၁၉၇၃ ခုနှစ်အတွင်း ဗီယက်နမ်စစ်မြေပြင်သို့ အမေရိကန်မြေပြင်တပ်ဖွဲ့များတိုက်ခိုက်ပါဝင်ခဲ့ချိန်တွင် စစ်သည်အချို့သည် ၎င်းင်းတို့၏ပြည်သူများကိုပင် ဂရုမစိုက်ဘဲ ပြည်တော်ပြန်ခဲ့ကြသည်။ စစ်မှုမထမ်းမနေရဥပဒေ ဖြင့်စစ်အတွင်းသို့ဝင်ရောက်ခဲ့ရသည့် အမေရိကန်စစ်သည်များစွာကလည်း စစ်ပွဲအတွင်း ၎င်းင်းတို့ပါဝင်တိုက်ခိုက် ရခြင်းကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ယင်းအချိန်တွင် အမေရိကန်တပ်မတော်အား ပြည်သူလူထု၏ယုံကြည်မှုမှာ အောက်ဆုံးအခြေအနေသို့ရောက်ရှိခဲ့ရပြီး ဗီယက်နမ်စစ်ပွဲအတွင်း ပါဝင်ပတ်သက်ရန်ဆုံးဖြတ်ခဲ့သည့် စစ်ဘက်နှင့် အရပ်ဘက်မှ မူဝါဒချမှတ်သူများကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ထိုခေတ်ကာလ အမေရိကန်တပ်မတော်တွင်း စစ်သည်များမှာ လူမျိုးစုကွဲပြားကြခြင်း၊ မူးယစ်ဆေးဝါးများသုံးစွဲကြခြင်းနှင့် ခေါင်းဆောင်မှုညံ့ဖျင်းမှုများကြောင့် စစ်ပွဲပြီးဆုံးသည့် ကာလတိုင်အောင် အမေရိကန်တပ်မတော်သည် အကြပ်အတည်းများစွာကို ကြုံတွေ့ခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် အကြီးမားဆုံးပြောင်းလဲမှုများအဖြစ် အမေရိကန်တပ်မတော်သည် စစ်မှုမထမ်းမနေရစနစ်ကို ပြန်လည်ဖျက်သိမ်းကာ အမြဲတမ်းတပ်မတော်တစ်ရပ်အဖြစ် အသွင်ပြောင်းတည်ဆောက်ရန်နှင့် လေ့ကျင့်ရေး စနစ်များ၊ လက်နက်စနစ်များနှင့် စစ်ဆင်ရေးမူဝါဒများကို အဆင့်မြှင့်တင်ပြောင်းလဲရန်လိုအပ်နေကြောင်း သဘော ပေါက်ခဲ့ကြသည်။
ကြည်းတပ်ဗိုလ်ချုပ်ကြီးWilliam Westmoreland က အကြပ်အတည်းများကြုံတွေ့ခဲ့ရသော ဗီယက်နမ် ခေတ်တပ်မတော်အား ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် စတင်ဦးဆောင်ခဲ့ပါသည်။ သူ၏ပြုပြင်ပြောင်းလဲမှုများတွင် စစ်မှုထမ်းများ၏သက်ဆိုင်ရာလုပ်ငန်းတာဝန်များကို ကျွမ်းကျင်မှုရှိစေရန်အဓိကထားခဲ့ပြီး တစ်ဦးချင်းနှင့် အဖွဲ့အစည်းအလိုက်လေ့ကျင့်ရေးနှင့်ပညာရေးပိုင်းဆိုင်ရာတို့ကို အဆင့်မြှင့်တင်ရန်အလေးထားခဲ့သည်။ အမေရိကန်တပ်မတော်သည် စစ်မှုထမ်းများ၏သက်ဆိုင်ရာလုပ်ငန်းများအလိုက် ကျွမ်းကျင်မှုရှိရေးကိုသာ အလေး ပေး၍ အဆင့်မြှင့်တင်ရန် အပြင်းအထန်ဆောင်ရွက်ခဲ့မှုများကြောင့် နောင် နှစ်ပေါင်း ၂၀ ကျော်အကြာ ၁၉၉၀ ပြည့်လွန်နှစ်များကာလတွင် တိုင်းပြည်အတွင်း လေးစားယုံကြည်မှုအခံရဆုံးအဖွဲ့အစည်းအဖြစ်သို့ပြန်လည် ရောက်ရှိလာခဲ့သည်။ အမေရိကန်တပ်မတော်အနေဖြင့် စစ်မှုထမ်းများအတွင်း ယုံကြည်မှုတည်ဆောက်ရာတွင် တပ်မတော်နှင့် အမေရိကန်ပြည်သူများအကြား အပြန်အလှန်ယုံကြည်မှုရှိရေး၊ တပ်မတော်အတွင်း စစ်သည်များ နှင့်ခေါင်းဆောင်များ အကြားအပြန်အလှန်ယုံကြည်မှုရှိစေရေးစသည့်အခြေခံမူများကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ကျွန်ုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်နှင့် ၎င်းင်းနောက်ပိုင်းကာလအတွင်း အမေရိကန်တပ်မတော်၏ အနာဂတ်စစ်မှုထမ်း ဘ၀ကို မျှော်မှန်းကြည့်ရာတွင် လက်ရှိကျွန်ုပ်တို့၏စစ်မှုထမ်းဘ၀အတွင်း အချင်းချင်းယုံကြည်ကိုးစားမှုနှင့် ပတ်သက်၍ မဖြစ်အနေဝေဖန် ဆန်းစစ်ဖို့ လိုအပ်လာပြီဟု ယူဆမိသည်။ ၁၂ နှစ်ကျော်မျှ ဖြစ်ပွားခဲ့သောစစ်ပွဲအပြီး (အီရတ်နှင့် အာဖဂန်နစ္စတန်စစ်ပွဲများကိုဆိုလိုဟန်ရှိသည်)တွင် စစ်မှုထမ်းဘ၀အတွင်းယုံကြည်မှုတည် ဆောက်ရေးရည်မှန်းချက်မှာ ခက်ခဲမှုရှိနိုင်သည်ကို လက်ခံသော်လည်း ထိုအချက်ကပင် တပ်မတော်၏အင်အား ကို ယုတ်လျော့စေသဖြင့် ကျွန်ုပ်တို့အနေဖြင့်လျစ်လျူရှုမထားသင့်ပေ။
များစွာသောတပ်မတော်ခေါင်းဆောင်များအနေဖြင့်လည်း တပ်မတော်စစ်မှုထမ်းများနှင့်ပတ်သက်၍ ပြန်လည်အလေးထားတည်ဆောက်ရန်လိုအပ်နေမှုကို သဘောပေါက်ပြီးသားဖြစ်ကြသည်။ တပ်မတော်စစ်မှုထမ်း များနှင့်ပတ်သက်သော ဆွေးနွေးမှုများကို ၂၀၁၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးMartin Dempsey ကProfession of Arms Campaign ခေါင်းစဉ်ဖြင့်စတင်ပြုလုပ်ခဲ့သည်။ အီရတ်စစ်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်ပြီး အာဖဂန်နစ္စတန်စစ်ပွဲ မှာလည်း မကြာခင်အဆုံးသတ်နိုင်ဖွယ်ရှိ၍ လက်ရှိအချိန်၌ ကျွန်ုပ်တို့၏စစ်မှုထမ်းဘ၀နှင့်ပတ်သက်၍ ကြုံတွေ့ လာနိုင်သည့် ပြဿနာများကိုအချိန်မနှောင်းခင်ပြန်လည်ဖြေရှင်းရန် အချိန်ကျပြီဖြစ်သည်။ တစ်နည်းဆိုရသော် ကျွန်ုပ်တို့စစ်မှုထမ်းဘ၀အတွက် အခြေခံအကျဆုံးဖြစ်သော အချင်းချင်းယုံကြည်ကိုးစားမှုအတွက် ပြင်ဆင်ပြောင်း လဲမှုများပြုလုပ်ရန် အချိန်ကောင်းပင်ဖြစ်သည်။
ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးRaymond Odierno က ယုံကြည်ကိုးစားမှုအားတပ်မတော်စစ်မှုထမ်း ဘ၀အတွက် မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းတစ်ရပ်အဖြစ်ညွှန်းဆိုပါသည်။ တပ်မတော်မူဝါဒရေးရာဌာနကမူ ယုံကြည်ကိုးစားမှုဆိုသည်မှာ စစ်သည်အချင်းချင်းတစ်ဦးတစ်ယောက်၏ ထူးခြားသောစွမ်းဆောင်ရည်၊ အရည် အချင်းနှင့်အင်အားတို့ကို ယုံကြည်အားကိုးမှုဟု အဓိပ္ပါယ်ဖွဲ့ဆိုထားပါသည်။ ကျွန်ုပ်တို့၏ စစ်မှုထမ်ဘ၀အား သက်ရောက်မှုရှိစေသောယုံကြည်ကိုးစားမှုတွင် စစ်သည်အချင်းချင်းယုံကြည်ကိုးစားမှု၊ စစ်သည်နှင့် ခေါင်းဆောင် များအကြား ယုံကြည်ကိုးစားမှုနှင့် တပ်မတော်နှင့်ပြည်သူအကြားယုံကြည်ကိုးစားမှုတို့ပါဝင်ကြသည်။
ယုံကြည်မှုဆိုသည်ကို ယူနီဖောင်းဝတ်ဆင်ပေးရုံနှင့်အလွယ်တကူ တည်ဆောက်၍မရဘဲ ကျွန်ုပ်တို့၏စစ်မှုထမ်း တလျောက် အတွေ့အကြုံများနှင့်ကျွန်ုပ်တို့ပြသခဲ့သော ရဲစွမ်းသတ္တိကို ပြည်သူလူထုက တန်ဖိုးထားယုံကြည်လာမှု တို့အပေါ်တွင်လည်း မူတည်သည်။ ကျွန်ုပ်တို့၏စစ်မှုထမ်းဘ၀တွင် အချင်းချင်းယုံကြည်အားကိုးမှုကို အလေးမ ထားခဲ့သည့်အခြေအနေများကိုလည်း ကြုံတွေ့ခဲ့ရသည်။ သမိုင်းကြောင်းကိုပြန်ကြည့်ပါက ထိုကဲ့သို့အလေးထား ဆောင်ရွက်ခဲ့ခြင်းမရှိသော အချိန်များတွင် ပြဿနာများကို ကြုံတွေ့ခဲ့ရသည်။ ကျွန်ုပ်တို့အနေဖြင့် ယင်းကာလများကို ပြန်သွားလိုခြင်းမရှိတော့ဘဲ လက်ရှိအချိန်တွင် အမေရိကန်တပ်မတော် အနေဖြင့်ယုံကြည်မှု အား တည်ဆောက်ရန်အရေး တကြီးလိုအပ်နေသည်ဟု တွေးထင်မိပါသည်။ ပရော်ဖက်ရှင် နယ်ပီသသော စစ်မှုထမ်းဘ၀အတွက် ကျွန်ုပ်တို့အနေဖြင့် တပ်တွင်း၊ တပ်ပြင်ယုံကြည်မှုအမြင့်မားဆုံးဖြစ်အောင် ရည်မှန်းချက် ထားဆောင်ရွက်သင့်ပြီး ယုံကြည်မှုအားထိခိုက်စေမည့် မည်သည့်ကိစ္စများကိုမဆို ရှောင်ကျဉ်သင့်ပါသည်။
စစ်သည်နှင့်ခေါင်းဆောင်ပိုင်းအကြား ယုံကြည်မှုတည်ဆောက်နိုင်ခြင်းမရှိပါက တပ်မတော်၏စွမ်းဆောင် ရည်ကို ထိခိုက်မှုရှိစေမည်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးRobert Cone က ““အကယ်၍ ကျွန်ုပ်တို့ခေါင်းဆောင်ပိုင်းကို လက်အောက်ငယ်သားများက ယုံကြည်မှုပျောက်ဆုံးခဲ့သည်ရှိသော် ကျွန်ုပ်တို့အနေနဲ့ ကောင်းစွာဦးဆောင်နိုင်စွမ်း ရရှိတော့မည်မဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ဟု”” ရေးသားခဲ့သည်။ စစ်သည်များက ခေါင်းဆောင်များအပေါ်ယုံကြည်မှုပျောက်ဆုံးရခြင်း၏အဓိကအကြောင်းအရာ မှာ အတ္တလွန်ကဲသောအတင်းအကြပ်အမိန့်ပေးစေခိုင်းမှုများကြောင့်ဖြစ်သည်။ စစ်သည်များအား ခြိမ်းခြောက် အပြစ်ပေးခြင်းတစ်ခုတည်းဖြစ်သာ ဦးဆောင်ပါက အကျိုးဆက်အားဖြင့် အမိန့်မနာခံမှုများဖြစ်ပေါ်လာ နိုင်ပါသည်။
စစ်သည်များအနေဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအန္တရာယ်ကြီးမားသော အမိန့်တစ်ခုဟုယူဆရပါက မည်ကဲ့သို့ ကောင်းမွန်စွာလုပ်ဆောင်ရမည်ဆိုသည်ထက် ထိုအမိန့်အတိုင်းလိုက်နာဆောင်ရွက်ပါက ဒဏ်ရာရရှိမည် သို့မဟုတ် အသက်ဆုံးရှုံးရမည်ဟုသာ တွေးနေကြမည်ဖြစ်သည်။ အကယ်၍စစ်သည်များအနေဖြင့် ခေါင်းဆောင်ပိုင်းအပေါ် ခိုင်မာသောယုံကြည်မှုရှိပါက သူတို့ရင်ဆိုင်ကြုံတွေ့ရမည့်အန္တရာယ်များကိုပင် အမှုမထားဘဲရည်မှန်းချက်
အောင်မြင်အောင် ဆောင်ရွက်ကြမည်ဖြစ်သည်။ ၎င်းင်းတို့အနေဖြင့် ယင်းတို့၏ ခေါင်းဆောင်များသည် အရည်အချင်းပြည့်ဝပြီး ဆောင်ရွက်ရမည့်ရည်မှန်းချက်တာဝန်သည်လည်း မရှိမဖြစ်အရေး ပါကာ နောက်လိုက်စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးဖြစ်အောင်ဦးဆောင်နိုင်မည်ဟု ယုံကြည်မှု ရှိနေရမည်ဖြစ်သည်။
အောင်မြင်အောင် ဆောင်ရွက်ကြမည်ဖြစ်သည်။ ၎င်းင်းတို့အနေဖြင့် ယင်းတို့၏ ခေါင်းဆောင်များသည် အရည်အချင်းပြည့်ဝပြီး ဆောင်ရွက်ရမည့်ရည်မှန်းချက်တာဝန်သည်လည်း မရှိမဖြစ်အရေး ပါကာ နောက်လိုက်စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးဖြစ်အောင်ဦးဆောင်နိုင်မည်ဟု ယုံကြည်မှု ရှိနေရမည်ဖြစ်သည်။
တပ်မတော်နှင့်အမေရိကန်ပြည်သူများအကြား ယုံကြည်မှုမရှိခြင်းက ပို၍ပင်အန္တရာယ်ကြီးမားသည်။ မိမိဆန္ဒဖြင့်ဝင်ရောက်လာသည့် အမြဲတမ်းတပ်ဖွဲ့ဝင်များနှင့်ဖွဲ့စည်းထား သောစွမ်းရည်ပြည့်တပ်မတော်တစ်ရပ် အဖြစ်ဆက်လက်ရပ်တည်နိုင်ရေးအတွက် အမေရိကန်ပြည်သူများက နိုင်ငံတော်ကာကွယ်ရေးအတွက် မိမိတို့တွင်လည်းတာဝန်ရှိသည်ဟု ခံယူကာတပ်မတော်အပေါ်ယုံကြည်မှုရှိစွာ ၀င်ရောက်လာရန်လိုအပ်သည်။ထိုသို့မဟုတ်ပါက ယခင်ပြဿနာများကြုံတွေ့ခဲ့ရသော စစ်မှုမထမ်းမနေရစနစ်သို့ ပြန်သွားရမည်ဖြစ်သည်။ ထို့အပြင် ရန်သူအား တိုက်ခိုက်အနိုင်ယူရန်အတွက် အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်ရေးစွမ်းဆောင်ရည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်မှာ သမ္မတနှင့်ကွန်ဂရက်လွှတ်တော်အပိုင်းကလည်း ကျွန်ုပ်တို့၏ကျင့်ဝတ်ပိုင်း ဆိုင်ရာနှင့် စွမ်းဆောင်တို့ကိုယုံကြည်မှုရှိပြီး လိုအပ်သောလုပ်ပိုင်ခွင့်များနှင့် အရင်းအမြစ်များကို ဖြည့်ဆည်း
ပေးနိုင်ရန်လိုအပ်သည်။
ပေးနိုင်ရန်လိုအပ်သည်။
အကယ်၍တပ်မတော်အနေဖြင့် ပြည်သူလူထု၏ယုံကြည်မှုအားဆုံးရှုံးခဲ့ပါက ကျွန်ုပ်တို့ အနေဖြင့် နိုင်ငံ့ခေါင်းဆောင်များ၏ ပံ့ပိုးမှုများကိုလည်း ဆုံးရှုံးရမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သစ္စာ ဆိုထားခဲ့သောနိုင်ငံတော်နှင့်အခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်ရန်ဟူသော ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်ရာတွင် အခက်အခဲများတွေ့လာမည် ဖြစ်သည်။ အမေရိကန်တပ်မတော်အနေဖြင့် တပ်မတော်၏ အခြေခံအကျဆုံးဖြစ်သော ယုံကြည်ကိုးစားမှုအား စနစ်တကျအလေးထား တည်ဆောက်ရန် အချိန်ကျပြီဖြစ် ကြောင်း ဖော်ပြအပ်ပါသည်။
(Military Review Sept-Oct 2013)

No comments:
Post a Comment