ခံစစ်မဟာဗျူဟာ၊ အလျော့အတင်းမဟာဗျူဟာနှင့် တန်ပြန်ထိုးစစ်မဟာဗျူဟာတို့ကို ကျင့်သုံးလာပြီး နိုင်ငံရေးရည်မှန်းချက်လည်း ကြီးမားလာကြပါသည်။
၁။-ပထမအဆင့် ခံစစ်မဟာဗျူဟာတွင်သောင်းကျန်းသူ များသည် အဖျက်အမှောင့်လုပ်ငန်းနှင့် အကျပ်ကိုင်ခြင်းနည်းလမ်းများကို အသုံးပြုပြီး ပြည်သူလူထုထံမှအထောက်အပံ့ရယူရန် ကြိုးပမ်းခြင်း။
၂။-ဒုတိယအလျော့အတင်းမဟာဗျူဟာအဆင့်တွင် ၄င်းတို့၏တပ်ဖွဲ့များအား အစိုးရတပ်များနှင့် တန်းတူသော အဆင့်အတန်း တစ်ခုနှင့်ပြည်သူလူထု၏ ထောက်ခံမှုရရှိရန်ကြိုးပမ်းထားခြ င်း။ ယင်းအဆင့်တွင် သောင်းကျန်းသူများသည် ပြည်သူလူထူ၏ အကူအညီဖြင့် အစိုးရအပေါ်အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လည်း ကြိုးပမ်းမည်ဖြစ်သည်။
၃။-တတိယတန်ပြန်ထိုးစစ်အဆင့်တွင် သောင်းကျန်းသူများသည် အစိုးရ၏တပ်များထက်ပိုပြီး အင်အားကောင်းလာပါက ပြောက်ကျားစစ်ဆင်နွှဲနေရသော အခြေအနေမှ ပိုပြီး သမားရိုးကျသော အရှိန်မြင့်စစ်ပွဲကို ဆင်နွှဲမည်ဖြစ်သည်။အထူးသတိပြုရမည်မှာ သောင်းကျန်းသူများသည် ငြိမ်းချမ်းရေးရယူထားသော အချိန်အား အင်အားဖြည့်ရန် အချိန်ကောင်း အဖြစ် အသုံးချလေ့ရှိသလို အစိုးရတပ်များအား သမားရိုးကျစစ်ပွဲဆင်နွှဲနိုင်သည့်  အဆင့်အတန်းမျိုးရအောင် အမြဲကြိုးပမ်းနေကြမည်ဖြစ်သည်။
၂။-ဒုတိယအလျော့အတင်းမဟာဗျူဟာအဆင
၃။-တတိယတန်ပြန်ထိုးစစ်အဆင့်တွင်

No comments:
Post a Comment