July 17, 2014

အမေရိကန်ကြည်းတပ်ဖွဲ့များအား ကဏ္ဍသစ်များအတွက် ပြင်ဆင်ဖွဲ့စည်းလေ့ကျင့်လျက်ရှိခြင်း



၂၀၁၁ခုနှစ်ကုန်ပိုင်းတွင် အီရတ်မှပြန်လည်ဆုတ်ခွာခဲ့ပြီး ၂၀၁၄ခုနှစ်အတွင်း အာဖဂန်နစ္စတန်စစ်မြေပြင်မှ စစ်ဆင်ရေးများအား အဆုံးသတ်ရန် စီစဉ်ထားခဲ့သော အမေရိကန်ကြည်းတပ်ဖွဲ့သည် မျိုးစပ်စစ်ဆင်ရေး(့hybird warfare)များအပေါ် အာရုံစိုက်၍ ပြင်ဆင်လေ့ကျင့်လျက်ရှိပါသည်။
အထူးသဖြင့် ““ီDragoons ” ဟု အမည်ပြောင်ပေးထားသော ဂျာမဏီနိုင်ငံ Vilseck အခြေစိုက် Rose Barracksစစ်ဌာနချုပ်မှ အမေရိကန်ကြည်းတပ်၏ အမှတ်(၂)သံချပ်ကာကင်းထောက်တပ်ရင်းကြီးသည် အနာဂတ် သောင်းကျန်းသူတန်ပြန်ချေမှုန်းရေးစစ်ဆင်ရေးများအပေါ် အကြီးအကျယ်အာရုံစိုက် ပြင်ဆင်လေ့ကျင့်လျက်ရှိပါသည်။ ထို့အပြင် အဆိုပါတပ်ရင်းကြီးသည် ၎င်းင်းတို့၏အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာများကိုလည်း ပြန်လည်သုံးသပ်၍ ပြင်ဆင်လျက်ရှိပါသည်။

၎င်းင်းတို့၏အခန်းကဏ္ဍအား ပြန်လည်သုံးသပ်မှုအရ သိသိသာသာပြောင်းလဲသွားမည့်အချက်များမှာ ၎င်းင်းတပ်ရင်း ကြီးတွင် တပ်ဆင်မည့်လက်နက်နှင့် လေ့ကျင့်ရေးစနစ်တို့ပင်ဖြစ်ပါသည်။
အမှတ်(၂)သံချပ်ကာကင်းထောက်တပ်ရင်းကြီး၏Saber တပ်ဖွဲ့ဟု လူသိများသော အမှတ်(၄)တပ်ခွဲမှူးဖြစ်သူ ဗိုလ်မှူး Chad RoehrmanမှJane's သတင်းဌာနသို့ ပြောကြားချက်အရ ၎င်းင်းတို့တိုက်ယာဉ်များ၏ အပြင်ပိုင်းအသွင် သဏ္ဍာန်များ ပြောင်းလဲသွားသည်ကို အလွယ်တကူမြင်တွေ့နိုင်ကြောင်း၊ ယင်းတိုက်ယာဉ်များတွင် RPGဒဏ်ခံသံမဏိ ခြင်းသံချပ်ကာ(Slat armour)အား ဖြုတ်၍ လက်လုပ်ဗုံးများဒဏ်ခံကိရိယာများကို ပြောင်းလဲတပ်ဆင်ထားကြောင်း၊ ထိုသို့ပြောင်းလဲမှုကြောင့် တိုက်ယာဉ်၏လှုပ်ရှားနိုင်စွမ်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရပါသည်။ ၄င်းမှာ အနာဂတ်ကာလ သောင်းကျန်းသူချေမှုန်းရေး စစ်ဆင်ရေးများတွင် သံချပ်ကာတိုက်ယာဉ်များသည် RPG ခြိမ်းခြောက်မှု အန္တရာယ်များထက် ဈေးသက်သာ၍ အလွယ်တကူပြုလုပ်နိုင်သော လက်လုပ်ဗုံးများ၏အန္တရာယ်ကို ပိုမိုရင်ဆိုင်ရဖွယ် ရှိသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။

ကင်းထောက်တပ်ဖွဲ့တစ်ခုဖြစ်သော အမှတ်(၄)သံချပ်ကာတပ်ခွဲတွင် ကွပ်ကဲမှုယာဉ်၊ တင့်ဖျက်ပဲ့ထိန်းဒုံး (ATGW)တင်ယာဉ်၊ စိန်ပြောင်းတင်ယာဉ်နှင့် ကင်းထောက်ယာဉ်စသည့် မျိုးကွဲများပါဝင်သောStrykerတိုက်ယာဉ် များကို တပ်ဆင်ပေးထားပါသည်။ တိုက်ယာဉ်ပြင်ပတွင်
တပ်ဆင်ထားသော ထပ်ပိုးသံချပ်ကာများနှင့် အခြားစနစ်များကိုလည်း ဖယ်ရှားသွား မည်ဖြစ်ပြီး ယာဉ်အတွင်းပိုင်းကိုမူ ယခင်အတိုင်းထားရှိမည်ဖြစ်ကြောင်း၊ သို့သော် ရည်မှန်းချက်တာဝန်အသစ်များ အတွက် ကိရိယာအချို့ကို တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းလည်း Roehrmanက ပြောကြားခဲ့ပါသည်။

ဗိုလ်မှူးRoehrmanက ထပ်မံပြောကြားရာတွင် ကွပ်ကဲမှုတိုက်ယာဉ်အမျိုးအစားအား ယာဉ်တင်စစ်ဆင်ရေး ကွပ်ကဲမှုစင်တာ (mobile tactical operations centre)အဖြစ် အသုံးပြုသွားဖွယ်ရှိပြီး ၎င်းတွင် Harrisစစ်ဘက် ဂြိုလ်တုဆက်သွယ်ရေးစနစ်သစ်များကို တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းဂြိုလ်တုဆက်သွယ်ရေးစနစ်သစ်သည် တာဝေးဆက်သွယ်ရေးစနစ်ဖြစ်သော်လည်း အာဖဂန်နစ္စတန်စစ်မြေပြင်တွင်မူ သုံးစွဲရန်မလိုအပ်ကြောင်း၊ ၎င်းင်းတွင် FM ရေဒီယိုစနစ်နှင့် အမှတ်(၂၁)စစ်မြေပြင်ကွပ်ကဲမှုဌာနချုပ်၊ ၎င်းင်းလက်အောက်ခံတပ်မဟာနှင့် တပ်ရင်းများကို ဆက်သွယ်ဆောင်ရွက်နိုင်သော FBC B2စနစ်တို့မှတစ်ဆင့် ဆက်သွယ်မှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။




ခေတ်သစ်စစ်ဆင်ရေးများတွင် တိုက်ရိုက်ပစ်ခတ်မှုစွမ်းရည်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍အလေးထားစရာတစ်ခု ဖြစ်လာပြီးStryker တိုက်ယာဉ်များတွင် ၎င်းင်းစွမ်းရည်နှင့် ပတ်သက်၍ လိုအပ်ချက်အနည်းငယ်ရှိနေပါသည်။ ထို့ကြောင့် အမှတ်(၂ )ကင်းထောက်တပ်ရင်းကြီး၏ တင့်ဖျက်ပဲ့ထိန်းဒုံးတင်Stryker တိုက်ယာဉ်များတွင်ွှTOW 2တင့်ဖျက်ပဲ့ထိန်း ဒုံးစီးရီးများကို တပ်ဆင်ပေး၍ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။ ၎င်းသည် ၃ကီလို မီတာအကွာအဝေးအပြင်ဘက်အထိ ပစ်ခတ်ချေမှုန်းနိုင်ပါသည်။

၂၀၁၁ခုနှစ်၊ နိုဝင်ဘာလတွင် အမှတ်(၂)သံချပ်ကာကင်းထောက်တပ်ရင်းကြီး၏ လက်တွေ့ပစ်ခတ်မှုလေ့ကျင့် ခန်းတစ်ခုအား ပြုလုပ်ခဲ့ပြီး ၎င်းင်းသည် ၃နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ပူးပေါင်းလက်တွေ့ပစ်ခတ်မှု လေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် အဆိုပါတပ်ရင်းကြီးသည် ဂျာမန်ကြည်းတပ်၏ အမှတ်(၁၀၄)ပန်ဇာ တပ်ရင်းမှLeopard 2တင့်များနှင့် တွဲဘက်၍လည်း လေ့ကျင့်မှုများကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ၎င်းတို့အနေဖြင့် ဂျာမန်ကြည်းတပ်နှင့်သာမက တူရကီကြည်းတပ်တို့နှင့်ပါ လေ့ကျင့်မှုများကို ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ဂျာမဏီနိုင်ငံ Grafenwohr ရှိ အမေရိကန်ကြည်းတပ်၏ နိုင်ငံစုံပူးပေါင်းလေ့ကျင့်ရေးဗဟိုဌာနချုပ်အနီးရှိ စစ်ရေးလေ့ကျင့်ကွင်းတွင် စစ်ရေးလေ့ကျင့်မှုများကို ပုံမှန်ဆောင်ရွက်လျှက်ရှိပါသည်။Saber တပ်ဖွဲ့သည် ယခုနှစ် ဇန်န၀ါရီလတွင် ဒီဂျစ်တယ်စနစ်ဖြင့် အမြောက်ပစ်လေ့ကျင့်ခန်းနှင့် မတ်လတွင် တပ်စုအဆင့်လက်တွေ့ပစ်ခတ်စဉ် လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ပါသည်။ Weiden ပြည်နယ်တွင်လည်း တပ်စုအဆင့်လေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ပြီး မေလနှင့် ဇွန်လများတွင်ံHohenfels ပြည်နယ်တွင် တပ်စုအဆင့်လေ့ကျင့်ခန်းနှင့် Grafenwohr ၌ လက်တွေ့ ပစ်ခတ်စဉ်လေ့ကျင့်ခန်းများကို ဆက်လက်ပြုလုပ်ရန်လည်း စီစဉ်ထားပါသည်။

ထို့အပြင် ဇူလိုင်လတွင်Hohenfels၌ တပ်ခွဲအဆင့်ကင်းထောက်ခြင်းလေ့ကျင့်ခန်းများကို ပြုလုပ်သွားမည် ဖြစ်သလို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင်လည်း အမှတ်(၂)သံချပ်ကာကင်းထောက်တပ်ရင်းကြီး၏ အင်အားပြည့်စစ်ရေးလေ့ကျင့်ခန်းတစ်ခုကိုလည်း ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။




ကျွန်တော်တို့အနေဖြင့် အီရတ်နှင့် အာဖဂန်နစ္စတန်စစ်ဆင်ရေးများအတွင်း အားနည်းချက်များကို အလေးထား ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါစစ်ဆင်ရေးများတွင် တပ်သားသစ်များမှာ အမြောက်ပစ်ခတ်စဉ် လေ့ကျင့်ခန်းများကို အပြည့်အ၀မလေ့ကျင့်နိုင်ခဲ့သည်မှာ သိသာထင်ရှားခဲ့ကြောင်း၊ ကျွန်ုပ်တို့အနေဖြင့် ခေတ်သစ် သောင်းကျန်းသူတန်ပြန်ချေမှုန်ရေးစစ်ဆင်ရေးအတွက် အလေးထားပြင်ဆင်လေ့ကျင့်လျက်ရှိကြောင်း ဗိုလ်မှူး Roehrmanက ပြောကြားခဲ့ပါသည်။

တန်ပြန်သောင်းကျန်းသူနှိမ်နှင်းရေးစစ်ဆင်ရေးတွင် အနာဂတ်တိုက်ခိုက်မှုပုံစံများကိုသာ အာရုံစိုက်၍မရပဲ စစ်ဆင်ရေးအတွင်း ဆုံးရှုံးမှုများမဖြစ်ပွားစေရန်အတွက် လတ်တလောကာလ စစ်ဆင်ရေးများမှရရှိခဲ့သည့် သင်ခန်းစာ များကိုလည်း ထည့်သွင်း၍ စစ်သည်များ၏တစ်ဦးချင်းအရည်အချင်းများကို မြှင့်တင်လေ့ကျင့်ပေးသွားရမည်ဖြစ် ကြောင်း ဗိုလ်မှူးRoehrman က ပြောကြားခဲ့ပါသည်။ ထို့အပြင် တိုက်ယာဉ်များ၏စွမ်းဆောင်ရည်များကိုလည်း အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ အီရတ်နှင့် အာဖဂန်နစ္စတန်စစ်မြေပြင်အတွင်း ရရှိခဲ့သော သင်ခန်းစာများအပေါ် မူတည်၍လည်း တိုက်ယာဉ်များ၏ ၀န်တင်နိုင်စွမ်း၊ စစ်ကစားနိုင်စွမ်းနှင့် လှုပ်ရှားနိုင်စွမ်းတို့ကိုလည်း ခွဲခြားသတ်မှတ် သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

(Jane's IDR)


No comments:

Post a Comment