(အမေရိကန်တို့၏ နည်းပညာပြောင်းလဲတိုးတက်လာမှုနှင့် စစ်ဆင်ရေးမူဝါဒများစာအုပ်အား အခန်းဆက်ဖြင့်ဖော်ပြနေခြင်းဖြစ်ပါသည်။ မူကြမ်းဖြစ်ပြီး ပြန်လည်တည်းဖြတ်ရခြင်းမရှိသေးသဖြင့် စာလုံးပေါင်းနှင့်အခေါ်အဝေါ်များမှားယွင်းမှုရှိ မည်ဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါသည်)
တိုက်ချင်းပစ်ဒုံးပျံများနှင့် ခရုစ်ဒုံးပျံများပေါ်ပေါက်လာခြင်းကြောင့်
နျူကလီးယားလက်နက်များ၏ ခြိမ်းခြောက်နိုင်စွမ်းမှာ ပိုမိုမြင့်မားလာခဲ့သည်။ ဒုံးပျံများသည် လေတပ်ဖွဲ့၏ နည်းပညာပိုင်းဆိုင်ရာသာလွန်မှုကို ပိုမိုမြင့်မားလာစေမည်ဟုလည်း ယူဆမှုလည်းရှိလာကြသည်။ ၁၉၄၀ ပြည့်လွန်နှစ်များကာလတွင် နျူကလီးယား လက်နက်များကို ပစ်ခတ်ရန်အတွက် ဗုံးကြဲလေယာဉ်များနှင့် ဒုံးပျံများတွင် မည်သည့်အရာကို ရွေးချယ်သင့် သလဲဟု မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။ တစ်ဖက်တွင် တာဝေးပစ်ဒုံးပျံများ၏ အနာဂတ်နှင့် ပတ်သက်၍ မသေချာမရေရာမှုများရှိနေသလို အခြားတစ်ဖက်တွင်လည်း အမေရိကန်အစိုးရပိုင်း၊ ကယ်လီဖိုးနီးယားနည်းပညာ သိပ္ပံသင်တန်းကျောင်း၏Guggenheim Aeronautical သုတေသနဌာနမှူးနှင့် အမေရိကန် ကြည်းတပ်ပိုင်လေကြောင်းတပ်ဖွဲ့၏ နည်းပညာအကြံပေးဌာနတို့၏ ညွှန်ကြားရေးမှူးဖြစ်သူTheodore Van Karman နှင့် သချာင်္ပညာရှင်John Von Neuman တို့ကဲ့သို့ ပညာရှင်များက ဗုံးကြဲလေယာဉ်များ၏ အနာ ဂတ်စွမ်းဆောင်ရည်များအပေါ် သံသယရှိနေကြသည်။

၁၉၆၃ ခုနှစ် အေပြီလတွင် ကြည်းတပ်ပိုင်လေတပ်ဖွဲ့သည် ပုံစံအမျိုးမျိုးသော ဒုံးပျံ ၂၈ စင်းကို တီထွင်ခဲ့သည်။ အချို့သော အရာရှိများအနေဖြင့်လည်း ပဲ့ထိန်းဒုံးများသည် လေတပ်ဖွဲ့၏ ရှင်သန်ရပ်တည်နိုင် စွမ်းအတွက် အဓိကအရေးပါသော လက်နက်တစ်ခုဟု အခိုင်အမာယုံကြည်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီး ကာလတွင် ဘဏ္ဍာရေးအကျပ်အတည်းများ ပေါ်ပေါက်လာခဲ့သောကြောင့် လေတပ်ဖွဲ့အနေဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် အတည်ပြုခဲ့သော တိုက်ချင်းပစ်ဒုံးပျံ
တီထွင်ရေးအစီအစဉ်များကို လျော့ချခဲ့ရမှုများလည်း ကြုံတွေ့ခဲ့ရသည်။ ယခင်က ဒုံးပျံ ၂၈ စင်း တီထွင်ရန် စီစဉ်ခဲ့သော်လည်းSnark နှင့်Navaho ခရုစ်ဒုံးပျံ ၂ စင်းသာ အကောင်အထည်ပေါ်ခဲ့သည်။ လေတပ်ဖွဲ့အနေဖြင့် တိုက်ချင်းပစ်ဒုံးပျံများထက် ပို၍လုံခြုံစိတ်ချရ မည်ဟု ယူဆခဲ့၍လည်း ခရုစ်ဒုံးပျံများကို ဦးစားပေးတီထွင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ခရုစ်ဒုံးပျံများကို တီထွင် ဆန်းသစ်မှုများ ထပ်မံပြုလုပ်ပါက တိုက်ချင်းပစ်ဒုံးပျံအဆင့်သို့
ရောက်ရှိလာမည်ဟုလည်း ယူဆခဲ့သည်။ သို့သော် မိုင် ၅၀၀၀ အကွာအဝေးအထိ တိကျစွာပစ်ခတ်နိုင်သော Ramjet မော်တာသုံးကိုအသုံးပြုသည့်တိုင် ခရုစ်ဒုံးပျံတစ်စင်းက တိုက်ချင်းပစ်ဒုံးပျံတစ်စင်းထက် ပို၍ခြိမ်းခြောက်နိုင်စွမ်းရှိရန်မှာ ဖြစ်နိုင်ခြေနည်းပါး လွန်းပါသည်။

လေတပ်ဖွဲ့သည်Martin Matador ဟု အမည်ပေးထားသည့် မောင်းသူမဲ့ဗုံးကြဲလေယာဉ်ကို နည်းဗျူ ဟာမြောက်
မြေပြင်မှမြေပြင်ပစ်ဒုံးတစ်စင်း ပုံစံအဖြစ်လည်း ဒီဇိုင်းဆွဲတည်ဆောက်ခဲ့သည်။ Matador အား
၁၉၄၅ ခုနှစ် သြဂုတ်လတွင် စတင်တီထွင်ခဲ့ပြီး ၁၉၄၉ ခုနှစ် ဇန်န၀ါရီလတွင် ဒုံးကျည်တစ်စင်းအဖြစ် စမ်း သပ်ပစ်ခတ်မှုကို ပြုလုပ်ခဲ့သည်။ ၄င်းဒုံးကျည်ကို စွမ်းအားမြင့်ယာဉ်တင်ဒုံးပစ်စင်ပေါ်တပ်ဆင်၍ ဒုံးကျည်ပျံ သန်းမှုများကို အီလက်ထရောနစ်စနစ်ဖြင့် မြေပြင်အခြေစိုက်စခန်းမှ ထိန်းချုပ်ခဲ့ပြီး ၄င်းဒုံးကျည်သည် တစ်နာရီ မိုင် ၆၀၀ နှုန်းအရှိန်ဖြင့် ပျံသန်းနိုင်ခဲ့သည်။ Matador ၏ အားနည်းချက်တစ်ခုမှာ ၄င်း၏ကွပ်ကဲမှုလမ်းညွှန် စနစ်အပေါ်တွင်သာ မှီခိုအားထားရမှုဖြစ်သည်။ မြေပြင်အခြေစိုက်စခန်းမှ ကွပ်ကဲမှုအတိုင်းသန်ပျံသန်း နိုင်သဖြင့် အကွာအဝေးကန့်သတ်ချက်ရှိပါသည်။

အဆိုပါဒုံးကျည်၏ ပျံသန်းနိုင်မှုအကွာအဝေးကို တိုးချဲ့နိုင်ရန် အတွက်Goodyear Aircraft Coropration onf ATRAN (Automatic Terrain Recognition and Navigation) ခေါ် အလိုအလျောက်မြေပြင်အခြေအနေခွဲခြားခြင်းနှင့် လမ်းကြောင်း ထောက်လှမ်းရေးစနစ်ပါ ရေဒါဖြင့်မြေပုံထုတ်စနစ်တစ်ခုကို တီထွင်ခဲ့သည်။ ၄င်းစနစ်သည် ဒုံးကျည်တွင် ထည့်သွင်းထားသည့် မြေပြင် အခြေအနေမြေပုံများနှင့် ရေဒါမအင်တာနာမှ ဖမ်းယူရရှိပြီး ပြန်လည်ပေးပို့သည့် မြေပြင်အခြေအနေများကို မှန်ကန်မှုရှိ/မရှိ စစ်ဆေး ပေးပြီး အကယ်၍ဒုံးကျည်ပျံသန်းမှုလမ်းကြောင်းသည်
မြေပုံအခြေအနေနှင့် ကွဲလွဲနေပါက ပြည်လည်တည့် မတ်ပေးမည်ဖြစ်သည်။ ၄င်းစနစ်အား ပထမဆုံးအကြိမ် သုတေသနခန်းအတွင်း စမ်းသပ်မှုကို ၁၉၄၈ ခုနှစ် မတ်လတွင် ပြုလုပ်ခဲ့ပြီး အောက်တိုဘာလတွင် ပထမဆုံး အကြိမ်စမ်းသပ်ပျံသန်း မှုပြုလုပ်ခဲ့သည်။

မြေပြင် အခြေစိုက်ကွပ်ကဲလမ်းကြောင်းထိန်းစနစ်နှင့် မတူသည့်ထူးခြား ချက်က ATRANစနစ်သည် ဖိဖျက်နှောင့်ယှက် ရမလွယ်ကူခြင်းနှင့် မျက်မြင်အကွာအဝေးဖြင့် ထိန်းချုပ်ရာတွင် ကန့်သတ်ချက် မရှိခြင်းတို့ဖြစ်သည်။ သို့သော် ၄င်းစနစ်၏ လမ်းကြောင်းထောက်လှမ်းရာတွင် တပ်ကျမှုရှိစေရန်အတွက် ပြည့်စုံလုံလောက်သော ရေဒါမြေပုံများကို ကြိုတင်ထည့်သွင်းထားပေးရန် လိုအပ်ပါသည်။
၁၉၅၂ ခုနှစ် သြဂုတ်လတွင် Air Material Command ဌာနချုပ်သည် ATRAN လမ်းကြောင်း ထောက်လှမ်းရေးစနစ်ကို Matador လေယာဉ်ပုံစံသစ်တွင် ထည့်သွင်းအဆင့်မြှင့်တင်၍ ၄င်းကိုM-76 A Mace ဟု အမည်ပေးခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဥရောပရှိအမေရိကန်လေတပ်အခြေစိုက်စခန်းများတွင် ပထမဆုံးဖြန့်ခွဲပေးခဲ့ပြီး ၁၉၆၀ ပြည့်နှစ်လွန်ကာလများအထိ အသုံးပြုခဲ့သည်။ အမေရိကန်လေတပ်ဖွဲ့သည် Mace A ထက် နဆနီးပါး ခရီးဝေးပိုမိုပျံသန်းနိုင်သည့်Jam-proof အီနားရှားပဲ့ထိန်းစနစ်တပ်TM-76Bအမျိုးအစားကိုလည်း ထပ်မံတီထွင်ခဲ့သည်။Mace B အား ၁၉၅၁ ခုနှစ်တွင် စတင်တီထွင်ခဲ့ပြီး ၁၉၆၁ ခု နှစ်တွင် ပထမဆုံးအကြိမ်ဖြန့်ခွဲနိုင်ခဲ့က ၁၉၇၀ ပြည့်လွန်နှစ်များအစောပိုင်းကာလအထိ ဥရောပနှင့်အာရှပစိ ဖိတ်ဒေသများတွင် အသုံးပြုခဲ့သည်။ ၁၉၅၄ မတ်လတွင် အမေရိကန်လေတပ်ဖွဲ့သည်Matador တပ်ဖွဲ့အား ပထမဆုံးအကြိမ် အနောက်ဂျာမဏီတွင် တပ်ဖြန့်ခဲ့သည်။
နောက်ပိုင်းတွင် ကိုရီးယားနှင့်ထိုင်ဝမ်နိုင်ငံများသို့ လည်း အဆိုပါတပ်ဖွဲ့များကို ပေးပို့ခဲ့သည်။Matador နှင့်Mace ဒုံးအရေအတွက် ၂၀၀ နီးပါးရှိ တပ်ခွဲ ၆ ခုကို ဖြန့်ခွဲစေလွှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါဒုံးများသည် ယုံကြည်စိတ်ချရမှုနှင့် တိကျမှုအားနည်း ချက်များတွေ့ရှိလာသဖြင့် နောက်ပိုင်းတွင် တိုက်ချင်းပစ်ဒုံးပျံများနှင့် အစားထိုးခံရကာ ပြန်လည်ရုတ်သိမ်းခဲ့ သည်။ အမေရိကန်လေတပ်ဖွဲ့သည် ၁၉၆၉ ခုနှစ် အေပြီလတွင် နောက်ဆုံးအသုတ်Matador တပ်ဖွဲ့အား ပြန်လည်ရုတ်သိမ်းခဲ့သည်။
အမေရိကန်လေတပ်ဖွဲ့သည် Matador နှင့် Mace တာတိုပစ်ဒုံးများကို စတင်အသုံးပြုခဲ့စဉ်က ရေရှည် တွင် တာဝေးပစ်လက်နက်တစ်ခုအထိ အဆင့်မြှင့်တင်ရန်အတွက်ပါ မျှော်မှန်းခဲ့သည်။ ၁၉၆၃ ခုနှစ် ဇန်န၀ါ ရီလတွင် Northrop ကုမ္ပဏီသည်MX-774A Snark ဟု အမည်ပေးထားသည့် မိုင် ၃၀၀၀ အကွာအဝေး အထိ ရောက်ရှိနိုင်သော အသံ၏အလျင်ထက်နိမ့်သည့် တာဘိုင်ဂျက်မော်တာတပ်ဒုံးပျံ တစ်စင်းတည်ဆောက် နိုင်ရန် အဆိုပြုတင်ပြခဲ့သည်။ ဒုံးအားမြှင့်အင်ဂျင်Booster Rocket Engine)နှစ်လုံး၏ စွမ်းအားဖြင့် ယာဉ်တင်ဒုံးပစ်စင်ကိုယ်ထည်တစ်ခု ပေါ်တွင်တပ်ဆင် ပစ်ခတ်သွားမည်ဖြစ်ပြီး ဒုံး၏ တာဘိုင်ဂျက်အင်ဂျင် စတင် မလည်ပတ်မီ ၄င်းဒုံးအားမြှင့်အင်ဂျင်၏ စွမ်းအားဖြင့် လေထဲသို့စတင်ပျံသန်းမည်ဖြစ်သည်။
တာဘိုင် ဂျက်အင်ဂျင်စတင်လည်ပတ်သည်နှင့် ဒုံးအားမြှင့်အင်ဂျင်နှစ်လုံးသည် ဒုံးကိုယ်ထည်ကို စွှန့်ခွာ၍လေထုထဲတွင် ပေါက်ကွဲပျက်စီးသွားမည်ဖြစ်သည်။ အကယ်၍ဒုံးသည်ပစ်မှတ်အား ကျော်လွန်ရောက်ရှိသွားမည်ဆိုပါက နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်ထိပ်ဖူးသည် ဒုံးကိုယ်ထည်မှခွဲထွက်၍ ပစ်မှတ်တည်ရှိရာ လမ်းကြောင်းအတိုင်း ပျံသန်းရောက်ရှိသွားနိုင်ရန်လည်း စီမံထားရှိသည်။
(ဆက်လက်ဖော်ပြပါမည်-အပိုင်း(၂)နှင့် ခရုစ်ဒုံးပျံမှတိုက်ချင်းပစ်ဒုံပျံများကိုဆက်လက်အားပေးပါရန်-ရန်နိုင်)

No comments:
Post a Comment