August 15, 2014

ARJUN MAIN BATTLE TANK


အထွေထွေအချက်အလက်များ
တိုက်ပွဲဝင်အလေးချိန်- ၅၈.၅တန်။
တိုက်ယာဉ်အဖွဲ့သား- ၄ဦး( တိုက်ယာဉ်မှူး၊ ယာဉ်မောင်း၊အမြောက်ပစ်၊ကျည်ထိုး)
အဓိကလက်နက်- ၁၂၀မမ ပြောင်းရစ်ပါ တင့် အမြောက် (ဂျာမဏီ REHIMETALL)
ခဲယမ်း- LAHAT တင့်ဖျက်ပဲ့ထိန်းဒုံး၊ HEAT (တင့်ဖျက်ခွင်းကျည်)၊ APSFDS( ဒလက်ထိန်းသံချပ်ဖောက်ခွင်းကျည်)၊ HESH(ခေါင်းပြားခွင်းကျည်)
ယှဉ်တွဲလက်နက်- ၇.၆၂မမ TK-715 စက်သေနတ်
လေယာဉ်ပစ်စက်သေနတ်- ၁၂.၇ မမ ပုံစံ-၈၅ (CHINA)
အင်ဂျင်- MTU-838 ka-501 MARCEDEZ Diesel(မြင်းကောင်ရေ ၁၄၀၀အား)
အဝေးဆုံးတိုက်ပွဲဝင်အကွာအဝေး(ဆီ ၁ကြိမ်ဖြည့်ပြီးလျင်)-၄၅၀ ကီလိုမီတာ
အမြန်ဆုံးမောင်းနှင်နိုင်မှု(၁နာရီ)- ၇၅ကီလိုမီတာ(လမ်းချော)၊ ၄၅ကီလိုမီတာ(လမ်းကြမ်း)

သမိုင်းကြောင်း
INDIA တပ်မတော်သည်လွတ်လပ်ရေးရရှိချိန်(၁၉၄၉)မှစတင် ကာ စစ်ကျန်တင့်များဖြစ်သောဖြစ်သော ရှားမင်းတင့်များအားပင်မတိုက်ပွဲဝင်တင့်အဖြစ်အသုံးပြုခဲ့ရာမှ ၁၉၆၇ INDIA-PAKISTAN စစ်ပွဲပီးဆုံးချိန်မှစတင် ကာ ခေတ်မီ တိုက်ပွဲတင့် များမရှိမဖြစ်လိုအပ်လာကြောင်း သဘောပေါက်ခဲ့သဖြင့် ကိုယ်ပိုင်ထုတ်လုပ်နိုင်ရေးကြိုးပမ်းခဲ့ကြရာ ၁၉၇၀တွင် ဗြိတိန်နိုင်ငံထုတ် CENTURION တင့် အားအခြေခံကာ VAJARANTA တင့်များထုတ်လုပ်ခဲ့ပြီး ကျယ်ပြန့်စွာ အသုံးပြုခဲ့သည်။ VAJARANTAတင့် အစီးရေ(၁၂၀၀)ခန့် INDIA တပ်မတော်တွင်အသုံးပြုခဲ့သည်.။ ၁၉၉၀ပြည့်လွန်နှစ်များတွင် VAJARANTAတင့်များမှာ များစွာခေတ်နောက်ကျကျန်ခဲ့သဖြင့် RUSSIA မှT-72 M တင့် အစီးရေ (၈၀၀)ခန့်ဖြင့်အစားထိုးသုံးစွဲခဲ့သည် T-72M တင့်များ အားနိုင်ငံအတွင်းထုတ်လုပ်တပ်ဆင်ခဲ့ပြီး AJAYA ဟု အမည်သတ်မှတ်သုံးစွဲခဲ့သည်။ သို့သော်လည်း ကိုယ်ပိုင် ဒီဇိုင်း ဖြင့် တင့်၁စီးထုတ်လုပိရန် အာသီသပြင်းထန်ခဲ့သော နိုင်ငံ့ခေါင်းဆောင်များသည် ၁၉၉၆ခုနှစ်မှစတင်ကာ စမ်းသပ်ရှေ့ပြေးပုံစံများထုတ်လုပ်ရန် CVDE DRDO ကုပဏီအားအလုပ်အပ်နှံခဲ့ရာ စမ်းသပ်မှုအမျိုးမျိုးပြုလုပ်ပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင်အမေရိကန်ဒေါ်လာ ၄၇၁သန်း တန်ဖိုးရှိ တင့် ၁၂၄စီးအားစတင်မှာယူနိုင်ခဲ့သည်။၂၀၀၄ခုနှစ်တွင် ပထမအသုတ် ၄၅စီးစတင်အသုံးပြုခဲ့ပြီး ၊ ၂၀၁၀ပြည့်နှစ်တွင် ၂၄၀စီး အသုံးပြုလျက်ရှိသည် ။

သုံးသပ်ချက်
အရှေ့အုပ်စုတင့်များအားအများဆုံး အသုံးပြုခဲ့သောINDIA နိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ်ကိုယ်ပိုင်ပုံစံတင့်အားထုတ်လုပ်နိုင်ခဲ့သည်။ ကိုယ်ပိုင်ပုံစံဟု ဟစ်ကြွေးခဲ့သော်လည်း တင့် ဒီဇိုင်းမှာ ပြင်သစ် LECLARC နှင့် ဂျာမဏီ LEOPARD တင့်များအား မှီငြိမ်းထားကြောင်းထင်ရှားသည်။ လက်နက်စနစ်တွင် နေတိုးစံ ၁၂၀မမ ပြောင်းရစ်အမြောက်ကို အသုံးပြုထားပြီး ပြောင်းရစ်အမြောက် မှ တင့်ဖျက်ပဲ့ထိန်းဒုံး ပစ်ခတ်နိုင်ရန် ပြုလုပ်ထားသဖြင့် နည်းပညာပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများကာ လက်နက်စွမ်းရည်များစွာထိခိုက်နိုင်ပါသည်။ လေယာဉ်ပစ်စက်သေနတ်ပိုင်းတွင် CHINA TYPE-85 AA GUN အသုံးပြုထားကာအင်ဂျင်နှင့် အားပြောင်းပိုင်း တွင်ဂျာမဏီ MARCEDEZ ကိုအသုံးပြုထားသဖြင့် ပြည်ပအမှီအခို မကင်းကြောင်းတွေ့ရှိရပါသည်။ INDIA တို့သည် အာရှဒေသ၏ အကောင်းဆုံးတင့်အဖြစ်ကြွေးကြော်သော်လည်း JAPAN TYPE -90 နှင့် KOREA K-1 တို့နှင့်ယှဉ်ပြိုင်နိုင်ရန် လိုအပ်ချက်များစွရြှိနေသေးပေသည်။ထိုအချက်အား လက်ရှိ INDIA တပ်မတော်မှ RUSSIA URAL T-90 S တင့်မြောက်များစွာအသုံးပြုနေသည့် အနေအထားအား သုံးသပ်လျင်ပင် ကိုယ်ပိုင်ထုတ်လုပ်သည့် တင့် အား ယုံကြည်မှုအတိုင်းအတာအားတွေ့ရှိနိုင်သည်။မည်သို့ပင်ဖြစ်စေ ARJUN တင့်သည် WORLD TOP TEN TANKS စာရင်းဝင်တင့်အဖြစ်ရပ်တည်နေနိုင်ပါသည်။ထိုတင့် အစီးရေ ၂၄၀ အား အမှတ်(၇၅)တင့်တပ်ရင်းကြီး၊ အမှတ်(၄၅)တင့်တပ်ရင်းကြီးနှင့် ဒိုဂရာမြင်းတပ်များတွင်လက်ရှိအသုံးပြုလျက်ရှိပါသည်။

ကြယ်နီ

No comments:

Post a Comment