ထိုင်းစစ်အစိုးရသည် ၂၀၁၅ ခုနှစ်ကာကွယ်ရေးအသုံးစာရိတ်အား ဘတ် ၁၉၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆ ဘီလီယံ)အသုံးပြုရန် အဆိုပြုခဲ့ပြီး ၄င်းမှာ ၂၀၁၄ အသုံးစာရိတ်ထက် ၅ ရာခိုင်နှုန်းကျော် တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၂၀၁၅ ခုနှစ် အစိုးရအသုံးစာရိတ်အားလုံး၏ ၈ ရာခိုင်နှုန်းနီးပါးရှိကာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်သည်။
၎င်းကာကွယ်ရေးအသုံးစာရိတ်အား ဇူလိုင် ၁၉ ရက်နေ့တွင် အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လကုန်ပိုင်းတွင်ပြုလုပ်မည့် ကတ်ဘိနက်
အစည်းအဝေးတွင် အတည်ပြုပေးဖွယ်ရှိပါသည်။
အစည်းအဝေးတွင် အတည်ပြုပေးဖွယ်ရှိပါသည်။
အခြားသောသတင်းများအရ ထိုင်းတပ်မတော်အတွက် ယူကရိန်းနိုင်ငံမှ BTR-3E1 သံချပ်ကာလူသယ်ယာဉ်သစ် ၃၂ စီးထပ်မံလွှဲပြောင်းပေးရန် စီစဉ်ထားမှု မှာယူကရိန်းနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေများကြောင့်
ခေတ္တရပ်ဆိုင်းထား လိုက်ကြောင်းသိရသည်။ မူလအစီအစဉ်အရ ၄င်းတိုက်ယာဉ် ၃၂ စီးအား ၂၀၁၄ နှစ်ကုန်ပိုင်းမတိုင်ခင် လွှဲပြောင်းပေးရမည် ဖြစ်သည်။ ၂၀၀၇- ၂၀၁၁ ခုနှစ်များတွင်ချုပ် ဆိုခဲ့သော စာချုပ်များအရ ထိုင်းတပ်မတော်သည် ယူကရိန်းနိုင်ငံမှ BTR-3E1 သံချပ်ကာလူသယ်ယာဉ် ၂၃၃ စီးအား ၀ယ်ယူသွားမည်ဖြစ်သည်။ အချို့သော သတင်းများအရ ၁၄၂ စီးမှ ၁၅၃ စီးအထိဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

(Defense Update News.Com)

No comments:
Post a Comment