အကယ်၍ ဂျပန်တို့၏စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို တိုက်ခိုက်မှု
သာအောင်မြင်ခဲ့မည်ဆိုပါက တရုတ်တို့၏အမှတ်(၂၀၀)တပ်မ
တစ်ခုလုံးမှာ ရန်သူ၏၀ိုင်းပတ်တိုက်ခိုက်မှုကို ခံရတော့မည်ဖြစ်သည်။ တရုတ် တပ်ဖွဲ့၏ တောင်ငူစစ်ဒေသကွပ်ကဲရေးမှူးသည် အမှတ်(၅၉၈)
တပ်ရင်းကြီးလက်အောက်ခံအမှတ်(၃)တပ်ရင်း မှ တပ်ခွဲနှစ်ခွဲကိုစုဖွဲ့၍ ဂျပန်တို့၏ ပွင့်နေသောဘယ်ဘက်စစ်နံအားတိုက်ခိုက်စေခဲ့
သည်။ တောင်ငူမြို့တွင်းတွင် ပြင်းထန်စွာတိုက်ပွဲများဖြစ်ပွားခဲ့ပြီး အမှတ်(၃)တပ်ရင်း၊ အမှတ်(၅၉၉)တပ်ရင်းကြီးနှင့် ကွပ်ကဲမှုဌာနချုပ်အား အကူပေးသောတပ်ခွဲတို့မှာ အကြီးအကျယ်ထိခိုက်ကျရှုံးခဲ့ရသော်လည်း တရုတ်တို့သည် ၎င်းင်းတို့၏နယ်မြေများ အား ဆက်လက်ဆုတ်
ကိုင်ထားနိုင်ကြဆဲဖြစ်သည်။

မတ်လ ၂၉ ရက်နေ့တွင် ဂျပန်အမှတ်(၅၅)တပ်မအား နောက်ဆုံးထိုးစစ်
တိုက်ခိုက်ရေးအင်အားစုအ ဖြစ် အသုံးပြုခဲ့ပြီး ရနိုင်သမျှသော
အမြောက်များဖြင့်လည်း အကူပေးပစ်ခတ်ပေးခဲ့ကြသည်။ မွန်းတည့်ချိန်တွင် တပ်ဖွဲ့ဝင်များသည်ဘယ်ဘက်ဘေးနံမှနေ၍ တောင်ငူမြို့အား အနောက်မြောက်ပိုင်းသို့ ချီတက်တိုက်ခိုက်ခဲ့ရာ တရုတ်တပ်ဖွဲ့များ၏ ၀င်လမ်း/ထွက်လမ်းများခြိမ်းခြောက်ခံခဲ့ရသည်။ မြို့၏အနောက်ဘက်သို့ တိုက်ခိုက်ပေးမှု ကို အကာအကွယ်ယူ၍ အမှတ်(၅၆)တပ်မ၏ ကင်းထောက်တပ်ရင်းကြီးသည် မြောက်ဘက်သို့ ချီတက်၍ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တရုတ်တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်။ အမှတ်(၂၀၀)တပ်မ၏ ကွပ်ကဲမှု ဌာနချုပ်နှင့် စစ်တောင်းတံတားမှာလည်း ခြိမ်းခြောက်ခံနေရပြီဖြစ်သည်။

မတ်လ ၂၉ ရက်နေ့ မွန်းလွှဲပိုင်းတွင် အမှတ်(၂၀၀)တပ်မသည် မြို့၏အရှေ့ဘက်သို့ ဦးစွာဆုတ် ခွာပြီး နောက်ပိုင်းတွင် မြောက်ဘက်သို့ချီတက်၍ စစ်တောင်းမြစ်၏အရှေ့ဘက်ကမ်း လမ်းကြောင်းအတိုင်း ဆုတ်ခွာ လာရန်အမိန့်ပေးခြင်းခံခဲ့ရသည်။ တောင်ငူမြို့တွင်းတိုက်ပွဲများမှာ ညမှောင်သည့်အချိန်အထိ ဆက်လက်ဖြစ်ပွား ခဲ့သည်။ တရုတ်တို့ကလည်းအလျှော့မပေးဘဲ ဆက်လက်ခုခံတိုက်ခိုက်ခဲ့ကြသည်။ မတ်လ ၂၉ ရက်နေ့ ၂၂၀၀ နာရီအချိန်တွင် ဂျပန်အမှတ်(၅၆)တပ်မ၏ယာဉ်တင်ကင်းထောက်တပ်ရင်းကြီးသည် စစ်တောင်းမြစ်ပေါ်ရှိ တံတားအား ၀င်ရောက်ပိတ်ဆို့ခဲ့သည်။
တရုတ်တပ်ဖွဲ့များဆုတ်ခွာခြင်း
တောင်ငူမြို့မှတရုတ်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရာတွင် Dai Alan သည်တပ်ရင်းတပ်ခုစီမှ နောက်ချန်တပ်ဖွဲ့ တစ်ခုစီကိုထုတ်နှုတ်၍ ညတိုက်ပွဲများဆင်နွှဲစေကာ အဓိကစစ်ကြောင်းဆုတ်ခွာမှုကို အကာအကွယ်ရှိစေရန်ဆောင်ရွက်ခဲ့သည်။ ထိုသို့ပြန်လည်ဆုတ်ခွာရာတွင် အမှတ်(၅၉၉)တပ်ရင်းကြီးက ဦးဆောင်၍ ထိခိုက်ပျက်စီးနေသော စစ်တောင်းတံတားကိုဖြတ်ကူးကာ ၎င်းင်းနောက်မှ အမှတ်(၆၀၀) တပ်ရင်းကြီးက ရေတိမ်ပိုင်းမှ ဖြတ်ကူးလာခဲ့သည်။ နံနက် ၀၄၀၀ နာရီအချိန်တွင် အမှတ်(၂၀၀)တပ်မတစ်ခုလုံး သည် တောင်ငူမြို့အားစွန့်ခွာလာခဲ့ကြသည်။
တရုတ်တပ်ဖွဲ့များဆုတ်ခွာနေသော်လည်း မတ်လ ၃၀ ရက်နေ့နံနက်တွင် အမှတ်(၅၅)တပ်မသည် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။ အင်ဂျင်နီယာတပ်ဖွဲ့ဝင်များသည် ၀၈၅၀ ချိန်တွင် တရုတ်တို့၏အခိုင်အမာခံစစ်နေရာများကို ဖောက်ခွဲဖျက်ဆီးပေးခဲ့ပြီး အမှတ်(၅၅)တပ်မမှ စစ်သည်များသည် လည်း နောက်ဆုံးထိုးစစ်ကိုဆင်နွှဲခဲ့ပါသည်။ ၀၇၀၀ နာရီအချိန်တွင် အမှတ်(၅၆)တပ်မ
မှစစ်သည်များနှင့် ချိတ်ဆက်နိုင်ခဲ့သလို စစ်တောင်းမြစ်ပေါ်မှ အရေးပါသော အဓိကတံတားတစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် တောင်ငူမြို့အား အရှေ့ဘက်မှဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအပြီးတွင် ဂျပန်တို့သည် တောင်ငူမြို့အား သိမ်းပိုက်နိုင်ခဲ့သည်။