို့) စစ်ဆင်ရေးအယူအဆသစ်များကိုသာ ရှာဖွေနေကြပါသည်။ နည်းပညာသည် အစဉ်အမြဲလျင်မြန်စွာပြောင်းလဲ တိုးတက်လျက်ရှိပြီး ရလဒ်တစ်ခုအနေဖြင့် ၎င်းင်းနည်းပညာများသည် ရန်သူ့လက်အတွင်းသို့လည်း အလျင်အမြန် ရောက်ရှိသွားမည်သာဖြစ်ပါသည်။ ထိုသို့ တရားသေပြောင်းလဲမှုက သမားရိုးကျ(သို့) သမားရိုးကျမဟုတ်သော တပ်ဖွဲ့များအား နည်းပညာပေါ်တွင်သာ အားကိုးတိုက်ခိုက်နေသော အမေရိကန်တို့၏ စွမ်းဆောင်ရည်အား အကန့်အသတ်ဖြစ်လာစေပါမည်။ သို့သော် စစ်ဆင်ရေးဆိုင်ရာအယူအဆများသည် ကြုံတောင့်ကြုံခဲပင် အသစ်(သို့) လုံးဝတော်လှန် ပြောင်းလဲလာပြီး အမေရိကန်တပ်မတော်အနေဖြင့် ယခင်စစ်ပွဲများတွင် ဆောင်ရွက် ခဲ့သည့်အတိုင်းတိုက်ခိုက်ရန်(သို့) အခြေခံကျသောအားနည်းချက်များကို ပြင်ဆင်၍ ပြန်လည်ဖွဲ့စည်းနေရမှုအား စွန့်ခွာ၍ စစ်ဆင်ရေးမူဝါဒများအား
နောက်ထပ်တော်လှန်ပြောင်းလဲမှုပြုလုပ်ရန် ကြိုးပမ်းလျက်ရှိသည်ကို မြင်တွေ့နိုင် ပါသည်။



တပ်မတော်အတွင်းပြောင်းလဲမှု

Lexingtonစစ်ရေးသိပ္ပံဌာနမှ Loren Trompson ၏ပြောကြားချက်အရ အမေရိကန်တပ်မတော်သည် အနာဂတ်စစ်ပွဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိပြီး ၎င်းင်းမှာလက်ရှိကာလစက်မှုစစ်ဆင်ရေးကဲ့သို့ စစ်ဆင်ရေးဖွဲ့စည်းပုံမဟုတ်ဘဲ သမားရိုးကျမဟုတ်သော တပ်ဖွဲ့တစ်ခုနှင့် တိုက်ခိုက်ရန်ဖြစ်ကြောင်းသိရပါသည်။ မကြာ သေးမီကပင် အကြီးစားနည်းဗျူဟာတိုက်ခိုက်ရေးတပ်ဖွဲ့(BCT)နှစ်ခုအားStrikerနည်းဗျူဟာ တိုက်ခိုက် ရေးအဖွဲ့အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၎င်းင်းမှာ အမေရိကန်တပ်မတော်သည် လျင်မြန်ပေါ့ပါးသော ခြေလျင်ဗဟိုပြုတပ်ဖွဲ့အား ဖွဲ့စည်းနိုင်ရန်ပြင်ဆင်လျက်ရှိသည်ကို ထင်ရှားစွာသိနိုင်ပါသည်။ ၎င်းင်းတွင် သံချပ်ကာ တပ်ဖွဲ့ကဲ့သို့ပစ်အား၊ အကာအကွယ်နှင့် တုန်လှုပ်ခြောက်ခြားနိုင်စွမ်းလိုအပ်မှုလျော့နည်းပါသည်။ ထိုသို့ပြုလုပ် ရခြင်းမှာအကြီးစားတပ်ဖွဲ့များသည် နည်းဗျူဟာမြောက်လှုပ်ရှားရာတွင် လျင်မြန်မှုနည်းပါးပြီး အကြီးစားနည်းဗျူဟာ တိုက်ခိုက်ရေးတပ်ဖွဲ့မှာ စစ်သည်အရေအတွက်နည်းသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ဖွဲ့စည်းပုံ များတွင် ခြေလျင်တပ်ဖွဲ့များ ပိုမိုလွှမ်းမိုးလာသည်ကို ဆန့်ကျင်ငြင်းခုံလိုခြင်းမရှိသော်လည်း ခြေလျင်တပ်များကိုသာ လိုအပ်သည်ထက်ပို၍ ဖွဲ့စည်း မည်ဆိုလျှင် အမေရိကန်တပ်မတော်အနေဖြင့် အနာဂတ်ကာလတွင်သံချပ်ကာနှင့် ယန္တရားတင်တပ်ဖွဲ့များအား မည်သည့်အခန်းကဏ္ဍတွင်ထား၍ အသုံးပြုမည်နည်း။ထိုတပ်ဖွဲ့များအား ကျွန်ုပ်တို့ အနေဖြင့် မည်ကဲ့သို့အကျိုးရှိရှိ အသုံးပြုမည်နည်း။ ၎င်းင်းအဖြေမှာ တပ်ဦးစားပေးဖွဲ့စည်းမည့် အစီအစဉ်အတွင်းသာ တည်ရှိနေပြီး သံချပ်ကာနှင့် ယန္တရားတင်တပ်ဖွဲ့များအား မည်ကဲ့သို့တာဝန်ပေးဖွဲ့စည်းမည်၊ ၎င်းင်းတို့၏ နည်းဗျူဟာ တာဝန်များနှင့် အပြန်အလှန်အကူအညီပေးနိုင်မှုတို့ကို မည်ကဲ့သို့ခွဲဝေသတ်မှတ်ပေးမည်ဆိုသည့် အချက်အပေါ် တွင်သာမူတည်ပါသည်။ သံချပ်ကာ နှင့်ယန္တရားတင်တပ်ဖွဲ့များသည် သမားရိုးကျမဟုတ်သောစစ်ဆင်ရေး အပါအ၀င် စစ်ဆင်ရေးမျိုးစုံတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုပါဝင် ဆောင်ရွက်နိုင်ပါသည်။

အမေရိကန်တပ်မတော်အတွင်းမှလာသော သတင်းတစ်ခုအရ ၎င်းင်းတို့သည် အနာဂတ်ကာလအတွင်း လူဦးရေထူထပ်သော ဒေသများအနီးစစ်ဆင်ရာတွင် ကြုံတွေ့ရမည့် လုံခြုံရေးရည်မှန်းချက်များကိုလည်း စဉ်းစားသုံး သပ်လျက်ရှိကြောင်း သိရှိရပါသည်။ ထိုနေရာများမှာလည်း မြို့ပြဒေသအနီးများတွင်ဖြစ်၍ တပ်ဖွဲ့ဝင်များ၏ ရှင်သန် လွတ်မြောက်နိုင်စွမ်းနှင့် နည်းဗျူဟာမြောက်လှုပ်ရှားနိုင်စွမ်းအတွက် အာမခံချက်တစ်ခုရရှိရန် လိုအပ်မည်ဖြစ် ပါသည်။ ထိုကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေများတွင် အပေါ့စားနှင့်အလတ်စားတပ်ဖွဲ့များဖြင့် ခေတ်သစ် တင့်ဖျက်လက်နက်များကို ရင်ဆိုင်တုံ့ပြန်ရန်မှာ အားနည်းချက်များရှိပါသည်။ ထို့ကြောင့် ခေတ်မမီတော့သည့်တိုင် သံချပ်ကာတိုက်ယာဉ်များကို ကမ္ဘာတစ်ဝှမ်းတွင် ဆက်လက်တီထွင်နေကြဆဲဖြစ်ပါသည်။အကြီးစားလက်ရုံး တပ်ဖွဲ့များ ပါဝင်ဖွဲ့စည်းထားသည့် ပေါင်းစပ်လက်ရုံးတပ်ဖွဲ့သည် ထိုကဲ့သို့သော မြို့ပြဒေသများအတွင်း စစ်ဆင်ရာ တွင်သိသာသော အကျိုးကျေးဇူးတစ်ခုကို ရရှိစေမည်ဖြစ်ပါသည်။

RAND အဖွဲ့၏ ၂၀၀၈ ခုနှစ်တွင် ထုတ်ပြန်သောလေ့လာချက်အစီရင်ခံစာအရှStryker နည်းဗျူဟာ တိုက်ခိုက်ရေးအဖွဲ့ကဲ့သို့ အလတ်စားသံချပ်ကာတပ်ဖွဲ့များသည် အကြီးစားတပ်ဖွဲ့များထက်သိသာသောအား သာချက် ၄ ခုတွေ့ရှိကြောင်း ဖော်ပြထားပါသည်။ ၎င်းင်းတို့မှာ မဟာဗျူဟာမြောက်လှုပ်ရှားနိုင်စွမ်း၊ လျင်မြန်မှု၊ အုပ်ချုပ်ထောက်ပံ့ ရေးဆိုင်ရာနည်းပါးခြင်းနှင့် မြို့ပြဧရိယာများတွင် လွယ်ကူစွာလှုပ်ရှားနိုင်ခြင်းတို့ဖြစ်ပါသည်။ သို့သော် ၎င်းင်းတပ်ဖွဲ့ များ၏ပစ်ခတ်မှုစွမ်းအား၊ အကာအကွယ်ပိုင်းနှင့် လမ်းကြမ်းဒဏ်ခံနိုင်မှုစွမ်းရည်များတွင် အကြီးစားတပ်ဖွဲ့များနှင့် အချိုးအစားတူညီမှုနည်းပါးသဖြင့် ၎င်းင်းတပ်ဖွဲ့များအတွက် မဟာဗျူဟာမြောက်စီမံချက်များ၊ သတင်းထောက်လှမ်းမှု စွမ်းရည်များက အဆင့်မြှင့်တင်ပေးရန်နှင့် အကူပေးလက်နက်များအား အစားထိုးဖြည့် ဆည်းပေးရန် လိုအပ်ပါသည်။

၎င်းင်းလေ့လာမှုအခြေအနေအရ အမေရိကန်တပ်မတော်အနေဖြင့် ပေါင်းစပ်လက်ရုံးတပ်ဖွဲ့ပုံစံများနှင့် ပိုမိုအဆင်ပြေနိုင်ပြီး ၎င်းင်းတို့အား သမားရိုးကျနှင့် သမားရိုးကျမဟုတ်သောစစ်ပွဲနှစ်မျိုးလုံးတွင် အသုံးပြုနိုင်ရန်ကိုမူ တပ်ဖွဲ့အချင်းချင်း အပြန်အလှန်ကူညီပေးနိုင်ရန်အတွက်
ဖြည့်စွက်လေ့ကျင့်ပေးရန်လိုအပ်ပါသည်။ တစ်ချို့ကလည်း တပ်မတော် အားပြောင်းလည်းဖွဲ့စည်းခြင်းကြောင့် လှုပ်ရှားစစ်ဆင်ရေးများအသွင်ဖွဲ့စည်းထားသော သံချပ်ကာ၊ ယန္တရားတင်တပ်ဖွဲ့များနှင့် ပေါင်းစပ်လက်ရုံးတပ်ဖွဲ့များအပေါ် ထိခိုက်လာမည်ကိုစိုးရိမ်မှုရှိကြပါသည်။RANDစာတမ်းတွင်ဖေါ်ပြထားချက်တစ်ခုအရ အလတ်စားနှင့်အကြီးစားသံချပ်ကာတပ်ဖွဲ့နှစ်ခုစလုံးသည် သမားရိုးကျ မဟုတ်သောစစ်ဆင်ရေးတွင် လွန်စွာအသုံးဝင်ခဲ့သည့်သမိုင်းကြောင်းရှိပြီးသားဖြစ်ပါသည်။ မည်သည့်နည်းလမ်းဖြင့် အသုံးပြု မည်ဆိုသည်ကိုသာ ဆုံးဖြတ်ရမည်ဖြစ်ပါသည်။ ပဋိပက္ခအသွင်တိုက်ပွဲများ စဉ်ဆက်မပြတ်ဖြစ်ပေါ်လျက်ရှိ သော မျက်မှောက်ခေတ်တွင် ကြည်းတပ်ဖွဲ့များသည် လုံခြုံရေးတာဝန်များနှင့် ကြီးမားသောစစ်ဆင်ရေးများကို နေရာဒေသအမျိုးမျိုးတွင် ဆက်လက်ဆင်နွှဲနေရဦးမည်ဖြစ်ပါသည်။

တန်ပြန်သောင်းကျန်းမှုချေမှုန်းရေးနှင့် တည်ငြိမ် အေးချမ်းရေးရည်မှန်းချက်များနှင့် စစ်ဆင်ရေးများသည် နည်းဗျူဟာကျကျခံစစ်အသွင်သဏ္ဍာန်သို့ ဆောင်လာ သော်လည်း အမေရိကန်ကြည်းတပ်ဖွဲ့များသည် သံချပ်ကာတပ်ဖွဲ့(သို့) ခေတ်မီတင့်ဖျက်လက်နက်စနစ်များ တပ်ဆင်ထားသည့် ရန်သူ့တပ်ဖွဲ့များနှင့် ရင်ဆိုင်ရမည့် အစဉ်အလာသမားရိုးကျစစ်ဆင်ရေးများကို ဆက်လက် ဆင်နွှဲနိုင်ရန်အတွက်လည်း ပြင်ဆင်ရန်လိုအပ်နေဆဲဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အကြီးစားနည်းဗျူဟာ တိုက်ခိုက်ရေးတပ်ဖွဲ့များအား ဖယ်ရှားမှုပြုမည်ဆိုလျှင် ထိုကဲ့သို့ ရန်သူ့တပ်ဖွဲ့များနှင့် ရင်ဆိုင်ရန်အတွက် ကျွန်ုပ်တို့၏ အားနည်းချက်များ ပိုမိုလာဖွယ်ရှိပါသည်။

အစ္စရေးတို့အနေဖြင့် ထိုကဲ့သို့ သင်ခန်းစာအား ၂၀၀၆ ခုနှစ်လက်ဘနွန်စစ်ပွဲအတွင်း ခါးခါးသီသီးကြုံတွေ့ ခဲ့ရပြီးဖြစ်ပါသည်။ ၎င်းင်းစစ်ပွဲတွင် အစ္စရေးတပ်မတော်မှ ထိခိုက်ကျရှုံးခဲ့ရသူများ၏ ၄၀% ကျော်သည် (ခြေလျင်စစ်သည် များအပါအ၀င်) ခေတ်မီတင့်ဖျက်လက်နက်စနစ်များကြောင့်ဖြစ်ပါသည်။ ထိုဖြစ်ရပ်က အစ္စရေးတပ်မတော်အနေဖြင့် လှုပ်ရှားစစ်ဆင်ရေး၊ သံချပ်ကာလက်နက်စနစ်များနှင့် သမားရိုးကျစစ်ပွဲပြင်ဆင်မှုများအတွက် ၎င်းင်းတို့၏ စစ်ဆင်ရေး အခြေခံသဘောတရားနှင့်
လေ့ကျင့်ရေးစနစ်များကို ပြန်လည်သုံးသပ်စေခဲ့ပါသည်။ ထိုပြောင်းလဲမှုများအား ၂၀၀၈ ခုနှစ်အတွင်း ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်(စ်)တို့နှင့်ဖြစ်ပွားခဲ့သော စစ်ပွဲတွင် ထင်ထင်ရှားရှားမြင်တွေ့ ခဲ့ရပါသည်။

သမားရိုးကျမဟုတ်သော စစ်ဆင်ရေးသည် တပ်မတော်တစ်ရပ်၏ အနာဂတ်အစိတ်အပိုင်းတစ်ခု ကဲ့သို့ဖြစ် လာပြီး သောင်းကျန်းသူတန်ပြန်ချေမှုန်းရေးကဲ့သို့ ပဋိပက္ခအသွင်စစ်ဆင်ရေးများကိုလည်း ထည့်သွင်းစဉ်းစားထားရ မည်ဖြစ်ပါသည်။အမေရိကန်တပ်မတော်အနေဖြင့်လည်း ထိုကဲ့သို့သောစစ်ဆင်ရေးများတွင် အကြီးစားတပ်ဖွဲ့တစ်ခု အား ထိထိရောက်ရောက်အသုံးချလိုဟန်ရှိပါသည်။

အမေရိကန်တပ်မတော်၏ ယန္တရားတပ်ဖွဲ့များမှ စစ်သည်များနှင့် မရိမ်းတပ်ဖွဲ့များသည်လည်း ၂၀၀၃ ခုနှစ် ကတည်းကပင် သောင်းကျန်းသူတန်ပြန်ချေမှုန်းရေးနှင့် သမားရိုးကျမဟုတ်သော စစ်ဆင်ရေးများအတွင်း ၄င်းတို့၏ စွမ်းဆောင်ရည်များကို အောင်မြင်စွာသက်သေပြသခဲ့ပြီး ဖြစ်ပါသည်။ထိုတပ်ဖွဲ့ဝင်များသည် ၄င်းတို့၏ အတွေ့အကြုံ များနှင့် ပတ်သက်၍ လစဉ်ထုတ်သတင်းစာစောင်များတွင် ရေးသားခဲ့ကြပြီး ၄င်းတို့တွင်သမားရိုးကျ စစ်ဆင်ရေးအတွက် သံချပ်ကာတပ်ဖွဲ့အား ထည့်သွင်းစဉ်းစားရန်အသိအမြင်တစ်ချို့ကိုလည်း ဖေါ်ပြခဲ့ပါသည်။

ပထမဆုံးအနေဖြင့် ယန္တရားတင်တပ်ဖွဲ့များသည် နည်းဗျူဟာပိုင်းဆိုင်ရာအသုံးချမှုတွင် အပေါ့စားနှင့ှ်အမပုနမ တပ်ဖွဲ့များထက် သိသိသာသာကွဲပြားမှုရှိနေပါသည်။ဒုတိယအနေဖြင့် အဆိုပါတပ်ဖွဲ့များသည် ပြောင်းလွယ်ပြင် လွယ်နိုင်စွမ်းမြင့်မားပြီး ၄င်းတို့၏ဖွဲ့စည်းပုံဆိုင်ရာကန့်သတ်ချက်များကိုလည်း အတန်အသင့် လျှော့ချကျော်လွှားနိုင်စွမ်း ရှိပါသည်။ နောက်ဆုံးအနေဖြင့် အောင်မြင်မှုအတွက် အဆုံးအဖြတ်ပေးနိုင်စွမ်း(သို့) တပ်မှူးများ၏ ထိုးထွင်းသိမြင်၍ လိုက်လျောညီထွေဖြစ်စေမှုနှင့် လေ့ကျင့်ရေးဆိုင်ရာအားနည်းချက်များကို ရေးသားခဲ့ကြပါသည်။ တပ်ဖွဲ့စည်းပုံနှင့် လေ့ကျင့်ရေးစနစ်များအား အဆင့်မြှင့်တင်မှုများသည် အနာဂတ်သမား ရိုးကျမဟုတ်သော စစ်ဆင်ရေးတစ်ခုအတွက် စစ်ရေးစီမံချက်အတွင်း အကြီးစားသံချပ်ကာတပ်ဖွဲ့အား ဆက်လက် ပါဝင်စေရန် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ် နိုင်ပါသည်။

လက်ရှိကာလစစ်ပွဲများအတွင်း မည်သည့်ပဋိပက္ခစစ်ပွဲများတွင်မဆို အမေရိကန်ယန္တရားတင်ခြေလျင်တပ် ဖွဲ့ဝင်များ၏ အရေးပါမှုကိုတွေ့မြင်နိုင်ပါသည်။အဆိုပါခြေလျင်စစ်သည်များသည် သမားရိုးကျမဟုတ်သောစစ်ဆင် ရေးများအတွင်း ယန္တရားတင်တပ်ဖွဲ့များ၏ အောင်မြင်မှုအတွက် အဓိကမဏ္ဍိုင်များပင်ဖြစ်ပါသည်။ထိုယန္တရား တင်ခြေလျင်တပ်ဖွဲ့ဝင်များသည် မြင့်မားသောလှုပ်ရှားနိုင်စွမ်းရည်နှင့် ပြင်းထန်သော ပစ်ခတ်မှုစွမ်းအားများရှိပြီး ရှုပ်ထွေး သော မြေအနေအထားများတွင်လည်း ၄င်းတို့၏ပစ်အားဖြင့် အဝေးမှပစ်ခတ်ရှင်းလင်းနိုင်စွမ်းရှိပါသည်။

အကယ်၍အမေရိကန်တပ်မတော်အနေဖြင့် လက်ရှိကာလစစ်ဆင်ရေးအခြေအနေများအတွက် ၄င်းတို့၏ ဖွဲ့စည်းပုံအား ပြန်လည်ချိန်ညှိမည်ဆိုလျင် အပေါ့စားတပ်ဖွဲ့များStryker တပ်ဖွဲ့များနှင့် အကြီးစားတပ်ဖွဲ့တို့အား မည်သည့်အချိုးအစားဖြင့် ဖွဲ့စည်းရမည်နည်းဟု မေးစရာမေးခွန်းအချို့ရှိပါသည်။အမေရိကန်တပ်မတော်နှင့် အမေရိကန်ပြည်ထောင်စုအတွက် အန္တရာယ်မှာ ကြိုတင်မမျှော်မှန်းနိုင်သော ခြိမ်းခြောက်မှုများကို တုံ့ပြန်ဖြေရှင်း ရန်အတွက် ယန္တရားတင်တပ်ဖွဲ့မှာ လိုအပ်သည်ထက်နည်းပါးနေခြင်းဖြစ်ပါသည်။အနာဂတ်တွင် အမေရိကန်တို့ ကြုံတွေ့လာနိုင်သည့် ခြိမ်းခြောက်မှုများမှာ အဖျက်စွမ်းအား ပိုမိုကြီးမားလာဖွယ်ရာရှိပြီး အကယ်၍အမေရိကန် တပ်မတော်၏ အင်အားပြန်လည်ချိန်ညှိမှုတွင် ယန္တရားတင်တပ်ဖွဲ့အား ဘေးဖယ်ထားမည်ဆိုပါက ၄င်းတို့၏အား သာချက်များဖြစ်သော လှုပ်ရှားနိုင်စွမ်းနှင့် ပစ်အားပိုင်းဆိုင်ရာတို့အား ကျွန်ုပ်တို့ လုံးဝဆုံးရှုံးသွားမည်ဖြစ်ပါသည်။
ဟစ်ဇဘိုလာတို့ကဲ့သို့ နိုင်ငံမဲ့အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းများသည် အီရတ်နှင့်အာဖဂန်နစ္စတန် တွင် တွေ့ရသော ရန်သူ့တပ်ဖွဲ့များထက်ပင် စစ်ရေးစွမ်းရည်များပိုမိုမြင့်မားလာသည်ကို တွေ့မြင်နိုင်ပြီး ယန္တရားတင် တပ်ဖွဲ့များက ထိုကဲ့သို့ရန်သူများအား
ကောင်းစွာချေမှုန်းနိုင်စွမ်းရှိသည်ကိုလည်း မြင်တွေ့ခဲ့ရပြီးဖြစ်ပါသည်။ထိုကဲ့သို့ နိုင်ငံမဲ့(သို့)အစွန်းရောက်အုပ်စုတို့၏ ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေရသော နိုင်ငံတစ်ခုဖြစ်သည့် အစ္စရေးတို့သည် ၂၀၀၆ ခုနှစ်အတွင်း ဟစ်ဇဘိုလာတို့နှင့် တိုက်ခိုက်ခဲ့ရာတွင် ကြိုတင်ပြင်ဆင်မှုမပြည့်ဝခဲ့ကြောင်းကို သုံးသပ်တွေ့ ရှိရပါသည်။၎င်းတွင် သတိပြုစရာအချက်အချို့လည်းရှိပါသည်။ အစ္စရေးအစိုးရပိုင်းအတွင်းနှင့် တပ်မတော် ခေါင်းဆောင်များအပိုင်းက မှားမှားယွင်းယွင်းရှုမြင်ထားခဲ့သည့်အချက်တစ်ခုမှာ ဒေသတွင်းတွင် ၄င်းတို့အပေါ် ရေရှည်ခြိမ်းခြောက်နိုင်သော သမားရိုးကျတပ်မတော်တစ်ခုရှိနိုင်မည်မဟုတ်၊အကယ်၍ အစ္စရေးတို့အနေဖြင့် သမားရိုးကျမဟုတ်သောစစ်ဆင်ရေးတစ်ခု၏ အလယ်ဗဟိုသို့ရောက်ရှိသွားသည့်တိုင် ၄င်းတို့၏ လေတပ်ဖွဲ့ စွမ်းအားဖြင့် ထိုခြိမ်းခြောက်မှုများအား ရင်ဆိုင်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြခြင်းဖြစ်ပါသည်။ထို့ကြောင့် သမားရိုးကျပုံစံစစ်ကစားမှု (သို့) ပစ်အား စသည့်လိုအပ်ချက်များကို လျော့ချခဲ့ပြီး စစ်ပွဲ၏အဆုံးအဖြတ်အဖြေ အတွက် လေကြောင်းစွမ်းအားကိုသာ အလေးထားခဲ့ခြင်းဖြစ်ပါသည်။

အမေရိကန်တပ်မတော်သည်လည်း အစ္စရေးတို့နှင့်အလားသဏ္ဍန်တူသည့် အမှားတစ်ခုကိုပြုလုပ်နေဖွယ် ရှိပါသည်။၎င်းမှာ သမားရိုးကျမဟုတ်သောတပ်ဖွဲ့များမှ ပို၍သမားရိုးကျတိုက်ခိုက်လာနိုင်စွမ်းရှိသော ခြိမ်းခြောက် မှုများကို ရင်ဆိုင်ရန်အတွက် လိုအပ်သောမြေပြင်တပ်ဖွဲ့များ၏စွမ်းအားကို အကန့်အသတ်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။၂၀၀၉ ခုနှစ်အတွင်း ဂါဇာစစ်ပွဲတွင် ပြသခဲ့သော အစ္စရေးတပ်မတော်၏ စွမ်းဆောင်ရည်များက ၄င်းတို့ ရရှိခဲ့သော သင်ခန်းစာများအပေါ်မူတည်၍ အစွန်းရောက်တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုအားအကောင်းဆုံး တိုက်ခိုက်နိုင်ရန် ပြောင်းလဲမှုများပြုလုပ်ခဲ့ကြောင်း ပြသနေပါသည်။

အကယ်၍ အမေရိကန်တပ်မတော်အနေဖြင့် သမားရိုးကျမဟုတ်သော စစ်ဆင်ရေးအပေါ်တွင် အလေး ထားလေ့လာမည်ဆိုလျင် ၄င်းစစ်ဆင်ရေးများတွင် ယန္တရားတင်တပ်ဖွဲ့များသည် အဆုံးအဖြတ်ပေးနိုင်သော ကဏ္ဍ တစ်ခုမှ ပါဝင်ဆောင်ရွက်နိုင်သည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။သမားရိုးကျမဟုတ်သောစစ်ဆင်ရေးအပေါ် ရေးသား ထားသော လက်ရှိကာလဝေဖန်သုံးသပ်ချက်အများစုသည်လည်း သောင်းကျန်းသူချေမှုန်းရေး စစ်ဆင်ရေး၏ အစောပိုင်းအဆင့်များသာဖြစ်ပြီး နောက်ထပ်အဆင့်များ(သို့)သမားရိုးကျတပ်ဖွဲ့များ အဓိကပါဝင်ဆင်နွှဲခဲ့ရသော အခြားစစ်ဆင်ရေးအခြေအနေများကို အတွင်းကျကျရေးသားထားခြင်းမဟုတ်ပေ။

သောင်းကျန်းမှုစစ်ဆင်ရေးနှင့် ပတ်သက်၍အကြံပြုချက်များတွင် ဖေါ်ပြထားချက်တစ်ခုက သမားရိုးကျ မဟုတ်သောတပ်ဖွဲ့များသည် သမားရိုးကျစစ်ပွဲဆင်နွှဲနိုင်စွမ်းပိုမိုမြင့်မားလာပြီး ၄င်းတို့၏စစ်ရေးနှင့်နိုင်ငံရေးရည်မှန်း ချက်များပိုမိုမြင့်မားလာခြင်းပင်ဖြစ်ပါသည်။(ဆက်လက်ဖော်ပြပါမည်)

(Military Review March-April 2011)

No comments:

Post a Comment