August 15, 2014

တောင်ငူတိုက်ပွဲ၊ မြန်မာပြည်တိုက်ပွဲစဉ် ၁၉၄၂


ဒုတိယ တရုတ်-ဂျပန်စစ်ပွဲ
တောင်ငူတိုက်ပွဲသည် ဒုတိယ တရုတ်-ဂျပန်စစ်ပွဲနှင့်ဒုတိယကမ္ဘာ
စစ်ကာလ မြန်မာပြည်တိုက်ပွဲစဉ်အတွင်း ယူနန်- မြန်မာလမ်းမကြီး
တစ်လျှောက်တိုက်ပွဲစဉ်များထဲမှ အဓိကကျသော တိုက်ပွဲစဉ်
တစ်ခုလည်းဖြစ်သည်။ တောင်ငူမြို့ အားထိန်းချုပ်နိုင်မည်ဆိုပါက ဂျပန်တို့အတွက် လားရှိုးအထိ ချီတက်ရန်လမ်းကြောင်းတစ်ခု ပွင့်သွားမည်ဖြစ်ပြီး မဟာမိတ်တို့၏ဘေးနံနှင့်တရုတ်နိုင်ငံ၏အတွင်းပိုင်းသို့ ထိုးဖောက်ချီတက်နိုင်ပြီဖြစ်သည်။
တိုက်ပွဲစတင်ခြင်း
၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် တရုတ်အမှတ်(၂၀၀)
တပ်မသည် တောင်ငူမြို့သို့ ချီတက်ရောက်ရှိ လာပြီး ထိုနေ့မှာပင် ရန်ကုန်မြို့သည်လည်း ကျရှုံးခဲ့ပါသည်။ အဆိုပါအဓိက
အရေးပါသော နေရာတစ်ခုဖြစ်သည့် တောင်ငူတွင် တရုတ်တပ်ဖွဲ့များက ဗြိတိသျှတပ်ဖွဲ့များ၏တပ်ဆွယ်တစ်ခုအဖြစ် ခံစစ်နေရာယူထားခဲ့ကြသည်။ တောင် ငူမြို့၏တည်နေရာအနေအထားအရ မြောက်ဘက်တွင် မန္တလေးမြို့နှင့်စစ်တောင်းမြစ်ကို ဖြတ်ကူးပြီးပါက အရှေ့ဘက်တွင် ကယားပြည်နှင့်မြောက်ဘက်တွင် လွိုင်ကော်၊ ရှမ်းပြည်နယ်၊ လားရှိုးနှင့်တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိကို သွားရောက်နိုင်
မည်ဖြစ်သည်။ တောင်ငူမြို့ကို သိမ်းပိုက်နိုင်ပြီဆိုပါက မြန်မာပြည် စစ်မြေပြင်အတွင်း မဟာမိတ်တို့၏ ဘေးနံခံစစ်များကို ခြိမ်းခြောက်နိုင်မည်ဖြစ်ပြီး ဂျပန်တို့အတွက် မြန်မာပြည် အလယ်ပိုင်းဒေသသို့ ထိုးဖောက်ချီတက်ရန်လမ်းကြောင်းတစ် ခုပွင့်သွားမည်ဖြစ်သည်။
တရုတ်တပ်ဖွဲ့များ၏တပ်မှူးဖြစ်သူ ဗိုလ်ချုပ် Dai Anlan ကတောင်ငူမြို့အား တရုတ်တပ်ဖွဲ့များ၏ အဓိက ခံစစ်နေရာတစ်ခုအဖြစ်ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ပြီးတောင်ငူမြို့တောင်ဘက်အုတ်တွင်းမြို့သို့ သွားရာမီးရထားလမ်း
ကြောင်းတွင်လည်း စစ်အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်ခဲ့သည်။ ယာဉ်တင်ကင်းထောက်တပ်ရင်းကြီးနှင့် အမှတ်(၅၉၈)ခြေလျင်တပ်ရင်းကြီးမှ တပ်ခွဲတစ်ခွဲကိုလည်း တောင်ငူမြို့၏တောင်ဘက် ၃၅ နှင့် ဖြူးမြို့၏ တောင်ဘက် ၁၂ မိုင်အကွာအဝေးတွင်ရှိသောKan မြစ်ကမ်းပါးဒေသသို့စေလွှတ်ခဲ့သည်။
ကင်းထောက်တပ်ရင်း ကြီးသည်Kan မြစ်သို့ခြေလျင်တပ်ခွဲတစ်ခွဲစေလွှတ်ခဲ့ပြီး ညောင်ခြေထောက်ရွာအနီးရှိ တံတားတွင်တွင်လည်း တပ်စုတစ်စုကိုတာဝန်ယူထားစေခဲ့သည်။


တရုတ်အမှတ်(၂၀၀)တပ်မသည် မြို့ဟောင်း၏တံတိုင်းများအတွင်းနှင့် အုတ်တွင်းမီးရထား လမ်းကြောင်း တစ်လျှောက်တွင် ကတုတ်ကျင်းများတူး၍တောင်ငူမြို့သည် မီးရထားလမ်း၏အရှေ့ဘက်မြို့သစ်နှင့် အနောက်ဘက်တွင်မြို့ဟောင်းဟူ၍ နှစ်ပိုင်းခွဲခြားထားပါသည်။မြို့ဟောင်းပိုင်းတွင် ခိုင်မာတောင့်တင်းသော အတားအဆီးတံတိုင်းများရှိပြီး တရုတ်တပ်ဖွဲ့များအတွက် အကာအကွယ်ကောင်းတစ်ခုလည်းဖြစ်သည်။
တရုတ်တို့သည် ၎င်းင်းတို့၏ခံစစ်နေရာ မျာကိုအဆင့်မြှင့်တင်သည့်
အနေဖြင့်ပေါများလှသော ဒေသထွက်သစ်များ ကိုအသုံးပြု၍ လျှို့ဝှက်စခန်းများစွာကို လည်းတည်ဆောက်ထားခဲ့သည်။
၁၀ ရက်အကြာ မတ်လ ၁၈ ရက်နေ့တွင်Skirmish ခေါင်းဆောင်သည် ဂျပန်အမှတ်(၅၅)တပ်မမှ စစ်ကြောင်းများသည် ညောင်ခြေထောက်အနီးKan မြစ်မှစတင်ချီတက်လာခဲ့သည်။ တရုတ်ကင်းထောက်တပ်ဖွဲ့ များက ဂျပန်တို့ချီတက်လာမှုကို နှောင့်နှေးအောင်ဆောင်ရွက်ပေးခဲ့သဖြင့် တရုတ်တပ်ဖွဲ့များသည်အုပ်တွင်း နှင့်တောင်ငူအနီးတစ်ဝိုက်တွင် ၎င်းင်းတို့၏ခံစစ်တည်ဆောက်မှုများကို ပြီးစီးအောင်တည်ဆောက်နိုင်ခဲ့သည်။
တောင်ငူတိုက်ပွဲ
မတ်လ ၂၄ ရက်နေ့တွင် အမှတ်(၁၁၂)ဂျပန်တပ်ရင်းကြီးသည် အုတ်တွင်းမြို့အားဝင်ရောက် တိုက်ခိုက်ခဲ့သည်။ အမှတ်(၁၄၃)ဂျပန်တပ်ရင်းကြီးသည်လည်း ၎င်းင်းတို့၏မဟာမိတ်ဗမာတပ်ဖွဲ့များ၏ အကူအညီ ပေးမှုနှင့်အတူ တောင်ငူမြို့၏အနောက်ဘက်တောများအတွင်းမှ ချီတက်လာခဲ့ပြီး မြို့၏မြောက်ဘက် ၆ ကီလိုမီတာ အကွာအထိ
ရောက်ရှိလာခဲ့ကာ တောင်ငူလေယာဉ်ကွင်းနှင့် အနီးအားရှိဘူတာရုံတစ်ခုအား တိုက်ခိုက်ခဲ့သည်။ ၎င်းင်းတွင် တရုတ်တို့၏ အင်ဂျင်နီယာတပ်ရင်းတစ်ခုသာ ခုခံကာကွယ်ခဲ့ပြီး တပ်မှူးဖြစ်သူမှာ ကြောက်ရွံ့ပြီး ဆုတ်ခွာထွက်ပြေးခဲ့သည်။ ထို့ကြောင့် အမှတ် (၂၀၀)တပ်မ၏မြောက်ဘက်သို့ ဆက်သွယ်ရေးလမ်း
ကြောင်းမှာ ပြတ်တောက်သွားခဲ့ပြီး ကျန် ၃ဖက်နေရာမှလည်း ၀ိုင်းရံခြင်းခံနေရပါသည်။


Dai Anlan သည်တောင်ငူမြို့ဟောင်း၏တံတိုင်းအနီးတွင် ခံစစ်ဆင်ထားသည့်နေရာမျာကို စွန့်လွှတ် ခဲ့ပါသည်။
တောင်ငူ၏မြောက်ဘက်ခံစစ်ကို အမှတ်(၅၉၈)တပ်ရင်းကြီးကလည်းကောင်း၊ တောင်ဘက် ခံစစ်ကို အမှတ်(၅၉၉)တပ်ရင်းကြီးကလည်းကောင်း၊ အနောက်ဘက်ကို အမှတ်(၆၀၀)တပ်ရင်းကြီး
ကလည်းကောင်း၊ ဆက်လက်ထိန်းချုပ်ထားစေခဲ့သည်။
တပ်မဌာနချုပ်ကိုလည်း ဂျပန်တို့၏လေကြောင်းနှင့်အမြောက်တို့ဖြင့် တိုက်ခိုက်မှုများကို ရှောင်လွှဲနိုင်ရန်အတွက် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ ရွှေ့ပြောင်းအခြေစိုက်ခဲ့သည်။ ထို့ကြောင့် အရှေ့ဘက်သို့သွားရာထောက်ပံ့ရေးလမ်းကြောင်းမှာလည်း လုံခြုံမှုရှိနေမည်ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment