August 15, 2014

ကြည်းတပ်အား မူလအခြေအနေသို့ပြန်လည်ပို့ဆောင်ခြင်း

(အခန်း(၂) ပြောင်းလွယ်ပြင်လွယ်ရှိသောတုံ့ပြန်တိုက်ခိုက်ရေးမဟာဗျူဟာမှအဆက်ဖြစ်ပါသည်။ တည်းဖြတ်ရခြင်းမရှိ သေးသဖြင့် အမှားပါက သည်းခံကြပါရန်)


ပြောင်းလွယ်ပြင်လွယ်ရှိသော တုံ့ပြန်တိုက်ခိုက်ရေးမဟာဗျူဟာကို
ပြောင်းလဲအသုံးပြုခြင်းနှင့်အတူ အမေရိကန်ကြည်းတပ်၏ ဖွဲ့စည်းပုံကိုလည်း မူလအတိုင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ကြည်းတပ် အနေဖြင့် ၁၉၅၀ ပြည့်လွန်နှစ်များတွင်Pentomic တပ်မအား ဖွဲ့စည်းခြင်းနှင့်အတူ ၎င်းင်း၏ဖွဲ့စည်းပုံကိုလည်း လုံးဝအသွင်ပြောင်း ဖွဲ့စည်းခဲ့ရသည်။ လက်ရှိအချိန်တွင် ၎င်းင်းအခြေအနေအား စွန့်လွှတ်ကာ ပို၍သမားရိုးကျ ဆန်သော ဖွဲ့စည်းပုံနှင့်စစ်ဆင်ရေးမူဝါဒကို ပြန်လည်ဖွဲ့စည်းကျင့်သုံးလျက်ရှိပြီဖြစ်သည်။
၁၉၅၀ ပြည့်လွန်နှစ်များမှ စတင်၍ ကြည်းတပ်သည် Pentomic တပ်မဖွဲ့စည်းပုံကြောင့် ပေါ်ပေါက်လာ ခဲ့သော ချို့ယွင်းချက်များကို ကျော်လွှားနိုင်မည့်နည်းလမ်းများကို ကြိုးပမ်းရှာဖွေခဲ့သည်။ နျူကလီးယား စစ်မြေပြင်အတွင်း တိုက်ပွဲဝင်နိုင်ရန်အတွက် ပြင်ဆင်ခဲ့မှုအစား ကြည်းတပ်သည် သမားရိုးကျစစ်မြေပြင်တွင် ဆိုဗီယက်သံချပ်ကာတပ်ဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်နိုင်မည့် လုံလောက်သောပစ်ခတ်မှုစွမ်းရည်ရှိသည့် ဖွဲ့စည်းပုံသို့ ပြောင်းလဲဖွဲ့စည်းရန်ကြိုးပမ်းခဲ့သည်။
ထို့ကြောင့် ကြည်းတပ် ဖွဲ့စည်းပုံအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးအဖွဲ့(ROAD) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၆၁ ခုနှစ်၊
မတ်လတွင် ကြည်းတပ်ဦးစီးချုပ်Geroge H.Decher ကROAD အဖွဲ့ကို တရားဝင်လက်မှတ်ရေးထိုးပေးခဲ့သလို နောက် ၂ လအကြာတွင် သမ္မတကနေဒီကလည်း အတည်ပြုပေးခဲ့သည်။ အိုက်စင်ဟောင်ဝါအစိုးရ၏ အဖျက်စွမ်းအားကြီးမားစွာ တုံ့ပြန်တိုက်ခိုက်ရေးမဟာဗျူ ဟာအရ ဖွဲ့စည်းခဲ့သော Pentomic တပ်မအား ပြောင်းလွယ်ပြင်လွယ်ရှိသော တုံ့ပြန်တိုက်ခိုက်ရေးမဟာဗျူဟာ နှင့်ကိုက်ညီစေရန်အတွက်ROAD အဖွဲ့က ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ရသည်။


Pentomic ဖွဲ့စည်းပုံနှင့် မတူသည့်အချက်ကROAD အနေဖြင့် ကြည်းတပ်၏တပ်ရင်းများကို သမားရိုးကျစစ်မြေပြင်တစ်ခုတွင် တိုက်ပွဲဝင်နိုင်ရန်အတွက် အဓိကထား အသွင်ပြောင်း
တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တပ်မတစ်ခုစီတွင် တပ်မဟာ ၃ ခုရှိဖွဲ့စည်းပေးခဲ့ပြီး လိုအပ်ပါက ၎င်းင်းတပ်မတစ်ခုစီတွင် တပ်မဟာများတွင် တပ်ရင်းများကို ထပ်မံဖွဲ့စည်းပေးရန်လည်း စီမံဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ ROAD အဖွဲ့က အသွင်ပြောင်းဖွဲ့နေသည့်တိုင် ကြည်းတပ်၏စံပြုဖွဲ့စည်းပုံသည် ၁၉၈၃ ခုနှစ်အထိPentomic ဖွဲ့စည်းပုံမှ မူလအခြေအနေသို့ပြန်သွား နေရသည့် အဆင့်တွင်သာရှိနေဆဲဖြစ်သည်။ အထင်ရှားဆုံးပြောင်းလဲမှုတစ်ခုမှာ ခြေလျင်တပ်ဖွဲ့ဝင်များ အနေဖြင့် ယခင်ထရပ်ယာဉ်များဖြင့်သာ သွားလာနေရသည့်အခြေအနေထက် သံချပ်ကာလူသယ်ယာဉ်များဖြင့် တိုက်ပွဲဝင်ရသည့် ယန္တရားတင်ခြေလျင်တပ်ဖွဲ့များ ဖွဲ့စည်းထားမှုဖြစ်သည်။ROAD အဖွဲ့၏ပြုပြင်ပြောင်း လဲမှုများကြောင့် ကြည်းတပ်များတွင် သမားရိုးကျအစဉ်အလာများပြန်လည်တိုးတက်လာစေပြီး နျူကလီးယား စစ်ပွဲသဘောတရားမှာလည်း ဆိတ်သုဉ်းသွားခဲ့သည်။
တင့်အဆင့်မြှင့်တင်မှုများ
၁၉၆၀ ပြည့်လွန်နှစ်များတွင် ကြည်းတပ်သည် ပြောင်းလွယ်ပြင်လွယ်ရှိသော တုံ့ပြန်တိုက်ခိုက်ရေးမဟာ ဗျူဟာနှင့်ကိုက်ညီမည့် လက်နက်များကို အသုံးပြုနိုင်ရန်အတွက် အကြီးစားအဆင့်မြှင့်တင်ရေးအစီအစဉ် တစ်ခုကို ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ကြည်းတပ်သည်M-60 တင့်များကို စတင်လက်ခံ ရရှိခဲ့ပါသည်။M-60 တင့်သည်M-48 Patton တင့်အား အဆင့်မြှင့်တင်တည်ဆောက်ထားခြင်းဖြစ်ပြီး ၁၀၅ မမ အမြောက်ကို တပ်ဆင်ထားပါသည်။ အဓိကခြားနားမှုတစ်ခုမှာM-60 တင့်၏ကိုယ်ထည်အား သံမဏိ သံချပ်ကာကို ဂဟေဆက်စနစ်ဖြင့်တည်ဆောက်ပြီးM-48 Pattonတင့်ကမူ သွန်းသံမဏိဖြင့်တည်ဆောက်ခြင်းဖြစ် သည်။ နောင် ၂ နှစ်အကြာတွင် ကြည်းတပ်သည် အကာအကွယ်ပိုင်းဆိုင်ရာကို အဆင့်မြှင့်တင်ထားပြီး ဆုံလည်သစ်နှင့် ခဲယမ်းထားသိုမှုစနစ်သစ်တို့ကို တပ်ဆင်ထားသည့်M-60 A1 တင့်ကို အသုံးပြုခဲ့သည်။


M-60 ၏ နောက်ထပ်မျိုးကွဲပုံစံတစ်ခုအဖြစ် တင့်၏အသွင်အပြင်ပိုင်းသဏ္ဍာန်ကို လုံးဝတော်လှန် ဆန်းသစ်စွာတည်ဆောက်ထားသည့်M-60A2 တင့်ကိုလည်း ထုတ်လုပ်ခဲ့ပါသည်။ ၎င်းင်းတင့်အား ၁၉၇၄ ခုနှစ်တွင် စတင်လက်ခံရရှိခဲ့ပြီး ၎င်းင်း၏ဆုံလည်သစ်တွင်MGM-51 Shillelagh တင့်ဖျက်ပဲ့ထိန်းဒုံးကိုပါ ပေါင်းစပ် တပ်ဆင်ပေးထားသည်။Shillelagh ပဲ့ထိန်းဒုံးကို စတင်တီထွင်ခဲ့သော အချိန်မှသည် အသုံးပြုခဲ့သောအချိန် အထိကြည်းတပ်အနေဖြင့်ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
၎င်းလက်နက်စနစ်အား တည်ဆောက်ရန်ကန်ထရိုက်ရရှိခဲ့သည့် ကုမ္ပဏီသည် လက်နက်စနစ်သစ်တစ်ခုတီထွင်ရာတွင် ကြုံတွေ့ ရနိုင်သည့်ပြဿနာများကို လျော့တွက်ခဲ့ပါသည်။ ဒုံး၏propellant, igniter ၊ခြေရာခံစနစ်နှင့် အနီအောက် ရောင်ခြည်သုံးကွပ်ကဲမှုစနစ်များတွင် အတွေ့အကြုံပိုင်းဆိုင်ရာပြဿနာများပေါ်ပေါက်ခဲ့ရသည်။ ထိုစဉ်က တင့်ဖျက်ပဲ့ထိန်းစနစ်များမှာ လက်နက်အသစ်ဆန်းတစ်ခုဖြစ်နေ၍လည်း ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။
(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment