Tank Biathlon ဟုအမည်ပေးထားသည့် နိုင်ငံတကာတင့်စွမ်းရည်ပြိုင်ပွဲအား ရုရှားတပ်မတော်မှကြီးမှူး ၍ ၂၀၁၃ခုနှစ်တွင်စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အိုလံပစ်အားကစားပြိုင်ပွဲများ၏ စည်းမျဉ်းစည်းကမ်းများကိုပင် အသုံး ပြုခဲ့ပါသည်။ ၂၀၁၄ခုနှစ် နိုင်ငံတကာတင့်စွမ်းရည်ပြိုင်ပွဲကိုလည်း သြဂုတ်လ ၄ရက်နေ့တွင် မော်စကိုမြို့ပြင်ရှိ စက်ပစ်ကွင်း တွင်ကျင်းပခဲ့ပါသည်။ ၎င်းင်းပြိုင်ပွဲတွင် နိုင်ငံ ၁၂ နိုင်ငံမှ တင့်အဖွဲ့သားများပါဝင် ယှဉ်ပြိုင်လျက်ရှိပါသည်။
နိုင်ငံတကာတင့်စွမ်းရည်တံခွန်စိုက်ပြိုင်ပွဲအားAlabino စက်ပစ်ကွင်းတွင် ရုရှားနိုင်ငံကာကွယ်ရေးဝန် ကြီးSergei Shaigu ကတက်ရောက်ဖွင့်လှစ်၍ မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။Sergei Shaigu က ယခုကဲ့သို့ပြိုင်ပွဲများကျင်းပနိုင်ခြင်းဖြင့် နိုင်ငံတကာတပ်မတော်များအကြားပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းစာမျက် သစ်တစ်ခုကိုဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သူ၏မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ပါသည်။
၂၀၁၄ခုနှစ်၏ နိုင်ငံတကာတင့်စွမ်းရည်ပြိုင်ပွဲအား မော်စကိုမြို့၏အနောက်တောင်ဘက်ရှိ Alabino တွင် သြဂုတ်လ ၄ရက်မှ ၁၆ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။ တံခွန်စိုက်ပြိုင်ပွဲ၏ပထမအဆင့်အား သြဂုတ်လ ၄ရက်မှ ၆ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းင်းအဆင့်တွင် တစ်စီးချင်းအစမ်းပြိုင်ပွဲ ၃ခုနှင့် တင့် မောင်းပြိုင်ပွဲ ၃ခုအား ကျင်းပသွားမည်ဖြစ်ပါသည်။ အင်ဂိုလာ၊ ကာဇက်စ္စတန်၊ မွန်ဂိုလီးယားနှင့် ဆားဗီးယားနိုင်ငံမှ တိုက်ယာဉ်အဖွဲ့သားများသည် ပထမအစမ်းပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ၎င်းင်းတို့နောက်တွင် အိမ်ရှင် ရုရှား၊ တရုတ်၊ ကူဝိတ်နှင့် အာမေးနီးယား နိုင်ငံများမှ တိုက်ယာဉ်အဖွဲ့သားများသည် ဒုတိယအစမ်းပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အိန္ဒိယ၊ ဘယ်လာရုစ်နှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ တိုက်ယာဉ်အဖွဲ့သားများသည် တတိယ အစမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

တံခွန်စိုက်ပြိုင်ပွဲ ဒုတိယအဆင့်အား သြဂုတ်လ ၈ရက်မှ ၉ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းင်းအဆင့် တွင် ၃ကီလိုမီတာ တာတိုပြိုင်ပွဲအား ကျင်းပသွားမည်ဖြစ်ပါသည်။ တတိယအဆင့်ပြိုင်ပွဲအား သြဂုတ်လ ၁၁ရက် မှ ၁၂ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါကာ ၎င်းင်းအဆင့်တွင် တာဝေးပြိုင်ပွဲအားကျင်းပသွားမည်ဖြစ်ပါသည်။နိုင်ငံတကာမှတိုက်ယာဉ်အဖွဲ့သားများအတွက် ရုရှားတို့၏T-72 Bတင့်များ ဖြင့်ပြိုင်ပွဲဝင်ကြမည်ဖြစ်ပြီး တရုတ်အနေဖြင့် တံခွန်စိုက်ပြိုင်ပွဲအတွက် ၎င်းင်းတို့နိုင်ငံမှတင့် အားသယ်ဆောင်လာခဲ့မည်ဖြစ်ပါသည်။
ရုရှားတပ်မတော်လေ့ကျင့်ရေးဋ္ဌာနအကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီးIvan Buvaltsev မှ နိုင်ငံတကာမှတင့် အဖွဲ့သားများအနေဖြင့် ရုရှားတို့၏တိုက်ယာဉ်များဖြင့်ရင်းနှီးမှုရှိစေရန်အတွက် ရက်သတ္တပတ် ၆ပတ်ကြာလေ့ကျင့် ခြင်းအား ဇွန်လအစောပိုင်းကတည်းက လေ့ကျင့်ပေးလျက်ရှိကြောင်းနှင့် ကျွနိုပ်တို့အနေဖြင့် ယှဉ်ပြိုင်သူအားလုံး အားညီမျှသည့်အခွင့်အရေးပေးထားကြောင်းဓ ပြောကြားသွားခဲ့ပါသည်။
တင့်စွမ်းရည်ပြိုင်ပွဲအား အိုလံပစ်အားကစားပွဲ၏ စည်းမျဉ်းများအတိုင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ခုနှစ်တွင် ရုရှားတပ်မတော်မှဦးစီးကာ ကာဇက်စ္စတန်၊ ဘီလာရုစ်နှင့် အာမေးနီးယားနိုင်ငံများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ထိုပြိုင်ပွဲအား၂၀၁၃ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရုရှားတပ်မတော်မှစတင်တီထွင်ခဲ့သော ပြိုင်ပွဲတစ်ခုဖြစ်ပါ သည်။ တင့်စွမ်းရည်ပြိုင်ပွဲ၏စည်းမျဉ်းစည်းကမ်းများအရ တိုက်ယာဉ်အဖွဲ့သားများသည် တင့်အား၂၀ကီလိုမီတာ အကွာအဝေး
အထိမောင်းနှင်ရမည်ဖြစ်ပြီး အတားအဆီးများ၊ ရေပြင်ဖြတ်ကျော်ခြင်းများ၊ တံတားခင်းတင့်ပေါ်ဖြတ် ကျော်ခြင်းများနှင့် ပစ်ခတ်စဉ်များပါဝင်မည်ဖြစ်ပါသည်။
အထိမောင်းနှင်ရမည်ဖြစ်ပြီး အတားအဆီးများ၊ ရေပြင်ဖြတ်ကျော်ခြင်းများ၊ တံတားခင်းတင့်ပေါ်ဖြတ် ကျော်ခြင်းများနှင့် ပစ်ခတ်စဉ်များပါဝင်မည်ဖြစ်ပါသည်။

No comments:
Post a Comment