ကျွန်ုပ်တို့အနေဖြင့် လက်နက်နှင့်ကိရိယာများ ထုတ်လုပ်ရာတွင် စွမ်းဆောင်ရည်မြင့်မားစေရန်အတွက် တီထွင် ဆန်းသစ်မှုများကို ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း ၀မ်ကျားပေါင်ကဆက်လက်ပြောကြားခဲ့သည်။ ထို့အပြင် သတင်း အချက်အလက်ဦးစားပေးခေတ်တွင် စစ်ရေးလေ့ကျင့်မှုများကိုလည်း ပြင်းပြင်းထန်ထန်ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း ဘေဂျင်းမြို့၊ ပြည်သူ့ရင်ပြင်ခန်းမတွင်ပြုလုပ်ခဲ့ပြီး ဧည့်သည် ၃၀၀ နီးပါးတက်ရောက်ခဲ့သော အစည်းအဝေးတစ်ခုတွင် ၀မ်ကျားပေါင်မှ ပြောကြားခဲ့ပါသည်။
၁၉၂၇ ခုနှစ်တွင် ကွန်မြူနစ်ပါတီမှ စတင်ဖွဲ့စည်းခဲ့စဉ်က ခေတ်မီခြင်းမရှိခဲ့သော တရုတ်ပြည်သူ့လွတ်မြောက် တပ်မတော်သည် ၁၉၇၉ ခုနှစ်အတွင်း ဗီယက်နမ်တို့အား ကျူးကျော်တိုက်ခိုက်မှုတွင် ရှုံးနိမ့်ခဲ့ရပြီးနောက် အိမ်နီချင်း အရှေ့တောင်အာရှနိုင်ငံများအား သြဇာလွှမ်းမိုးနိုင်ရန်အတွက် အဆင့်မြှင့်တင်ပြုပြင်ပြောင်းလဲမှုများကို အပူတပြင်းလုပ် ဆောင်ခဲ့ပါသည်။ တရုတ်တို့သည် သမားရိုးကျလက်နက်များ အဆင့်မြှင့်တင်တပ်ဆင်ခြင်းအပြင် အာကာသနည်း ပညာအစီအစဉ်များကိုလည်း ဖွံ့ဖြိုးတိုးတက်စေရန် အရှိန်မြင့်ဆောင်ရွက်ခဲ့ရာ ၂၀၀၇ ခုနှစ်တွင် ၎င်းင်းတို့၏ ဂြိုလ်တု တစ်လုံးအား အာကာသအတွင်း ပစ်ခတ်ဖျက်ဆီးပြနိုင်ခဲ့ပါသည်။ ၀မ်ကျားပေါင်သည် ပြည်တွင်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့များကိုလည်း အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တိဘက်ဒေသ၊ ဇင်ချောင်ဒေသနှင့် မွတ်စလင် များလွှမ်းရာဒေသများတွင် လူ့အခွင့်အရေးဆိုင်ရာ ဆန္ဒပြတောင်းဆိုမှုများ မြင့်မားလာသဖြင့် ၎င်းတို့အား ထိန်းချုပ် နိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။
သုတေသီများကမူ တရုတ်တို့၏ အမှန်တကယ်ကာကွယ်ရေးအသုံးစရိတ်မှာ တရားဝင်ထုတ်ပြန်သည်ထက် များစွာမြင့်မားမည်ဖြစ်ကြောင်း ယူဆလျက်ရှိပါသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ကမ္ဘာပေါ်တွင် အင်အားအကြီးမားဆုံးဖြစ်ပြီး စစ်သည်အင်အား ၂.၃သန်းခန့်ရှိပါသည်။ တရုတ်နိုင်ငံသည် ၎င်းတို့၏ကာကွယ်ရေးအစီအစဉ်များနှင့် ပတ်သက်၍ လွန်စွာလျှို့ဝှက်ထားလေ့ရှိပါသည်။
တရုတ်တို့၏ စစ်ရေးအင်အားအလျင်အမြန်တိုးတက်လာမှုက အာရှဒေသနှင် ၀ါရှင်တန်အစိုးရအပေါ် အချက်ပေးခေါင်းလောင်းထိုးသကဲ့သို့ဖြစ်စေပြီး ၀ါရှင်တန်အစိုးရသည်လည်း တရုတ်တို့၏လျင်မြန်စွာ အင်အားကြီးထွားလာမှုအား တန်ပြန်ရန်အတွက် မဟာဗျူဟာတစ်ရပ်အား ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။
ဂျပန်အစိုးရသည်လည်း တရုတ်အစိုးရ၏ စစ်ရေးတည်ဆောက်မှုများအပေါ် မေးခွန်းထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် ရေပိုင်နက်အငြင်းပွားမှုများတွင် မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲခြင်းမရှိစေရန် သတိပေးခဲ့ပါသည်။ သို့သော် တရုတ်တို့အနေဖြင့် ပတ်ဝန်းကျင်နိုင်ငံများနှင့် ယခုအငြင်းပွားနေသော နေရာများတွင် စစ်ရေးလှုပ်ရှားမှု များမရှိ၍ ပူပန်စရာမလိုကြောင်း၊ တရုတ်နိုင်ငံ၏စစ်အင်အားမှာ မိမိနိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ ပြည်တွင်း လုံခြုံရေးနှင့် ပိုင်နက်နယ်မြေများအား ကာကွယ်ရန်သာဖြစ်ပြီး အခြားမည်သည့်နိုင်ငံကိုမှ ခြိမ်းခြောက်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

No comments:
Post a Comment