August 15, 2014

တောင်ငူတိုက်ပွဲ၊ မြန်မာပြည်တိုက်ပွဲစဉ် ၁၉၄၂ (နိဂုံး)

 

အကယ်၍ ဂျပန်တို့၏စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို တိုက်ခိုက်မှု
သာအောင်မြင်ခဲ့မည်ဆိုပါက တရုတ်တို့၏အမှတ်(၂၀၀)တပ်မ
တစ်ခုလုံးမှာ ရန်သူ၏၀ိုင်းပတ်တိုက်ခိုက်မှုကို ခံရတော့မည်ဖြစ်သည်။ တရုတ် တပ်ဖွဲ့၏ တောင်ငူစစ်ဒေသကွပ်ကဲရေးမှူးသည် အမှတ်(၅၉၈)
တပ်ရင်းကြီးလက်အောက်ခံအမှတ်(၃)တပ်ရင်း မှ တပ်ခွဲနှစ်ခွဲကိုစုဖွဲ့၍ ဂျပန်တို့၏ ပွင့်နေသောဘယ်ဘက်စစ်နံအားတိုက်ခိုက်စေခဲ့
သည်။ တောင်ငူမြို့တွင်းတွင် ပြင်းထန်စွာတိုက်ပွဲများဖြစ်ပွားခဲ့ပြီး အမှတ်(၃)တပ်ရင်း၊ အမှတ်(၅၉၉)တပ်ရင်းကြီးနှင့် ကွပ်ကဲမှုဌာနချုပ်အား အကူပေးသောတပ်ခွဲတို့မှာ အကြီးအကျယ်ထိခိုက်ကျရှုံးခဲ့ရသော်လည်း တရုတ်တို့သည် ၎င်းင်းတို့၏နယ်မြေများ အား ဆက်လက်ဆုတ်
ကိုင်ထားနိုင်ကြဆဲဖြစ်သည်။
မတ်လ ၂၉ ရက်နေ့တွင် ဂျပန်အမှတ်(၅၅)တပ်မအား နောက်ဆုံးထိုးစစ်
တိုက်ခိုက်ရေးအင်အားစုအ ဖြစ် အသုံးပြုခဲ့ပြီး ရနိုင်သမျှသော
အမြောက်များဖြင့်လည်း အကူပေးပစ်ခတ်ပေးခဲ့ကြသည်။ မွန်းတည့်ချိန်တွင် တပ်ဖွဲ့ဝင်များသည်ဘယ်ဘက်ဘေးနံမှနေ၍ တောင်ငူမြို့အား အနောက်မြောက်ပိုင်းသို့ ချီတက်တိုက်ခိုက်ခဲ့ရာ တရုတ်တပ်ဖွဲ့များ၏ ၀င်လမ်း/ထွက်လမ်းများခြိမ်းခြောက်ခံခဲ့ရသည်။ မြို့၏အနောက်ဘက်သို့ တိုက်ခိုက်ပေးမှု ကို အကာအကွယ်ယူ၍ အမှတ်(၅၆)တပ်မ၏ ကင်းထောက်တပ်ရင်းကြီးသည် မြောက်ဘက်သို့ ချီတက်၍ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တရုတ်တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်။ အမှတ်(၂၀၀)တပ်မ၏ ကွပ်ကဲမှု ဌာနချုပ်နှင့် စစ်တောင်းတံတားမှာလည်း ခြိမ်းခြောက်ခံနေရပြီဖြစ်သည်။
မတ်လ ၂၉ ရက်နေ့ မွန်းလွှဲပိုင်းတွင် အမှတ်(၂၀၀)တပ်မသည် မြို့၏အရှေ့ဘက်သို့ ဦးစွာဆုတ် ခွာပြီး နောက်ပိုင်းတွင် မြောက်ဘက်သို့ချီတက်၍ စစ်တောင်းမြစ်၏အရှေ့ဘက်ကမ်း လမ်းကြောင်းအတိုင်း ဆုတ်ခွာ လာရန်အမိန့်ပေးခြင်းခံခဲ့ရသည်။ တောင်ငူမြို့တွင်းတိုက်ပွဲများမှာ ညမှောင်သည့်အချိန်အထိ ဆက်လက်ဖြစ်ပွား ခဲ့သည်။ တရုတ်တို့ကလည်းအလျှော့မပေးဘဲ ဆက်လက်ခုခံတိုက်ခိုက်ခဲ့ကြသည်။ မတ်လ ၂၉ ရက်နေ့ ၂၂၀၀ နာရီအချိန်တွင် ဂျပန်အမှတ်(၅၆)တပ်မ၏ယာဉ်တင်ကင်းထောက်တပ်ရင်းကြီးသည် စစ်တောင်းမြစ်ပေါ်ရှိ တံတားအား ၀င်ရောက်ပိတ်ဆို့ခဲ့သည်။
တရုတ်တပ်ဖွဲ့များဆုတ်ခွာခြင်း
တောင်ငူမြို့မှတရုတ်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရာတွင် Dai Alan သည်တပ်ရင်းတပ်ခုစီမှ နောက်ချန်တပ်ဖွဲ့ တစ်ခုစီကိုထုတ်နှုတ်၍ ညတိုက်ပွဲများဆင်နွှဲစေကာ အဓိကစစ်ကြောင်းဆုတ်ခွာမှုကို အကာအကွယ်ရှိစေရန်ဆောင်ရွက်ခဲ့သည်။ ထိုသို့ပြန်လည်ဆုတ်ခွာရာတွင် အမှတ်(၅၉၉)တပ်ရင်းကြီးက ဦးဆောင်၍ ထိခိုက်ပျက်စီးနေသော စစ်တောင်းတံတားကိုဖြတ်ကူးကာ ၎င်းင်းနောက်မှ အမှတ်(၆၀၀) တပ်ရင်းကြီးက ရေတိမ်ပိုင်းမှ ဖြတ်ကူးလာခဲ့သည်။ နံနက် ၀၄၀၀ နာရီအချိန်တွင် အမှတ်(၂၀၀)တပ်မတစ်ခုလုံး သည် တောင်ငူမြို့အားစွန့်ခွာလာခဲ့ကြသည်။
တရုတ်တပ်ဖွဲ့များဆုတ်ခွာနေသော်လည်း မတ်လ ၃၀ ရက်နေ့နံနက်တွင် အမှတ်(၅၅)တပ်မသည် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။ အင်ဂျင်နီယာတပ်ဖွဲ့ဝင်များသည် ၀၈၅၀ ချိန်တွင် တရုတ်တို့၏အခိုင်အမာခံစစ်နေရာများကို ဖောက်ခွဲဖျက်ဆီးပေးခဲ့ပြီး အမှတ်(၅၅)တပ်မမှ စစ်သည်များသည် လည်း နောက်ဆုံးထိုးစစ်ကိုဆင်နွှဲခဲ့ပါသည်။ ၀၇၀၀ နာရီအချိန်တွင် အမှတ်(၅၆)တပ်မ
မှစစ်သည်များနှင့် ချိတ်ဆက်နိုင်ခဲ့သလို စစ်တောင်းမြစ်ပေါ်မှ အရေးပါသော အဓိကတံတားတစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် တောင်ငူမြို့အား အရှေ့ဘက်မှဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအပြီးတွင် ဂျပန်တို့သည် တောင်ငူမြို့အား သိမ်းပိုက်နိုင်ခဲ့သည်။


တရုတ်နိုင်ငံလုပ်Type-99 ပင်မတိုက်ပွဲဝင်တင့်


Type-99 ပင်မတိုက်ပွဲဝင်တင့်ကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး
တပ်မတော် သံချပ်ကာတပ်ဖွဲ့အား အတော်လေး လေးစားအထင်ကြီးလာစေခဲ့ပါသည်။
Type-99 တင့်အား ၁၉၉၈ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး ၁၉၉၉စစ်ရေးပြအခမ်း
အနားတွင် ပထမဆုံးအကြိမ်လူထုသို့ ထုတ်ဖေါ်ပြသခဲ့ပါသည်။ သို့သော်လည်း တိုက်ယာဉ် တစ်စီးချင်းစီ၏ ကုန်ကျစရိတ်မြင့်မားမှုကြောင့် လက်ရှိအချိန်အထိ အရေအတွက်အနည်းငယ်သာ ထုတ်လုပ်ထားပါ သည်။Type-99 တင့်သည် ရုရှား၏သံချပ်ကာနည်းပညာများအား တရုတ်နိုင်ငံသို့ ထောက်ပံ့ပေးနေခြင်း၏ ပြယုဂ် တစ်ခုလည်း ဖြစ်ပါသည်။Type-99 တင့်ကြောင့် တရုတ်သံချပ်ကာနည်းပညာမှာ ၎င်းင်း၏ကမ္ဘာတစ်ဝှမ်းမှ ပြိုင်ဘက် များနှင့် တန်းတူရည်တူဖြစ်စေခဲ့ပြီး အခြားသောတိုက်ယာဉ်များထက် ဒီဇိုင်းပိုင်းဆိုင်ရာသာလွန်သော အချက်အချို့ ပင် ရှိနေပါသည်။
Type-99 တင့်အာType-98 အမည်ဖြင့်ပထမဆုံးအကြိမ်ထုတ်ဖေါ်ပြသခဲ့ပါသည်။Type-98 တင့်သည် လည်းType-90 တင့်အားအဆင့်မြှင့်တင်ထားသည့် ပုံစံတစ်ခုသာ ဖြစ်ပါသည်။ ထို့အပြင် ယင်းType-90 တင့်သည် လည်း ဆိုဗီယက်၊ ရုရှားလုပT-72 တင့်စီးရီးကို ထပ်မံအဆင့်မြှင့်တင်တီထွင်ထားခြင်း ဖြစ်သည်။Type-98 တင့်အားType-98G တင့်အဖြစ် ထပ်မံအဆင့်မြှင့်တင်ခဲ့ပြီး ၎င်းင်းတွင်တိုက်ယာဉ်အဖွဲ့သား ၄ ဦးမှ တစ်ဦးလျှော့ချ၍ အလို အလျောက်ကျည်ထိုးစက်ပါ ၁၂၅ မမအမြောက်ကို တပ်ဆင်ခဲ့ပါသည်။ Type-98G တင့်တွင် လှုပ်ရှားစဉ်တိကျစွာ ပစ်ခတ်နိုင်မှု
စွမ်းရည်တိုးတက်စေရန်အတွက် ခေတ်မီပစ်ခတ်မှုထိန်းချုပ်ရေးစနစ်တစ်ခုကို တပ်ဆင်ပေးခဲ့ပြီး မြင်းကောင် ရေ ၁၂၀၀ အားရှိ ခေတ်မီအင်ဂျင်ကို အသုံးပြုထားပါသည်။Type-99 ပင်မတိုက်ပွဲဝင် တင့်တွင်မူ မြင်းကောင်ရေ ၁၅၀၀ အားရှိ အင်ဂျင်ကို တပ်ဆင်ထားပါသည်။Type-99 တင့်အား ပစ်အားကောင်းမွန်စေရန်နှင့် တိုက်ယာဉ်အဖွဲ့သားများ ရှင်သန်ရပ်တည်နိုင်စွမ်းအမြင့်မား ဆုံးဖြစ်စေရန်အတွက် (အကာအကွယ်အကောင်းမွန်ဆုံးဖြစ်စေရန်) ဒီဇီုင်းဆွဲတည်ဆောက်ထားပါသည်။ ၎င်း၏ သံချပ်ကာအကာအကွယ်မှာ ကမ္ဘာတစ်ဝှမ်းမှ အတန်းအစားတူတင့်များနှင့် အတူတူပင်ဖြစ်ပြီး တုံ့ပြန်ပေါက်ကွဲ သံချပ်ကာအကာအကွယ်များကို တပ်ဆင်နိုင်ရန်အတွက်လည်း စမ်းသပ်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


Type-99 တင့်၏ အားသာချက်တစ်ခု မှာ ၎င်းတွင် တပ်ဆင်ထားသည့် ၁၂၅ မမ ပြောင်းချောအမြောက်မှ ရုရှားလုပ်AT-11လေဆာတင့်ဖျက်ပဲ့ထိန်းဒုံးကို ပစ်ခတ်နိုင်ခြင်းပင် ဖြစ်သည်။ ထိုအချက်က စစ်မြေပြင်တွင်Type-99 တင့်၏ ချေမှုန်းနိုင်စွမ်းကို နှစ်ဆတိုးတက်လာစေ မည်ဖြစ်သည်။Type-99 တင့်တွင် လေဆာတုံ့ပြန်ကာကွယ်ရေးစနစ်ကို လည်း တပ်ဆင်ထားသဖြင့် ၎င်းင်းစနစ်ကြောင့် တိုက်ယာဉ်အဖွဲ့သားများအနေဖြင့် အဝေးရှိရန်သူတင့်
များအား ထောက်လှမ်းသိရှိနိုင်ပြီး မိမိတင့်အား ရန်သူ့တိုက်ယာဉ်အဖွဲ့သားများမြင်နိုင်စွမ်းလျော့နည်းစေရန် နှောင့်ယှက်နိုင်ပါ သည်။